Wednesday, April 29, 2020
ကာလာမ သုတ်
ဆရာတော် ဦးဇောတိက ရဲ့ ဘာကိုတန်ဖိုးထားရ မလဲ စာအုပ်ထဲက ကာလမ သုတ် ကို ဝေမျှလိုက် ပါတယ်။
ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိ ရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။
အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေ သွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။
အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက် နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသား တစ်ယောက် အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။
အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ် ကိုယ်တိုင် က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့် အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။
ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှန်တယ်လို့ သိလိုက်တဲ့ အချိန်ကျမှ သာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။
ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ် ဆိုတာကို သွားသတိရတယ်။
ကာလာမသုတ်မှာ မြတ်စွာ ဘုရားက .....
"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။
"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူ အဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။
Thursday, April 23, 2020
အမေ
ချွေးမ လုပ်တဲ့သူက ......
"ပေါ့တော့လဲ အရသာ မရှိဘူး၊ ငံတော့လဲ မြိုမကျဘူးနဲ့ အမေက ဘာဖြစ်ချင်တာလဲ .... ?"
အမေက သူ့သားပြန်လာတာ မြင်တော့ ဘာမှ မပြောတော့ပဲ ထမင်းဟင်းကို ပါးစပ်ထဲ သွတ်ထည့် လိုက် တယ်။ သူမ သူ့ကို မျက်စောင်းထိုးပြီး တချက်ကြည့်လိုက်တယ်။
သားဖြစ်သူက တစ်လုပ်လောက် မြည်းကြည့်လိုက်တယ်။ ချက်ချင်း ပြန်ထွေးထုတ် လိုက်ပြီး ..
"ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့ မရဘူး ဆိုတာကို"
"ကောင်းပြီလေ၊ ဒါ ရှင့် အမေပဲ၊ နောက်ကျရင် ရှင်ပဲ ချက်တော့"
ချွေးမက ပြောပြီးတာ့ ဆောင့်အောင့်ပြီး အခန်းထဲ ဝင်သွားတယ်။
သားက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်တယ်...
"အမေ မစားနဲ့တော့၊ သား ခေါက်ဆွဲ ချက်ကျွေးမယ်"
"သား မင်း အမေ့ကို ပြောစရာ ရှိတယ်မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊
စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့"
" အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊
မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ် ပြောတယ်။ ဒါကြောင့်…"
“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။
သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။
“အမေ လူအိုရုံကလဲ မကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့အတိုင်း မိန်းမ အလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်း ပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာက ကျွေးမဲ့သူ ပြုစုမဲ့သူ အဆင်သင့်
ရှိပြီးသားပဲ။ အိမ်မှာထက်တောင် ပိုအဆင်ပြေသေးတယ် မဟုတ်ဘူးလား......?”
“…….....”
ရေမိုး ချိုးပြီး ခေါက်ဆွဲထုတ်ကိုပဲ ကမန်းကတန်း ပြုတ်စားလိုက်တယ်။ သူ အခန်းထဲ ဝင် သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုပဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ်စဉ် အခါက ပင်ပန်းခဲ့တာတွေကို အကြောင်း ပြပြီး မိခင်ကို လုပ်ကျွေးစောင့် ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။
အမေ့ကို လူအိုရုံ တစ်ကယ် ပို့ရမှာလား .. ? သူ့ကိုယ်သူ ပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။
“မင်းရဲ့နောက်ပိုင်းဘဝကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်းအမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင် အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်း ကောင်းကောင်း ပြုစုပါလား? သစ်ပင် သည် ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေး ချင်သော်လည်း မိဘ က မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တစ်ချို့ဆွေမျိုးတွေကတော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။
Wednesday, April 22, 2020
ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ
ခရစ်ယောဝါဒ ပုစ္ဆာ ကျမ်းထဲက ဧဝံဂေလိ ပုစ္ဆာ မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ဗုဒ္ဓ အလိုအရ လူ သတ္တဝါ တို့၏ အစသည် မထင်ရှားတာကို ယခင် Post မှာ ပြဆိုထားပြီးပါပြီ ။
လူ သတ္တဝါ နဲ့ ကမ္ဘာ တို့တွင် ဗုဒ္ဓ အလိုအရ အစမရှိ အစမထင်ဟု ဆိုသော်လည်း ဘာသာခြားတို့၌မူ
အစရှိ၏ ဟူသောအယူကို ယူကြကုန်၏။
အကယ်၍
တစ်ပါးသော ဘာသာတို့၌ ကမ္ဘာ သည် အစရှိသည် လူ သတ္တဝါ တို့သည် အစရှိသည် ။
ထို အစရှိသည် ဟု ယူသောကြောင့် သတ္တဝါ ဖြစ်ပေါ်နိုင်ရန် အကြောင်း ကမ္ဘာ ဖြစ်ပေါ်နိုင်ရန် အကြောင်း သည်လို၏။
ဆိုလိုသည်မှာ....
လူ၏ အစသည်ရှိ၍ လူ သတ္တဝါတို့ ဖြစ်ခဲ့သည်ရှိသော် လူ သတ္တဝါတို့ ဖြစ်ရခြင်း အကြောင်း သည်
ရှိရ မည်သာတည်း ။ ထိုနည်းအတူ ကမ္ဘာဖြစ်ခြင်း အစသည်ရှိသော် ကမ္ဘာဖြစ်ခြင်း အကြောင်း ရှိရမည်သာတည်း ။
လူ သတ္တဝါ ကမ္ဘာ မိုးမြေ တို့ စတင်ဖြစ်ပေါ်လာသည်ကိုသာ ယူ၍ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သည် ကို မသိလေသောကြောင့် ကမ္ဘာကို၎င်း သတ္တဝါ မိုးမြေ တို့ကို၎င်း ဖန်ဆင်းသူ ရှိသည်ဟု အခိုင် အမြဲ ယူကြ၏။ ထိုအယူကို ဗုဒ္ဓဘာသာ၌ ဝိသမဟေတုဒိဌိ အယူ ဟူ၍၎င်း ဣသရနိမ္မာနဒိဌိ ဟူ၍၎င်း ကျမ်းဂန်တို့၌ ဆိုလေ၏။
* ဝိသမဟေတုဒိဌိ ဆိုသည်ကား ....
ကမ္ဘာဖြစ်ပေါ်ရန် လူ နှင့် သတ္တဝါတိြု့ ဖစ်ပေါ်ရန် ဟုတ်မှန်သော အကြောင်းကို လွှတ်၍ ( ရှာမရ၍/ မသိ၍ ဟုမှတ်ပါ ) မဟုတ် မမှန်သော အကြောင်းကို ယူခြင်းဖြစ်ပေသည်။
* ဣသရနိမ္မာနဒိဌိ ဆိုသည်ကား ....
ဤ ကမ္ဘာကို အစိုးရသော ကမ္ဘာ့ သခင်ကြီးသည် ရှိ၏ ။ ထိုသခင်ကြီးသည် ကမ္ဘာကို၎င်း သတ္တဝါကို၎င်း ဖန်ဆင်းသည် ဟု ယူခြင်းဖြစ်ပေသည်။
ဤကား ကမ္ဘာ အစ ရှိ၏ သတ္တဝါ အစရှိ၏ ဟု ယူသည့် အတွက် ဖြစ်ပွားသွားပုံတည်း။ တစ်ဖန် ထို ကမ္ဘာ ဖန်ဆင်းသော သခင်ကြီးသည် အစရှိသလော ဟု မေးရန်ရှိ၏၊ အစရှိသည်ဟု ဆိုသော် ထိုသခင်ကြီး ကို သူ၏ အရင်က ဖန်ဆင်းသူ ပေါ်ရ လိမ့်မည်ဖြစ်၏။
Monday, March 16, 2020
ခြေဗလာ နဲ့ လမ်းလျှောက်ခြင်း
ပထဝီဓာတ်ယူပါ။ မြေကြီးဓာတ်ယူပါလို့ ပြောတာကို ကြားဖူးကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြေကြီးဓာတ် ပြည့်ဝစေဖို့အတွက် လုပ်ဆောင်နိုင်မယ့် အရိုးစင်းဆုံး ...နည်းလမ်းကတော့ ခြေဗလာနဲ့ လမ်းလျှောက် တာပဲ ဖြစ်ပါတယ်။
ခြေထောက်ကို မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့ပြီး လျှောက်ပေးတာက ခန္ဓာကိုယ်ကို ကမ္ဘာမြေဆီကနေ
Negative electrons တွေကို စုပ်ယူနိုင်စေသလို ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းက Bioelectrical ဝန်းကျင်ကိုလည်း ဟန်ချက်ညီအောင် လုပ်ဆောင်ပေးပါတယ်။
တိုးတက်လာတဲ့ လူနေမှုဘဝ ပုံစံကြောင့် ကျွန်မတို့ဟာ မိခင် ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကို တော်တော် လေး ကို ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့ တိုက်ရိုက်ထိတွေ့မှုကို ခံစား ကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ အသေအချာပါပဲ။
ခြေဗလာနဲ့ လမ်းလျှောက်တာက ခြေထောက်ကို သဘာဝအတိုင်း လှုပ်ရှားနိုင်ခွင့် ရရှိစေတာကြောင့်
ခြေချင်းဝတ်နဲ့ ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကို ချည့်နဲ့စေပြီး
ခြေဖဝါးတွေကို အားနည်းစေပါတယ်။
ခြေချင်းဝတ်နဲ့ ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကို ချည့်နဲ့စေပြီး
ခြေဖဝါးတွေကို အားနည်းစေပါတယ်။
ခြေချင်းဝတ်တွေနဲ့ ခြေဖဝါးတွေက ကြွက်သားတွေကို မြေကြီးနဲ့ မှန်မှန်ထိတွေ့စေမယ်ဆိုရင် ခြေထောက် နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ကို ပိုမို ဟန်ချက် ညီလာစေပြီး
ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာ ရရှိမှုတွေကနေလည်း ပိုမိုခံနိုင်ရည် ရှိစေပါတယ်။
Saturday, November 30, 2019
ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက်

ကား ၀ပ် ရှော့ ဆ ရာ တွေ ပြော ပြ ထား တဲ့ သင့် ကား ကို ဘယ် တော့ မှ မ လုပ် သင့် တဲ့ အ ချက် ( ၁၀ ) ချက် ။
ယနေ့ခေတ် ကားတွေဟာ လုံခြုံစိတ်ချရတဲ့ စွမ်းဆောင်ရည် တွေရှိနေပါပြီ ။ ပြီးတော့ ကွန်ပြူတာ တွေကလည်း အားလုံးကိုချောမွတ်အောင် သွားစေနိုင်ဖို့၊ လွဲမှားနေတဲ့ အမိန်ပေးမှုတွေကနေ ဖြစ်စေတဲ့ ကားပိတ်ခြင်းတွေ ၊ကားမောင်းသူတွေကို ဘာတွေဖြစ်လာမယ်ဆိုတဲ့ ငြင်းဆိုနိုင် စွမ်းတွေက ကောင်းတာတွေဖြစ်လာစေဖို့အတွက် ဦးတည်နေပါတယ် ။
၁။ အင်ဂျင်ကို ကားမောင်းနေရင် မပိတ်ပါနဲ့
အကယ်၍ သင်ဟာ အမြန်ဆုံး အလျင်နဲ့မောင်နေရင်းနဲ့ မတော်တစ်ဆ အင်ဂျင်ပိတ်မိသွားတယ် ဆိုရင်တော့ ဘာမှတော့ မကောင်းတာဖြစ်လာမှာ မဟုတ်ပါဘူး၊ ယနေ့ခေတ်ကားတွေက ထိုကဲ့ သို့ အခြေအနေတွေအတွက် ဘေးကင်းစေမယ့်နည်းလမ်းတွေ ထည့်သွင်းပေးထားတဲ့ အတွက် ကြောင့်ပါ၊ ဘယ်လိုပဲဖြစ်နေပါစေ မပိတ်တာဟာ အကောင်းဆုံးပါပဲ ။
၂။ မောင်းနေရင်း ကားနောက်ပြန်ဆုတ် ဂီယာ မထိုးပါနဲ့
ကားမောင်းနေရင်းနဲ့ နောက်ပြန်ဆုတ်တဲ့ ဂီယာကို ပြောင်းလိုက်တာဟာ သင့်ကား ကွန်ပြူတာ ကတော့ တုံပြန်မှုပေးမှာ မဟုတ်တော့ ဘာမှဖြစ်စေမှာ မဟုတ်ပေမယ့် မကောင်းတဲ့ အတွေး ဖြစ်ပါတယ် ။
၃။ မောင်းနေရင်း ရပ်နားခြင်း ဂီယာမထိုးပါနဲ့
မစမ်းကြည့်ပါနဲ့၊ သင့်ကား ကွန်ပြူတာဟာ လုံခြုံစေဖို့အတွက် အမိန်ပေးမှုကို ငြင်းဆန်မှာဖြစ် ပါ တယ် ။ ကွဲလွဲတဲ့ အမိန်တွေဟာ သင့်ကားကို ထိခိုက်မှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
၎။ စက်နှိုးသော့ကို သော့တံတွေ အများကြီးနဲ့ တွဲမထားပါနဲ့
သော့တွေ အများကြီး တွဲထားတာက စက်နှိုးသော့ရဲ့ အလေးချိန်ကို တိုးစေပြီး သော့တပ်တဲ့ အပေါက် ကို ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ကားသော့မှာ သော့နှစ်ချောင်းတွဲလောက် ပဲ ထားပါ ။
၅။ ဆီပြောင်းပါ
ထုတ်လုပ်သူတွေညွန်ကြားထားတဲ့ ဆီဘယ်လိုပြောင်းရမလဲ ဆိုတာကို လိုက်နာပါ ။အကြောင်း ရှိပါ တယ် ။. များသောအားဖြင့် ကားသစ်တွေဟာ စက်ရုံက မထုတ်မီ ပါးလွှာတဲ့ဆီကို သုံးပါ တယ် ။ ဒါကြောင့် ၁၀၀၀ ကီလိုမီတာမောင်းပြီးရင်တော့ ဆီပြောင်းပါ ။

ဇော်ဂျီဖောင့် တီထွင်သူ ဦးရဲမြတ်သူ Digital Courage ဆုရရှိ
Friedrich Nauman Foundation က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Digital Courage Award ဆုကို မြန်မာစာဇော်ဂျီဖောင့် ကို ပထမဆုံး တီထွင်ခဲ့တဲ့ ဦးရဲမြတ်သူ က ရရှိပါတယ် ။
ဒစ်ဂျစ်တယ်ခေတ်မှာ လွတ်လပ်မှုအတွက် တိုက်ပွဲ ဝင်ကြ သူတွေကို ရည်ရွယ်ပြီး ပေးအပ်တဲ့ Digital Courage Award ပေးအပ်တဲ့ အခမ်းအနားကို နိုဝင်ဘာ ၂၇ရက်က Park Royal Hotel မှာကျင်းပ ခဲ့တာပါ။
Sunday, November 10, 2019
ရွှေ ၀ယ်ချင်သူများအတွက် ဗဟုသုတ
ကျုပ်တော့ ရွှေမပြောနဲ့ အရက်တောင်ရွှေတံဆိပ်မသောက်နိုင်ဘူး ရွှေဝယ်မဲ့ သူတွေ ဖတ်ပေါ့။
ညနေက ရွှေဆိုင်တစ်ဆိုင် (အမည်မပြောလိုပါ) ခဏဝင်လိုက်တယ်။ ရွှေထည် ပစ္စည်း သဘော ကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက် လက်ခ ပေါင်းပြီးသား အပြင် သုံးသောင်းကျော် လောက် ပိုနေတယ်။
{( ဥပမာဆိုပါတော့ဗျာ ... ရွှေက ရှစ်သိန်းဈေး
ပစ္စည်းအလေးချိန်က ငါးရွေးတစ်စိတ်
အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ်
စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ))}
ဒါဆိုရင် .. ရှစ်သိန်းဈေးနဲ့တစ်ပဲသား ကို တွက်တဲ့ အခါ ၅၀၀၀၀ိ/ ပဲကျတယ်။ ဒါပေမယ့် အဲဒီ ဆိုင်က ရှစ်သောင်းကျော်ကျော်တောင်းတယ်။ သုံးသောင်း ပိုနေလို့ မေးတော့ ဘာမှ မပြော တတ်ဘူး။
ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ ဘာကြောင့်ကွာ တာလဲ မေးတာ။
ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့ လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။ စနစ်တစ်ကျ မတွက် တတ်ကြဘူးဆိုတာရယ်…ရွှေချိန် အကြောင်းသေချာ နားမလည်ဘူးဆိုတာရယ်ကြောင့် ပဲ။
Saturday, November 9, 2019
Mobile Photography ဆိုတာ
