Friday, May 29, 2015

ရတနာ နတ်မယ်

 ကို စိန် သန်း's photo.

 ရတနာ နတ်မယ် ဆိုတဲ့ အမျိုးသမီးအကြောင်းကို ငယ်ငယ် က ကြားဖူးတုန်း ကတော့ အရမ်းချော အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်၊ ဦးနေ၀င်း ရဲ့ ဇနီး ပြီးတော့ သူလျှို လိုလို ဘာ လိုလို ဇာတ်လမ်းတစ်ခုပေါ့။ အခု ကြီးလာတော့ ရတနာ နတ်မယ် အကြောင်းကို အခုလို သိခဲ့ရပါတယ်။

ရတနာ နတ်မယ် ဟာ ကနောင် မင်းသား ရဲ့ မြစ်တော်ဖြစ်ပါတယ်။ ကနောင် ရဲ့ သားတော် လင်းပင် မင်းသားနဲ့ မြောက်သား ရေနံသာ ခင်ခင်ကြီး တို့ရဲ့ သမီးလတ်ဖြစ်သူ
ထိပ်တင် မလတ် ဟာ သြစတြေးလျနိုင်ငံသား ဘယ်လာမီ ဆိုသူ နဲ့ လက်ထပ်ခဲ့ပြီး ရတနာ နတ်မယ် ကို ၁၉၃၂ ခုနှစ်၊ ဇွန် (၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
 

ရတနာနတ်မယ် ရဲ့ အင်္ဂလိပ်နာမည် ကတော့June Rose ဖြစ်ပါတယ်။ June လ မှာမွေးတဲ့ အတွက် ဖခင်ကြီးက ဇွန်နှင်းဆီ လို့ ပေးခဲ့တာပါ။

လင်းပင် မင်းသားကြီး ဟာ ထိပ်တင် မလတ် ကို လူမျိုးကွဲ၊ ဘာသာ ကွဲနဲ့ သဘော မတူခဲ့ ပါဘူး။ ဒါပေမယ့် ထိပ်တင် မလတ် ဟာ မွေးတဲ့ ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေရပါမယ် ဆိုတဲ့ ကတိပေးခဲ့ပြီး ဘယ်လာမီ ကိုယ်တိုင် ကလည်း ဘာသာရေး ကို သိပ် စိတ်မ၀င်စား ဘဲ ထိပ်တင် မလတ် ကို လက်ထပ်ချင်စိတ် တစ်ခုသာ ရှိခဲ့တာကြောင့် လင်းပင် မင်းသားကြီးက သဘောမတူချင် ဘဲ တူခဲ့ရတာဖြစ်ပါတယ်။ 


UK မှာ ကျင်းပ တဲ့ ပထမဆုံး အကြိမ် အ၀တ်မပါ ဗလာ ပင်ပေါင်ရိုက် ပြိုင်ပွဲ

 

UKမှာ ကျင်းပတဲ့ ပထမဆုံး အကြိမ် အ၀တ်မပါ ဗလာ ပင်ပေါင်ရိုက်ပြိုင်ပွဲ Thursday, May 28, 2015 mmnews ပထမဆုံးအကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ ပင်ပေါင်ရိုက်ပြိုင်ပွဲ ကတော့ တကယ့်ကို ထူးခြားပါတယ်။ 

အကြောင်းကတော့ ပြိုင်ပွဲဝင် အမျိုးသား/သမီးတွေကို သူတို့ရဲ့ မွေးနေ့ နဲ့ အသင်း ခွဲထားပြီး အ၀တ် မ၀တ်ရဘဲ ကိုယ်တုံးလုံး ချွတ်ကာ ပါဝင် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။ 

 ၁၉၀၁ခုနှစ် စားပွဲတင် တင်းနစ်ကို တီထွင်ခဲ့တဲ့ နေရာမှာပဲ တည်ထောင်ထားတဲ့ Bounce မှ ၀န်ထမ်း တစ်ဦးက sexy ကျတဲ့ မော်ဒယ်လ် ၇ ဦးကို “anything goes ” ဆိုတဲ့ အသစ် စက် စက် သီးသန့် ခန်းမှာ လာရောက် ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

Tuesday, May 26, 2015

သီးသီး ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ





သီးသီး မှာ လုံးဝိုင်းပြီး သစ်သားရောင် သန်းနေ ပါတယ်။ သီးသီး က မာကျော ပြီး အပြင် အရောင် မှိုင်းကာ အတွင်းမှာ ညိုရောင်သန်း နေတဲ့ အနှစ် ရှိပါတယ်။ သီးသီး မှာ ကျန်းမာရေး အကျိုး ကျေးဇူး အများအပြား ရှိတာကြောင့် တန်ဖိုး အရှိဆုံး ဆေး ဖက်ဝင် အပင် အမျိုးအစား တစ်မျိုး အဖြစ် အိန္ဒိယ မှာ အသုံးများ ကြ ပါတယ်။

