Tuesday, November 11, 2014

ကရိန်းဖြင့် ကုတ်မိ ၍ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သူ ကို ကုမ္ပဏီ က သိန်း ၂၀၀ လျော်မည် ဟု ဆို




ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဒန်ယန်ကျေးရွာ မှ ရေမဆေးကျောက် ကောက်ေ နသည့် အသက် ၂၀ နှစ် အရွယ် ဦးဖုတ်လောင် ကွမ်ဂျားအောင် ခေါ် ဇယ်လွမ်း အား တောက်ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီမှ မြေစာချ သည့် ကရိန်း ကားဖြင့် ကုတ်မိ၍ အပိုင်းပိုင်းပြတ် သေဆုံးမှု ကို နစ်နာကြေး အဖြစ် ကုမ္ပဏီက ကျပ်သိန်း ၂၀၀ ပေးမည် ဟု နိုဝင်ဘာလ ၁၀ ရက်က ပြောကြောင်း သေဆုံးသူ ၏ အစ်ကို ဦးဘရန်နန် က မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ် ကချင် ရိုးရာနှင့် ယဉ်ကျေးမှု အဖွဲ့၊ သေဆုံးသူ ၏ မိသားစု များနှင့် တောက်ပကြယ် ကုမ္ပဏီ တို့ တွေ့ ဆုံဆွေးနွေးစဉ် နစ်နာကြေး အဖြစ် သိန်း ၂၀၀ ပေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

မိဖနှစ်ဦး အား အရှင်လတ်လတ် မီးရှို့အသတ် ခံရသည့်ဖြစ်ရပ် ကို သားဖြစ်သူ ကလေးငယ် မှပြောပြသော (ရုပ်သံ)

  

နိုဝင်ဘာ ၄ ရက် နေ့က လာဟိုးမြို့ တစ်နေရာ ၌ ကုရ်အာန် ကျမ်းအားစော်ကားမှုဖြင့် မီးရဲရဲတောက်နေသော အုတ်ဖုတ် သည့်မီး ဖိုထဲ ပစ်ထည့် ကာ အရှင်လတ်လတ် မီးရှို့သတ် ခံရသည့် ခရစ်ယာန် လင်မယားနှစ်ဦး၏ ကျန်ရစ်သူ ၆ နှစ်သား ကလေးငယ် အား ၎င်း မျက်မြင်တွေ့ရှိခဲ့ရသော မိဘနှစ်ပါး အသတ်ခံ ရပုံ အဖြစ်အပျက် အား မေးမြန်းရာ ကလေးငယ် မှ ......
 
၎င်း၏ မိဘများ ကို လူအုပ် မှ နှိပ်စက် ညှင်းပမ်းကြကြောင်း၊ ထို့နောက် ကြိုးနှင့် တုတ်၍ ထွန်စက်နောက် ၌ တရွတ်တိုက် ချိတ်ဆွဲ ကာ ရပ်ကွက် အနှံ လှည့်လည်မောင်းနှင် ခဲ့ကြကြောင်း၊ နောက်ဆုံးတွင် ၎င်း ၏ မိဘနှစ်ပါးနှစ်ဦး ကို အုတ်ဖုတ်သည့် မီးဖိုထဲ ပစ်ထည့် ကာ အရှင်လတ်လတ် မီးလောင်တိုက် သွင်း လိုက်ကြကြောင်း ဖြေကြားခဲ့သည်။


သူတို့ ဘက်က ကြည့်တော့ သူရဲကောင်း { သို့ } သာသနာ ရွှေပြောင်းခြင်း





ကျနော်ဟာ မွန်စကား မပြောတတ်တဲ့ မွန်လူမျိုး တစ်ယောက်ဖြစ်ပါတယ် ။  ခု မလေးရှာမှာ အို ဘဝ နဲ့ နေရတာပါ မွန်စကား မပြောတတ် တဲ့ ကျနော့ ကို မွန်အသင်း အဖွဲတွေ က မွန်လို့  လက်မခံဘူး မွေးထဲ က အဖေါ် ပါလာတာမှ မဟုပ် ဘဲ တစ်ကောင်ထဲ ခြင်္သေ့ တော့ မဟုပ်ပါဘူး  ။ 


ဒါပေမဲ့ ကံ စိတ် ဥတု အဟာရ ကြောင့် ဖြစ်နေတဲ့ ပညတ် ကို မွန်လို့ တောင် ခေါင်းစဉ် တပ်ခွင့် မပေးကြတဲ့ မွန်အသင်း အဖွဲ့ တွေရဲ့  အတွေး အခေါ်တွေ ကို ပြန်စဉ်းစား မိရင်း အတွေးတွေ က မနူဟာ ဘုရင် ဆီရောက်သွား ရာက အစပြု တဲ့ ဒီ Post လေး မှာ ဆရာ မောင်သာရ ရဲ့ သူတို့ ဘက်ကကြည့်တော့ သူရဲကောင်း ငါတို့ ဘက်ကကြည့်တော့ သစ္စာဖေါက် ဆိုတဲ့ စာအုပ်လေးကို လဲ သွားသတိရမိတယ် ။ 

 နောက်တစ်ခု က ဒီ Post မှာ နိုင်ငံရေး အမြင်ထက် ဘာသာရေး အမြင် ကို ဦးတည် ထားတာပါ နိုင်ငံရေး ပါသွားရင် လဲ ပညာ မျက်စိနဲ့  ဖတ်ကြ ပါလို့  တိုက်တွန်း ပါ ရစေ။ 


Computer ကို လေးစေသည့် Windows logs များ ကို ရှင်းနည်း



ကွန်ပျူ တာ ကို ပေါ့စေချင်ရင် မဖြစ်မနေ နေ့ စဉ် လုပ်ပေးသင့်တာလေးတွေ ရှိတယ် ။ ဒါလေးတွေ သိထား ဘို့ လိုပါ တယ် ။ မော်နီတာ Screen ပေါ်မှာ Right Click နှိပ်ပြီး Refresh လုပ်ပေးတာမျိုးတို့  F5 ကိုလေးငါး ဆယ်ခါနှိပ်ပေးတာမျိုး တို့  နေ့ စဉ် လုပ်ပေးသင့်ပါတယ်။


 ဒီအပြင် Windows Logs များကို လည်း ရှင်းပေး သင့်ပါ ဒီနည်းတွေ က ဆိုဒ်တော်တော်များများ မှာ ကိုယ်တိုင်ရေး ထားတာရော Share ပေးထားကြတာရော များနေ ပါပြီ ဒါပေမဲ့ မသိသေး သူများကို အသိပေး လို တာကြောင့်ရေး တင်ပေးလိုက်တာပါ။

အဝတ်လျှော် ဆပ်ပြာအိတ် ကလေးများ က ကလေးများ အသက် အန္တရာယ် ရှိနိုင်


သကြားလုံး ပုံစံ တောက်ပသော အဝတ်လျှော် ဆပ်ပြာအိတ် ကလေး များသည် ကလေးများ အတွက် အသက် အန္တရာယ် ရှိကြောင်း သုတေသန ပညာရှင် များက နိုင်ဝင်ဘာ ၁၀ ရက် တွင် သတိပေးလိုက်သည်။

Detergent
သကြားလုံး ပုံစံ အ၀တ်လျှော် ဆပ်ပြာအိတ် ကို တွေ့မြင်ရစဉ်။

အမေရိကန်နိုင်ငံ တွင် အဆိုပါ ဆပ်ပြာအိတ် ကလေးများ ကို ကလေးများ က သကြားလုံး အမှတ်ဖြင့် မျိုချမှု ဖြစ်ရပ်များ ပိုမို များပြား လာပြီးနောက် ယခု ကဲ့သို့ သတိပေးချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

အမေရိကန် ကုန်စုံဆိုင် များတွင် ၂၀၁၀ ပြည့်နှစ် မှ စတင်ရောင်းချ လာခဲ့သည့် အဆိုပါ ဆပ်ပြာအိတ် ကလေးများသည် အ၀တ် တစ်ခါလျှော်စာ ထုပ်ပိုး ထားပြီး ရေနှင့် လျှပ်စစ် လို အပ်မှု လျှော့ချသွားနိုင် ရန် စီစဉ်ထားခြင်း ဖြစ်သည်။

အိုဘားမား မိန့်ခွန်းပြောမည့် စိန်ရတု ခန်းမ ပြင်ဆင်ရန် Excellent Unity လေလံအောင်


 
အမေရိကန်သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဓာတ်ပုံ ကို ရိုက်နှိပ်ပြီး အိုဘားမား ခရီးစဉ်မတိုင်မီ အမှတ်တရ အင်္ကျီအဖြစ် ရန်ကုန်မြို့ တွင် ရောင်းချနေသော အထည်ဆို င်မှ အင်္ကျီကို ကြည့်ရှုနေသူနှစ်ဦး (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြား မည့် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ ပြင်ဆင်ခြင်း လုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unity ဆောက်လုပ်ရေး ကုမ္ပဏီက လေလံအော င်သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေး အတွက် ကုမ္ပဏီလေးခု ၀င်ရောက် လျှောက်ထား ခဲ့ပြီး Excellent Unity ဆောက် လုပ်ရေး လုပ်ငန်း က တင်ဒါအောင်မြင်ခဲ့ သဖြင့်ပြင်ဆင်ခြင်း လုပ်ငန်းများ  နိုဝင်ဘာ ၉ ရက် မှ စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း  သတင်းရရှိသည်။


ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း ၏ အကြီးဆုံးသား ကို အာဆင်နယ်ခေါ်ယူ ဟုဆို



 လန်ဒန်− ဘောလုံးကြယ်ပွင့် ဟောင်း ဒေးဗစ်ဘက်ဟမ်း ၏ အ ကြီးဆုံးသား ဘရွတ်ကလင်ဘက် ဟမ်းကို အာဆင်နယ် အသင်းက ကာလတို စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဆိုသော သတင်းများ ထွက်ပေါ်နေသည်။
 

မန်ယူနှင့် ရီးရဲလ် အသင်းတို့ ၏ ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း ၏ သား ဘရွတ်ကလင် (၁၅)နှစ်သည် အာဆင်နယ် အ သင်းတွင် နမူနာ ကစားပြခဲ့ပြီး နည်းပြများ က သဘော ကျသော ကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ စာချုပ်တစ်ရပ် ဖြင့် အာဆင်နယ် က ခေါ်ယူလိုက် ကြောင်း Daily Star သတင်းဌာန က ဖော်ပြသည်။

ဦးအောင်သောင်း အပေါ် အမေရိကန် နာမည်ပျက် စာရင်းသွင်း အရေးယူမှု လွှတ်တော် ရှုတ်ချ





ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာန ပြည်ပ ပိုင်ဆိုင် မှုများ ထိန်းချုပ်ရေးရုံး က စီးပွားရေး ပိတ်ဆို့ တားမြစ် အရေးယူတဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းကြေညာ တာကို ကန့်ကွက်ကြောင်းနဲ့ အရေးယူ မှုဖြစ်အောင် ဖန်တီးသူတွေ ကို ရှုတ်ချကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် က ကြေညာချက် ထုတ် ခဲ့ပါတယ်။

ဦးအောင်သောင်း အပေါ် ပိတ်ဆို့ အရေးယူ တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဂုဏ်သိက္ခာနဲ့ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ ထိခိုက်မှုတွေ မဖြစ်အောင် အမေရိကန် အစိုးရ ရဲ့ အရေးယူမှု ကို ပြည်ထောင်စု လွှတ်တော် က ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က အခုလို ဖတ်ပြခဲ့ပါတယ်။


ယောင်လို့တောင် လက်နဲ့ မထိဘဲ အထူး သတိ ထားကြပါ။

ယောင်လို့တောင် လက်နဲ့ မထိဘဲ အထူးသတိထားကြပါ။
ဖတ်မိသူများ ကျေးဇူးပြုပြီး ပြန်မျှဝေပေးကြပါနော်
........................................................

မိတ်ဆွေတို့ ရေ မိမိအနီးနား တစ်နေရာမှာ ဒီကောင်လေးကိုတွေ့ ရင်
ယောင်မှားလို့  သွားပြီးလက်နဲ့  ကိုင်ပြီး လွင့်ပစ်တာမျိုး မလုပ်နဲ့ နော်
ထိုးမိ ကိုက်မိရင် မြင်တဲ့အတိုင်းပဲ။ တောအခေါ်အရ ပုရွက်ဆိတ်မျိုးနွယ်ဝင်
"ကြင်" ကောင်နဲ့  နည်းနည်းဆင်တယ် ဒါပေမဲ့ ဒီကောင်က အလျားရှည်
တယ်အမြီးလို အဆိပ်ဖူးလေးပါတယ်။ "တော ကြင်" ကောင် ကလည်း
ကိုက်ခံရရင် ကကလေးတွေ တက် သလို အကြောတွေ ကြင်ပြီး တက်
သည်အထိ အဆိပ်ပြင်းတဲ့ အကောင်ညိုတွေ ရှိပါတယ်။
ခုဒီကောင်ပုံစံကိုတော့ သစ်ခေါက်ခွံကြားတွေမှာ အတွေ့ များလေ့ရှိတယ်။
ပျဉ်ခင်ကြမ်းကြားတွေ မှာနေတတ်ရင်တော့ သတိထားပေါ့။ လူတွေ့ 
လူမြင်တော့ သိပ်မခံတဲ့ အကောင်တွေပါ။ ဖိမိ ထိမိ ကိုင်မိရင်တော့
ဆော်ခံထိပြီပဲ။ အန္တရာယ်ကင်းကြပါစေ မိတ်ဆွေတို့ ရေ။

သိုက်ကြီး(ကျောက်ပန်းတောင်း)

ဖတ်မိ သူများ ကျေးဇူးပြုပြီး ပြန်လည် မျှဝေပေးကြပါနော်
***********************************

မိတ်ဆွေ တို့ ရေ မိမိ အနီးနား တစ်နေရာ မှာ ဒီကောင်လေး ကိုတွေ့ ရင်
ယောင်မှား လို့  သွားပြီး လက်နဲ့  ကိုင်ပြီး လွင့်ပစ် တာမျိုး မလုပ်နဲ့ နော် ။


ထိုးမိ ကိုက်မိ ရင် မြင်တဲ့ အတိုင်းပဲ။ တော အခေါ်အရ ပုရွက်ဆိတ် မျိုးနွယ်ဝင်
"ကြင်" ကောင်နဲ့  နည်းနည်း ဆင်တယ် ။ 


ကြယ်စုတွေကြား ရှိ မှောင်နေတဲ့ အာကာသ တစ်ခုမှာ infrared အလင်းရောင်တွေ ပိုလျှံနေတာ ကို NASA မှ ရှာဖွေတွေ့ရှိ


 

အမေရိကန်ပြည်ထောင်စု ၏ အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ (NASA) ဟာ ကြယ်စုတွေကြား ရှိ မှောင်နေ တဲ့ အာကာသ တစ်ခုမှာ infrared အလင်းရောင်တွေ ပိုလျှံနေတာ ကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။

ထို အလင်းရောင်ဟာ ကြယ်စုတွေ ပေါင်းစည်း နေသကဲ့သို့ တောက်ပနေပြီး စကြာဝဠာထဲက ပျံ့နှံ့မှု  ဖြစ်စဉ် တစ်ခု အနေ နဲ့ ထွက်ပေါ် လာတာဖြစ်တယ် လို့ အာကာသ ပညာရှင်တွေက ဆိုပါတယ်။


Monday, November 10, 2014

အာဖဂန်နစ္စတန် တွင် မုဒိမ်း အကျင့်ခံရသော် လည်း အသက်မသေ လွတ်မြောက် ခဲ့သူ ၁၀ နှစ်သမီး Honour Killing အဖြစ် မိသားစု မှ သတ်၍ မြစ်ထဲ ပစ်ချခြင်း ကို ခံရဖွယ် ရှိနေ

 
 
၂၀၁၄ ခုနှစ်၊ မေလ အတွင်း က အာဖဂန်နစ္စတန်နိုင်ငံ၊ ခွန်ဒွက်ဇ်ပြည်နယ် ၌ အစ္စလာမ် ဘာသာရေး အကြီးအကဲ (မူလာ) တစ်ဦး မှ အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ် ဘရစ်ရှ်နား အား မုဒိမ်း ကျင့်ခဲ့သည်။ 
 
ယခု အချိန်တွင် ဘရစ်ရှနား မှာ ဆေးရုံ ၌ ကုသမှု ခံယူခဲ့ပြီး ပြန်လည်ကောင်းမွန်သော အခြေအနေ သို့ ရောက်ရှိ လာပြီဖြစ်သော်လည်း သူမ ၏ မိသားစု နှင့် ပတ်ဝန်းကျင် အသိုင်းအဝန်း မှ သူမ အား သတ်ပစ် ကာ အလောင်း အား မြစ် ထဲပစ်ချမျှောပစ်မည် ဟု ခြိမ်းခြောက်နေခြင်း ကို ခံနေရသည်။
 

ပြည်သူ့မျက်စိ ပြည်သူ့နား ပိတ်မထားပါနဲ့


ပုဂ္ဂလိက သတင်းစာ ဖတ်ရှုနေသူ အား တွေ့ရစဉ် (ဓာတ်ပုံ – ကြည်နိုင်)

ပညာခေတ်ဖြင့် ကင်ပွန်း အမျိုးမျိုး တပ်ကြပါတယ်။ ဒီလိုနည်းပညာ အရ သတင်းတွေ ကမ္ဘာ့လေထုထဲ မှာ ပျံ့နှံ့နေပေ မယ့် အချို့ မီဒီယာ များဟာ အချိန်ကိုက် သတင်းများ ကို အမှန်ကန်ဆုံး နဲ့ အမြန်ဆုံး ထုတ်ပြန်ကြေညာပေးနေရ မှာ ဖြစ် ပါတယ်။ 

သတင်း မှန်မှု သတင်း တိကျမှုနဲ့ သတင်းလက်ဦးမှု တို့က သတင်းသမား တို့ရဲ့ အရေးပါမှု များ ဖြစ်ပါတယ်။ ဒါနဲ့ ဆန့် ကျင် ဘက်တွေ က သတင်းမှ န်သတင်းမှား ကို ရောထွေး ကာ ဖြတ်ညှပ်ကပ် သတင်း လိုလို ကောလာဟလ သတင်း များ ထွက်လာပါတယ်။ 

သတင်းလက်ဦးမှု ကို ဆန့်ကျင်ပြီး ရလာတဲ့ သတင်းကို ပြည်သူတွေ မသိနိုင်အောင် သတင်းထိန်းချုပ် မှု သတင်း အမှောင် ချမှုတွေ လုပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက် လာပါတယ်။

Emperor Music Band 30th Anniversary Show



The EMPEROR MUSIC BAND held a concert at the People’s Park in Yangon on November 6, 2014 to mark the 30th Anniversary of the Band’s formation. Because of the Yangon heavy rain, the concert was ended after Pre-Performances of Zaw Win Htut, Si Thu Lwin & J Mg Mg. The “Night of Light Emperor Music Band 30th Anniversary Show” was re-scheduled on November 7. New Generation Rock Army – Fever 109 , Nightmare , Dusty Way, Hanover , Room 502 , Deficiency , We are the waste , Viaolenz , Illegal , Runaway bride , Autumn , Soul seven , Dr guitar , Tagadoom , No u turn , Death agent , Dark matter will perform for the show. Photos by Wai Yan 





# နိုဝင်ဘာလ (၆) ရက်နေ့က ရန်ကုန်၊ ပြည်သူ့ရင်ပြ င်မှာ မိုးထဲရေထဲ ကျင်းပ ခဲ့တဲ့ EMPEROR MUSIC BAND အနှစ် (၃၀) ပြည့် ဂီတည #


စီးပွားရေး ပိတ်ဆို့မှု လျှော့ချခြင်း ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ





အမေရိကန် အစိုးရ က မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့မှု လျော့ချလိုက်ခြင်း ဟာ ပြည်သူ လူထုပေါ်မှာ အကျိုး သက်ရောက်မှု မရှိဘဲ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ သာ အကျိုး ရှိစေနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ က ဒီကနေ့ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ “အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှု လျော့ ချခြင်းကြောင့် မြန်မာ လူထု အပေါ်သက်ရောက်မှု များ” ဆိုတဲ့  ဒီ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ ကော်မတီဝင် ဦးထွန်းကြည် က အခုလို ရှင်းပြပါတယ်။

“အမေရိကန် သည် သူ့ရဲ့ပေါ်လစီ အရ စစ်အစိုးရ သစ်ဖြစ်ရင် လည်း အရပ်သား အစိုးရနဲ့တော့ သူက ထိတွေ့ ဆက်ဆံမယ့် အပိုင်းတွေ လည်း ထိတွေ့ဆက်ဆံနေသလို ဒီဘက် မှာလည်း ဖြေလျော့ လာတယ်ပေါ့၊ 

ဗြိတိန် တွင် ပထမဆုံး အဖြစ် အမျိုးသမီးတစ်ဦး ပင့်ကူ ကိုက်၍ ကွယ်လွန်

ဗြိတိန် နိုင်ငံတွင် ပထမဆုံး အဖြစ် အမျိုးသမီး တစ်ဦး သည် အဆိပ်ပြင်း ပင့်ကူ ကိုက်ခံရ၍ သေဆုံးကြောင်း မေးလ် အွန်လိုင်း တွင် နိုဝင်ဘာ ၈ ရက် က ဖော်ပြ သည်။


CMNE51 FALSE WIDOW SPIDER
 အဘွားပတ်အား ကိုက်ခဲ့သည့် False Widow Spider မျိုးနွယ်တူ ပင့်ကူ တစ်ကောင်။ ဓာတ်ပုံ – Daily Mail


သေဆုံးသူ အမျိုးသမီး သည် အသက် ၉၀ အရွယ် ပတ်ဂေါ့ ဆိုသူ ဖြစ်ပြီး ပင့်ကူ က ၎င်း၏ လက်ချောင်း ကို ကိုက်မိပြီး နာမကျန်း စဖြစ်ကြောင်း မိသားစုဝင် များ က ပြောသည်။ 

ပင့်ကူ အဆိပ်ကြောင့် ရောဂါ သည်းလာရာ အဘွားအို ပတ် ၏ လက်ချောင်း ကို ဖြတ်ပစ် ခဲ့ရသည်။ သို့ သော်လည်း မသက်သာ ဘဲ နိုဝင်ဘာ ၇ ရက် တွင် ဆေးရုံပေါ် ၌ ကွယ်လွန် သွားခဲ့သည်။

Saturday, November 8, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကို နုတ်ထွက် ရန် မိသားစုဝင်များ က ပြောကြားခဲ့ ဟုဆို


89955 
ပုံညွှန်းစာ – ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲ မတိုင်မီ နေပြည်တော် ၌ သမ္မတ ဦးသိန်းစိန် ၏ ဆွေမျိုးများ ပါဝင်သော ရှင်ပြု အလှူ  ပွဲ တစ်ခု သို့ တက်ရောက်နေသည် ကို တွေ့ရစဉ်  / MH-0011
 
 
ရန်ကုန်၊ နိုဝင်ဘာ ၅  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မီဒီယာ များက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ ၏ သမီး များ က ဖခင်ဖြစ်သူ အား အလုပ် မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည် ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန် က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။
 သမ္မတဦးသိန်းစိန် ကို သမ္မတ ၏ သမီး များက နုတ်ထွက် ရန် ပြောကြား ခဲ့ခြင်း ကို သိရှိ ခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ ၀န်ကြီး တစ်ဦး ဖြစ်ခဲ့ သူ ယခု သမ္မတ ဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီး အကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ် က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ 

ကိုပါကြီး ရုပ်အလောင်း ရန်ကုန်ရေဝေး မှာ ဂူသွင်း သင်္ဂြိုဟ်

 

 
အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ရုပ်အလောင်း ကို မော်လမြိုင်ဆေးရုံ ကနေ ပြန်လည် သယ်ဆောင်ပြီး ရန်ကုန်မြို့ ရေဝေး သုသာန် မှာ ဒီနေ့ ညနေပိုင်းက ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

ကိုပါကြီး ဈာပန အခမ်းအနား ကို လာရောက် ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ကိုဂျင်မီ က အတားအဆီးတွေ ရှိတဲ့ကြား က စည်းလုံးမှု ရှိတဲ့ အတွက် ကိုပါကြီး အလောင်း ကို အခုလို သင်္ဂြိုဟ် နိုင်တာလို့ ပြောပါ တယ်။