Mobile Photography ဆိုတာ mobile ဖုန်းတစ်လုံးနဲ့ ရိုက်ထားတဲ့ ပုံတွေကိုသာမက Cybershot လို အပျော်တမ်း ရိုက် Camera တွေနဲ့ရိုက်ခြင်းဖြစ်တဲ့ Photographyတွေကို ဆိုလိုပါတယ်။
ဒီ Article လေးမှာတော့ Smartphone Photography အကြောင်းကို အဓိက Share လုပ်ပေးသွားမှာပါ.။
Smartphone တစ်လုံးမှာ ဓာတ်ပုံအရည် အသွေး ကောင်းကောင်းရဖို့ ဘာတွေက အရေးကြီးသလဲ. သူ့မှာပါတဲ့ features တွေ က ဘာတွေလဲ.camera တစ်လုံးမှာ ဘာတွေပါသလဲ။
✍Aperture, Focal
length,exposure,focus,ISOshutter speed ဆိုတာ ဘာတွေလဲ။ ဘယ်လိုအသုံးဝင်သလဲ.. ဘယ်လိုတွေ လုပ်ဆောင်ပေးသလဲ.... ကျွန်တော်တို့ နည်းနည်းလောက်..ဆွေးနွေးကြ တာပေါ့...။
ပထမဆုံးအရေးကြီးတာက ဒီpost က Beginner တွေအတွက်ပါ DSLRလို pro camera သမား တွေ အတွက်မဟုတ်ပါဘူး။..အဲလောက်မနက်နဲလို့ပါ။
✍Megapixel
ဟုတ်ပါတယ်.. လူတော်တော်များများ ရင်နှီးလေ့ရှိတဲ့ အရာလေးပါ. Megapixel များရင် camera ကောင်းမယ် လို့ လူတော်တော်များများထင်တတ်ကြပါတယ်..အဲဒါဟာ 20%လောက်ပဲမှန်ပါတယ်.။
Camera တစ်လုံးကောင်းဖို့ Aperture, sensor size, ,တွေ အစရှိသည်ဖြင့် တွေကလည်း အရမ်းကိုအရေး ပါပါတယ်.. ။ Megapixel ဆိုတာက ပုံရိပ်ရဲ့ ချဲ့နိုင်အား ကိုအဓိကပြောချင် တာပါ.Megapixel များများနဲ့ရိုက် ထားတဲ့ ပုံဟာ ပုံကြီးပိုချဲ့လို့ကောင်းပါတယ်.။
ဆိုလိုတာက DPI မြင့်မြင့်နဲ့ ပုံထုတ်လို့ရတာပါ.ဥပမာ 1.3mp ရှိတဲ့ camera ကနေ ရိုက်လိုက် တဲ့ပုံဟာ 4*3inch ရှိပီး 300dpi ဓာတိပုံတစ်ပုံကို ထုတ်ပေးနိုင် ပါတယ်. Megapixel နဲလေ ထုတ်နိုင်တဲ့ ပုံအရွယ်အစား ကသေးလေပါ.။
ဓာတ်ပုံအရည်အသွေးနဲ့ အများကြီးသက်ဆိုင်ခြင်းမရှိပါ ။ .ပြောရမယ်ဆိုရင် Iphone 8plus ရဲ့ 12mp နဲ့ရိုက် ထားတဲ့ ပုံဟာ Nova 3i ရဲ့ 16mp ထက် ပုံထွက် အများကြီး ပိုကောင်းပါတယ်. megapixel က Nova 3i က ပိုများတာနော်.DSLR လောကမှာဆိုရင် Canon camera တွေ ဟာ 12mp ထက် ပိုထုတ်တာရှားပါ တယ်.။
တစ်ခါတလေ 10mp လောက်နဲ့တောင် ထုတ်ပါတယ်.။ Nikon နဲ့ Canonမှာ Nikon က megapixel ပိုများ များထုတ်ပေးပါတယ်.ဒါ့ကြောင့် ပုံတစ်ပုံကောင်း မကောင်းက Megapixel နဲ့  သိပ်ပြီးမသက်ဆိုင်ဘူး ဆိုတာ သိသာပါတယ်။
Sensor
အဓိကအားဖြင့် Smartphone camera တွေကောင်း မကောင်းကို ဆုံးဖြတ်ပေးတာက Sensor ပါ.။ Smartphone တွေအကုန်နီးပါးမှာ တပ်ဆင်ထားတာ တွေ ကတော့ Sony sensorေ တွပါ ပဲ IMX series တွေကို ထည့်သွင်းထားလေ့ရှိပါတယ်.။
IMX 363,IMX 376,IMX 486 စသည်ဖြင့် ထည့်သွင်း ပေး ထားပါတယ်. အကြမ်းဖြင်းအားဖြင့် တော့ နံပါတ်ကြီးလေ ပိုကောင်းလေပါပဲ. သို့သော် Sensor ကောင်းတိုင်းလည်း photo အရည် အသွေး ပိုမကောင်း သွားသေးပါဘူး။
ဆယ်လ်မွန် ငါးတို့ အပြန်
အဆိုတော် ခင်ဝမ်း နဲ့ ခင်မောင်တိုး တို့ သီဆိုခဲ့ကြတဲ့ ...
" ဆယ်လ်မွန် ငါးတို့အပြန်" ဆိုတဲ့ သီချင်းလေးရဲ့ အဓိပ္ပါယ် ကို အခုမှဘဲ သေချာနားလည်တော့တယ်..။
" ဆယ်လ်မွန် ငါးတို့အပြန်" ဆိုတဲ့ သီချင်းလေးရဲ့ အဓိပ္ပါယ် ကို အခုမှဘဲ သေချာနားလည်တော့တယ်..။
ဆယ်လ်မွန် ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ (ပင်လယ်) မှာကြီးပြင်းတဲ့ ငါးမျိုးဖြစ်တယ်... ။
မိခင် ဆယ်လ်မွန်ငါးဥ မှ (၃) လကြာမှာ ငါးသားလောင်း တွေအဖြစ်ထွက်လာပါတယ်..။
မိခင် ဆယ်လ်မွန်ငါးဥ မှ (၃) လကြာမှာ ငါးသားလောင်း တွေအဖြစ်ထွက်လာပါတယ်..။
ရေချိုမှာ ပျမ်းမျှ (၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီ ထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချို အရပ်ဆီကိုပြန်ကြ ပါတယ်.. ။