ဗီတာမင် ပါဝင်မှုများခြင်း
- - - - - - - - - - - - - -
သီးသီး မှာ အောက်ဇဲလ်လစ်၊ မဲလ် လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ် တို့ များစွာ ပါဝင် ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင် ယာမင်း၊ ရိုင်ဘိုဖလေဗင် နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင် နဲ့ သတ္တု ဓာတ်တွေ လည်း အများ အပြား ပါဝင် နေပါတယ်။ သီးသီး မှာ ပါဝင် တဲ့ ဗီတာမင် ပမာဏ ဟာ ဆေး ဖက်ဝင် အစာ အဖြစ် အိန္ဒိယ မှာ အသုံးများ ရတဲ့ အကြောင်းရင်း လည်း ဖြစ်ပါတယ်။

အစာခြေ လမ်းကြောင်း ဝေဒနာ များ ကို သက်သာ စေခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
သီးသီးမှာ တန်နင်ဓာတ် ပါဝင်တာ ကြောင့် နာတာရှည် ဝမ်းပျက် ဝမ်းလျှော ရောဂါလို အစာခြေ စနစ် ဝေဒနာတွေ ကို သက်သာ စေပါတယ်။ သီးသီး အနှစ် ကို ပျားရည် နဲ့ ရောစား တာကြောင့် အစာမ ကြေတာ ကို သက်သာ စေပါတယ်။


EQ နဲ့ IQ အကြောင်း





Sultaan Saeed's photo.
 

ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စား တာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
 

I.Q မြင့် ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူ ဆို ရင် I.Q မြင့်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်က စပြီး E.Q ဆို တာ ခေတ်စားလာတယ်။

 E.Q ဆိုတာ Emotional Quotient ။ လွယ်လွယ်ပြောရင် မိမိ ရဲ့ စိတ်ခံစားမှု ကို ထိန်း သိမ်းနိုင် တဲ့ စွမ်းရည်။ တနည်း စိတ် ရင့်ကျက်မှု အညွန်းကိန်းပေါ့။ 

ဘာလို့လဲ ဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့ သူတွေထက် E.Q မြင့်တဲ့ သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
 

ဆိုလိုတာ က ဘ၀မှာ အောင်မြင်ဖို့ ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှု က ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။

လွန်ခဲ့တဲ့ တစ်ပတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ် ဆိုတာ ပြေပြ ထားတာ။ အကျဉ်းချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... 


ကျောက်မျက်ရတနာတွေ မှာ..သုံးတဲ့.. ကာရက်..နဲ့..ရတီ


Kyaw Win's photo.


သမိုင်းအလယ်ခေတ် က ကျောက်မျက်ရောင်းဝယ် ကြတဲ့အခါ သစ်စေ့တွေ အသုံးပြုပြီး ချိန် တွယ်ကြ တယ်။သစ်စေ့ ရတဲ့ အပင် Ceratonia Siliqua ဆိုတဲ့ အပင်။အဲဒီ အပင် ကို Greek ဘာသာလို Karation လို့ ခေါ်တယ်။

ဒါကြောင့် သုံးတဲ့ အလေးချိန် ကို Carat လို့ခေါ်တယ်။
1 carat မှာ ၂၀၀ မီလီဂရမ်တိတိရှိတယ်။

ဒါ့  ကြောင့် 5 carat= 1 gram ရှိတယ်။

ကရက် ကို ထပ်ပြီး အသေးစိပ် ရင် ...
 1carat= 100 points 
ဒါကြောင့် 1-1/2 'carat ရှိတယ် ဆို One point five zero or 1.25 carat လို့ ရေးကြပါတယ်။
 

ယောက္ခမ ကို တိုက်တဲ့ဆေး


YoYarLay's photo.


အမျိုးသမီး တစ်ဦး ဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမ နဲ့ နေ့တိုင်း ပြောဆိုဆက်ဆံ ရပြီး ဘယ်လို မှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ 

ယဉ်ကျေးမှု အရလည်း ဖြစ်၊ ဘာသာရေး အရလည်း ဖြစ်တော့ ယောက္ခမ ကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။

တစ်နေ့တော့ ဒီ ဒဏ်တွေ ကို မခံနိုင်လို့ အမျိုးသမီး ရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံ ဥာဏ်တောင်းတယ်။ အဖေဖြစ်သူ ကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်း မှာ ဆေးကို နည်း နည်းစီ ခတ် ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်း လမ်းပေးပါ တယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါသတဲ့။ 

Monday, May 25, 2015

မြန်မာ မှ ကယ်တင်ထားသည့် လှေစီး ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဟု ကုလသမဂ္ဂ အတည်ပြု

Hmuu Zaw's photo.


By ဒီဗွီဘီ (25 May 2015)
မြန်မာရေတပ်က ကယ်တင်ထားတဲ့ ပင်လယ်ပြင်လှေစီးဒုက္ခသည် ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ က အမျိုးသားတွေဖြစ်တယ် လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ပြန် ကြားရေးရုံး က ဒီကနေ့ အတည်ပြုကြေညာပါတယ်။

ကုလအတွင်းရေးမှုးချုပ် ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား နဲ့ မြန်မာနိုင်ငံ ရှိ ကုလသမဂ္ဂ အကြီးတန်း အရာရှိ Ms. