လင်မယား စုံတွဲ တစ်တွဲဟာ တရားသွားနာကြတယ် ။ အဲ့ဒီမှာယောက်ျကားဖြစ်သူက ဖုန်း ကို ပိတ်ထားဖို့မေ့သွားတယ် ။ ဘုန်းကြီးက တရားချနေတုန်း ဖုန်းက ဝင်လာရော ..ဖြစ်ချင်တော့ ဖုန်း သံက အကျယ်ကြီးမြည်နေတယ် ။ ဒါနဲ့ဘုန်းကြီး က အပြစ်ပြော တာခံလိုက်ရတယ် ။
တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော ။
တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော ။
တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး အပြစ်တင်ကြပြောကြတယ် ။
ယဉ်ကျေးမှု့ မရှိဘူး ကာလံဒေသံ ကို နားမလည်ဘူး အသိတရား နည်းပါးလိုက်တာ တရား လာ နာ တာ ဖုန်း သံ မပိတ်ပဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ် ။ သမာဓိ ပျက်တယ် စသ ဖြင့်ပေါ့ ။
အိမ်အပြန် ကားပေါ်ရောက်တော့ မယားဖြစ်သူကလည်း ဆူပူပါလေရော ။ သူလဲ စိတ်ညစ် စိတ်ရှုတ်တာနဲ့ ဘားထဲကို သွားပြစ်လိုက်တယ် ။
ဘားထဲရောက်တော့လည်း မနက်က သူ့အပြစ်ကြောင့် သူတစ်ကာ ဝိုင်းပြောတာ အပြစ်တင်တာ ခံရတာကိုတွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချ တော့ စားပွဲခုံ ကနေ လွတ်ပြီးအောက်ပြုတ်ကျပါလေရော ။
ဘီယာ ပုလင်းကွဲပြီး ပုလင်းကွဲစတွေ ပြန့်ကျဲကုန်တယ် ။ ဘီယာတွေလဲ အင်္ကျီ အဝတ်အစားတွေ ကို လာစင်ကုန်တယ် ။
ချက်ချင်းပဲလူ ၂ ယောက် ၃ ယောက်လောက် သူ့ဆီ လှမ်းလာ ကြတယ် ။ သူ့စိတ်ထဲ ဒီနေ့တော့ တော်တော်ကို ကံဆိုးတဲ့နေ့ပဲ ထပ်ပြီး အပြစ်တင် ခံရတော့ မှာပဲ လို့တွေးနေမိတယ် ။
ဒါပေမဲ့ ... သူထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်လာတယ် ။ ပြေးလာကြတဲ့ စားပွဲထိုး ၂ ယောက် ၃ ယောက် က သူ့ကို စိုးရိမ်တစ်ကြီးနဲ့ အကို ဘာဖြစ်သွားသေးလဲ ပုလင်းကွဲတွေ ဘာတွေ ရှသွားသေးလား...? လို့ ဝိုင်းမေးကြတယ် ။ ချက်ချင်းပဲ သူ့ကိုယ်ပေါ်က ပေနေတဲ့ ဘီယာအမြုတ်တွေ ဝိုင်းသုတ်ပေးကြတယ် ။
အမှိုက်ကော် ယူလာတဲ့သူနဲ့ တံမြက်စီး ယူလာတဲ့ သူနဲ့ ချက်ချင်း သန့်ရှင်းရေးဝိုင်းလုပ်ပေးကြ တယ် ။
ဆိုင်မန်နေဂျာ က ဘီယာနောက်တစ်ပုလင်း လာချပေးရင်း အပြုံးချိုချို နဲ့ သူ့ကိုပြောတာ " အမှားအယွင်း မတော်တစ်ဆ ဆိုတာ အချိန်မရွေးဖြစ်တတ်ပါတယ် ။ သတိထား တတ်ဖို့ပဲ လိုတာပါဗျာ ´´တဲ့ ။
အဲ့ဒီနောက်ပိုင်း သူဟာ ဘီယာ ဘား ကိုပဲ မကြာခဏရောက်ဖြစ်ပြီး တရားနာ တာကို မသွားဖြစ်တော့ဘူး ။
ဘာကြောင့်လဲ ဆိုတော့ ဘုန်းကြီးကျောင်းက လူတွေထက် ဘီယာဘား က လူတွေက သာနွေးနွေးထွေးထွေး အသိအမှတ်ပြု ဆက်ဆံကြလို့ပါ ။ အမှန်ဆို ဘုန်းကြီးကျောင်း ကလူတွေက ပိုပြီးမေတ္တာ ထား သဘောထားကြီး ဖေးမကြရမဲ့ အစား ဘားထဲက လူတွေနဲ့ ဆန့်ကျင့်ဖက်ဖြစ်နေ ကြလို့ပါ ။
ဒါကြောင့် ဘုန်းကြီးကျောင်း တက်တဲ့ သူတွေကလည်း သတိထား ဆင်ခြင်ရမှာက စည်းကမ်းတွေ ဘောင်တွေ ကန့်သတ်ချက်တွေနဲ့ အရမ်းတင်းကြပ်ပြီး စိတ်ရင်း စေတနာ ခမ်းခြောက်လွန်း သူတွေ မဖြစ်ကြပါစေနဲ့ ။
လူသားတွေဆိုတာ ဘယ်သူမဆို အမှား မကင်းနိုင်ကြဘူး ဆိုတာကို မမေ့ပါနဲ့ ။ အမှားသေးသေးမွှားမွှား တွေကို တစ်ယောက်နဲ့ တစ်ယောက် ပြောစရာတွေဖြစ်ပြီး ကိစ္စကြီး အပြစ်ကြီးဖြစ်အောင်မချဲ့ပါနဲ့ ။
ကျောင်းကိုလာတဲ့ သူကို တရားတွေနာ ပြီး စိတ်ဓာတ်တွေကြည်လင်လာ စေမယ့် အစား
ကျောင်းနဲ့ ပိုဝေးအောင် မလာချင်အောင် တွန်းထုတ်ပစ်တာမျိုး မလုပ်လိုက်မိပါစေနဲ့ ။
အမှန်တရား ဆိုတာ စည်းကမ်းတွေ ဘောင်တွေ သတ်မှတ်ချက်တွေ ကို တစ်သွေ မတိမ်း တင်း တင်းကြပ်ကြပ် လိုက်နာ တဲ့ အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး ။
တစ်ခါ တစ်လေ လည်း သူတစ်ပါး အပေါ် လိုက်လျောညီထွေ မှု့ နဲ့ စာနာ နားလည် တတ်မှု့ လည်း ရှိတတ်ရပါမယ် ။ ဒါမှသာ နေထိုင်ချင်စရာကောင်းတဲ့ လူမှု့ ပတ်ဝန်းကျင်ကောင်း တစ်ရပ်ဖြစ်လာ မှာပါ ။
လွပ်လပ်မှု့ ဆိုတာ လူတိုင်း အတွက်ဖြစ်နိုင်ပါတယ် ။
ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ ။
Credit ......
#သင်သိရင်သင်အေးချမ်းလိမ့်မယ်
#Ko Tun Kyi
#သင်သိရင်သင်အေးချမ်းလိမ့်မယ်
#Ko Tun Kyi
Aung Myittar
No comments:
Post a Comment