တစ်ချို့ ဆယ်လ်မွန်တွေ ကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ် သမုဒ္ဓရာထဲ (၅)နှစ် အထိကြာ တတ်ပါတယ်.. ။ ဒီကြားထဲမှာတော့ လူသားတွေရဲ့ ဖမ်းဆီးခြင်းခံ ရတာ မျိုး ရှိပြီး မွေးရပ်ပြန် မျိုးဆက် မပွားနိုင် တာလည်းများတယ်..။
သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန် မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန် ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း (၂၀၀၀) လောက်ရှိကြတယ်တဲ့.. ။
ချစ်ဖေါ်နဲ့လက်တွဲ မျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီး စတင်ပြီ ဆိုတာနဲ့ ဆယ်လ်မွန် စုံတွဲဟာ လုံးဝအစာ မစားတော့ပါ.....။
အဲဒီလိုနဲ့ မိမိတို့မွေးဖွားရာ အရပ်ရောက်ရင် ဆယ်လ်မွန် ငါး တို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီး နဲ့ ကျောက်စရစ်သားကို တူးဆွပြီး တွင်းချိုင့်ဖြစ်အောင် လုပ်တယ်.. ။ ဆယ်လ်မွန်ငါးတွေ ဥချမွေးဖွားရာအရပ်က ကျောက်စရစ်မြေခံရေကြည်ရာ အရပ်ဖြစ်တယ်..။
Thursday, September 26, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘုရင့်နောင်၏ မျိုးဆက်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် ရခိုင်ဘုရင်များ လက်ထက်က အိမ်ခြေပေါင်း တစ်ထောင်စီဖြင့် ဗိုလ်မင်းထောင် (Bohmong – Bandarban District)၊ သက်ထောင် (Chakma – Rangamati District) နှင့် ဖလံထောင် (Mong – Kahgrachhari District) ဟု ထောင်သုံးထောင် တည်ဆောက်ပေးခဲ့ပြီး ဗိုလ်မင်း တစ်ဦးစီကို အဆိုပါ ထောင် တစ်ထောင်ကို အပိုင်စား ပေးပြီး အုပ်ချုပ်ခွင့်ပြုခဲ့သည်။
ထိုဒေသတွင် အုပ်ချုပ်သူ ဗိုလ်မင်း အနွယ်များသည် ဘုရင့်နောင်မင်းကြီး၏ သားတော် နန္ဒ ဘုရင် မှ ဆင်းသက်လာသည့် အမျိုးအနွယ်များဟု သိရသည်။ ၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင် သည် ပဲခူးကို တိုက်ခိုက်အောင်မြင်ပြီးနောက် နန္ဒဘုရင် ၏ သမီးတော် မင်းသမီး ခင်နှောင်းနှင့် မောင်တော်စောဖြူ တို့ကို ရခိုင်သို့ခေါင်းဆောင်ခဲ့သည်။ မင်းသမီးခင်နှောင်း အား မိဖုရား မြှောက်ပြီးနောက် မောင်တော်စောဖြူ အား ထိုအချိန်က ရခိုင်လက်အောက်ခံ စစ်တကောင်း နယ် ကို အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်။
မကြီးကြီးလမ်း ပိုင်ရှင် သူဌေးမကြီး မကြီးကြီး
မကြီးကြီးလမ်း ဟု ဂုဏ်ပြုမှည့်ခေါ် ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်း ခဲ့သောကြောင့် ဖြစ်သည်။ မကြီးကြီးသည် မိဘ ဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။
မိဘဆွေမျိုး
၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလ တွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်း ဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်း ပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး ၏ ဘိုးဘွားများ ဖြစ်သည်။
ပိုင်မြေများ
ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင် ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။ မြေယာ အများအပြား ပိုင်ဆိုင်သော် လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်း ဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။
Tuesday, September 24, 2019
ယောမင်းကြီး ဦးဖိုးလှိုင်
" ငလှိုင် ၊ သည်လှံ ကို ကြည့်စမ်း၊ မည်သူကိုင်တဲ့ လှံ တုံး " ဟု မင်းတုန်းမင်း တရားကြီးက မေးလေရာ ......
" အရှင့် ခမည်းတော်ကိုင်သော လှံဖြစ်ပါကြောင်း " ယောမင်းကြီးဦးဘိုးလှိုင်က လျှောက်သည်။
မင်းတရားကြီးက "ငါ့ခမည်းတော် သည်လှံနှင့် မည်သူ့ကို စီရင်သတုန်း" ဟု ဆက်မေးတော်မူရာ
"ကျွန်တော်မျိုးကျေးဇူးရှင် အဖ ကို စီရင်ပါကြောင်း" လျှောက်၏။
"ကျွန်တော်မျိုးကျေးဇူးရှင် အဖ ကို စီရင်ပါကြောင်း" လျှောက်၏။
" သည်လှံတော်နှင့် မောင်မင်း စီရင်ခြင်းကို ခံလိုသလား" ဟု မေးတော်မူရာ ယောမင်းကြီး ဦးဘိုးလှိုင် က "ထိုးတော်မူပါဘုရား" ဟု ပြောကာ ရင်ဘတ် ကို ကော့၍ ပေးလေသည် ။
အထက်ပါဖြစ်ရပ်လေးကတော့ မင်းတုန်းမင်း နဲ့ ယောမင်းကြီးဦးဖိုးလှိုင် တို့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် လေးပါ။
ယောမင်းကြီးဦးဖိုးလှိုင် အကြောင်းဆိုရင် ကျွန်တော်တို့ နှောင်းလူတွေဟာ အထက်ပါဖြစ်ရပ်နဲ့ ကင်းဝန်မင်းကြီးဦးကောင်း က ပြင်သစ်ကို မိုးကောင်းပတ္တမြားမြေ ရောင်းခဲ့တဲ့ ကိစ္စ ၀င်ဖြေရှင်း ပေးခြင်းတို့လောက်သာ သိကြတာပါ။
တစ်ကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင် ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်တွေ အများကြီး လုပ်ခဲ့တဲ့၊ တုနှိုင်းမရတဲ့ သုခမိန် တစ်ယောက်ဖြစ်ပါတယ်။
ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသား ဟာ ဦးဆောင်သူ၊ လက်တွေ့ သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင် ကတော့ လက်တွဲ လုပ်ကိုင်သူ ရဲဘော် ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာ ပညာရှင်ဖြစ်ပါတယ်။
ဦးဘိုးလှိုင် ဟာ စက်မှုခေတ် တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပါတယ်။
ကနောင်မင်းသားကြီး ဦးဆောင်တဲ့ စက်မှုခေတ်ပြောင်းတော်လှန်ရေးမှာ ကနောင်မင်းသား ဟာ ဦးဆောင်သူ၊ လက်တွေ့ သမားဖြစ်ပြီး ယောမင်းကြီးဦးဘိုးလှိုင် ကတော့ လက်တွဲ လုပ်ကိုင်သူ ရဲဘော် ရဲဘက်၊ အကြံဥာဏ်ပေးသူ သဘောတရားရေးရာ ပညာရှင်ဖြစ်ပါတယ်။
ဦးဘိုးလှိုင် ဟာ စက်မှုခေတ် တည်ထောင်ဖို့သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသဖြင့် မြန်မာနိုင်ငံကို အဖက်ဖက်က ခေတ်သစ်နိုင်ငံဖြစ်စေရန် ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ပါတယ်။
သူကိုယ်တိုင် ဟာလည်း သက္ကတ၊ ပါဠိ၊ မြန်မာစာပေများ အပြင် အနောက်တိုင်း ၀ိဇ္ဇာ၊သိပ္ပံ ပညာ ရပ်တွေမှာလည်း နှံ့စပ်စွာ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ ပညာရပ်ပေါင်း များစွာနဲ့ သက် ဆိုင်တဲ့ ကျမ်းပေါင်းများစွာ ပြုစုခဲ့သူလည်း ဖြစ်ပါတယ်။
တစ်ယောက်တည်းနဲ့ တက္ကသိုလ်တစ်ခု တည်ထောင်နိုင်လောက်အောင် ပညာရပ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
ဦးဘိုးလှိုင် ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
ဦးဘိုးလှိုင် ဟာ ပုဂံမင်းကို တော်လှန်တဲ့ မင်းတုန်း၊ ကနောင် မင်းနှစ်ပါး အရေးတော်ပုံမှာ စတင် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ဖို့ အတွက် မင်းတုန်းမင်း နဲ့ မြောက်ဆောင်တော် မိဖုရားတို့ရဲ့ မွေးစား သားလည်းဖြစ်တဲ့ ဦးဘိုးလှိုင် ရဲ့ အကြံပေးမှုတွေဟာ အရေးပါခဲ့တာမို့ မင်းတုန်းမင်း နန်းတက် ချိန် မှာ ယောမြို့စားမ င်းသားအဖြစ် ချီမြှောက်ခံခဲ့ရပါတယ်။
Monday, September 23, 2019
ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက
ဆားတောင် ဆရာတော်ဘုရားကြီး ဦးပညာဏိက က တရား အားထုတ်ရန် ပျင်းရိသူများအား ဤသို့  မိန့် ကြား တော်မူခဲ့ ပါတယ်။
တောထဲလွှတ်ကျောင်းတဲ့ နွားတွေဟာ နေ့ တိုင်း နေ့  တိုင်း ဒီ စားကျက်ပဲ စားနေကြတာပဲ ။ ကိုက်ပါများတော့ လည်းဗိုက်ပြည့်တာပဲ။ တရားဆိုတာလည်း ဒီအတိုင်း ပါပဲ။
ဒီခန္ဓာပဲ နေ့ စဉ် ရှု မှတ်နေရမှာပဲ။
တရားအားထုတ်ဖို့ ကျတော့ မအားဘူး။ မအားဘူးလို့ ပြောတယ်။ သေချိန်ကျလာလို့  မသေချင် ဘူး လို့ ပြောလို့ ရတာမဟုတ်ဘူး။ မအားဘူးလို့  ပြောလို့  ရတာ မဟုတ် ဘူး။
မသေချာ မရေရာတဲ့ အလုပ်တွေကိုတောင် ဟုတ်နိုးနိုး တော်နိုးနိုး နဲ့  သက်စွန့် ဆံဖျား လုပ်နေ ရတာပဲ။ သေချာ ရေရာတဲ့အလုပ် ဘာမလုပ်ရဲစရာရှိလဲ။ ဆင်းရဲ တစ်ဘဝ ပေါ့။ တစ်ဘဝ တောင် မှ ခဏ လေးပါ။
တရားအားထုတ်တယ် ဆိုတာ အားနဲ့ မာန် နဲ့  အား ထုတ်ရတယ်။ ခန္ဓာရှိလို့ ဆင်းရဲနေတာ။ ဆင်းရဲတဲ့ အထဲ ငါပါတော့ သံသရာ လည်တာပေါ့။ နာတာဟာ ငါမဟုတ် ဘူး။
တစ်ချို့က တရားအားထုတ်ရမှာကြောက်တယ်လို့ ပြော တယ်။ အားထုတ်ကြည့်စမ်းပါ။
ကြောက်စရာမလိုပါဘူး။
အားမထုတ်ပဲနဲ့  ကြောက်တယ်ပြောတော့ တရားကို ပစ်ပယ်ရာရောက်ပါတယ်။
မဟုတ်တာ လုပ်ရမှာ ကြောက်ပါ။
Friday, September 20, 2019
အပြစ်ကြီးဖြစ်အောင် မချဲ့ပါနဲ့
လင်မယား စုံတွဲ တစ်တွဲဟာ တရားသွားနာကြတယ် ။ အဲ့ဒီမှာယောက်ျကားဖြစ်သူက ဖုန်း ကို ပိတ်ထားဖို့မေ့သွားတယ် ။ ဘုန်းကြီးက တရားချနေတုန်း ဖုန်းက ဝင်လာရော ..ဖြစ်ချင်တော့ ဖုန်း သံက အကျယ်ကြီးမြည်နေတယ် ။ ဒါနဲ့ဘုန်းကြီး က အပြစ်ပြော တာခံလိုက်ရတယ် ။
တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော ။
တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော ။
တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး အပြစ်တင်ကြပြောကြတယ် ။
ယဉ်ကျေးမှု့ မရှိဘူး ကာလံဒေသံ ကို နားမလည်ဘူး အသိတရား နည်းပါးလိုက်တာ တရား လာ နာ တာ ဖုန်း သံ မပိတ်ပဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ် ။ သမာဓိ ပျက်တယ် စသ ဖြင့်ပေါ့ ။
အိမ်အပြန် ကားပေါ်ရောက်တော့ မယားဖြစ်သူကလည်း ဆူပူပါလေရော ။ သူလဲ စိတ်ညစ် စိတ်ရှုတ်တာနဲ့ ဘားထဲကို သွားပြစ်လိုက်တယ် ။
ဘားထဲရောက်တော့လည်း မနက်က သူ့အပြစ်ကြောင့် သူတစ်ကာ ဝိုင်းပြောတာ အပြစ်တင်တာ ခံရတာကိုတွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချ တော့ စားပွဲခုံ ကနေ လွတ်ပြီးအောက်ပြုတ်ကျပါလေရော ။
Thursday, September 5, 2019
ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း
ရှားစောင်းလက်ပတ် အသုံးဝင်ပုံ (၁)
၁။ ရှားစောင်းလက်ပတ်ကို ၂ လက်မအရွယ် ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ။
ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကိုပျောက်ကင်းစေနိုင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ။
ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကိုပျောက်ကင်းစေနိုင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ။
၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကိုနေ့စဉ် ၅ ပြားလောက် စားပေးခြင်းအားဖြင့်လည်း အတွင်း လိပ်ခေါင်း ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်၊ ရှားစောင်းလက်ပတ် အနှစ်ကို စအိုထဲ ထည့် ပေးနိုင်ရင် ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သား နံရံမှ အပူများကို စုတ်ယူနိုင်စွမ်း ရှိသောကြောင့် အတွင်းလိပ်ခေါင်း ရောဂါပျောက်ကင်းနိုင်ပါတယ်၊ ရောဂါပြင်းနေရင်တော့ အချိန် ယူ သုံးစွဲရမှာပဲ ဖြစ်ပါတယ်။
၃။ မီးယပ် သွေးဆုံးကိုင်နေသူများ အတွက် ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်
နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင် ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေ ပါတယ် ။
နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင် ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေ ပါတယ် ။
၎။ နှလုံးရောဂါ ရှိသူများ ရုတ်တစ်ရက် အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ်ကို သကြားဖြင့် ဖျော်သောက်ပါက အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
၅။ ရှားစောင်းလက်ပတ် အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်း အသုံးပြုနိုင် ပါတယ်။ ဆီပူ၊ မီးပူ၊ အိတ်ဇောအပူ လောင်ခြင်းများအတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ် အနှစ် ကို ပတ်တီးဖြင့် စည်းထားပေးပါ။ အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက် ကင်းနိုင် ပါတယ်။ အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို စုပ်ယူနိုင်သော ကြောင့် အနာ မဖြစ်တော့ပါ။
Monday, September 2, 2019
လူရာဝင်သူ တစ်ယောက်၏ အရည်အချင်းများ
သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျ
ခြင်းများကင်းသူများ ဖြစ်ကြတယ်။
၂။ ပတ်ဝန်းကျင်ကို ၀င်ဆန့်လွယ်ခြင်း
သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ၀င်ဆန့်နိုင်တဲ့ သူ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး
ဖြစ်လောက်အောင် မယှဉ်ပြိုင်ရပေမဲ့ အရည်အသွေး ထိန်းထားနိုင်တဲ့ လူဟာ ရပ်တည်မူ ရှည်ကြာ သွားတာပါ။
၃။ သူများ အပေါ် သဘောထားကြီးခြင်း
လူရာဝင်ကြတဲ့ သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲ မှာ တွက်ကပ် မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီး ဆိုရင် သတိ ဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။
မိမိကိုယ် မိမိစည်းကမ်း ကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများ ဖြစ်ကြပါတယ်။
လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဥာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဥာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်း ဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ
ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။
၎။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူ များဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကို နည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ် ။လုပ်ဖေါ်ကိုင်ဘက် ကောင်း တွေ့ရှိစေနိုင်ပါတယ်။
အထင်နှင့် အမြင်
တစ်ခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစ်စု ရှိပါတယ် ။
မုဆိုးမ တစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့ ။
မုဆိုးမ တစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့ ။
အပျိုကြီးက " မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့.. ဒီလိုလူမျိုးတွေနဲ့ ပတ်သက်ရဦးမှာပေါ့.." လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။
အဲ့ဒီ ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တစ်ရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင် ထွန်းဖို့ သူ့ဖယောင်းတိုင်ထုပ်ကို လိုက်ရှာ တာပေါ့ ..
ခဏနေတော့ သူရှာတွေ့သွားတယ် ။
ခဏနေတော့ သူရှာတွေ့သွားတယ် ။
တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံတစ်ယောက်က သူ့အိမ် တံခါး လာခေါက်တာကို ကြားလိုက်မိတယ်။ တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ် တစ်ယောက်က စိတ်လှုပ်ရှား တဲ့အသံနဲ့ ...
“အန်တီ..
“အန်တီ..
အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။
အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင် တောင် မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေ မှာစိုးရတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး”
လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။
လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။
Subscribe to:
Posts (Atom)
























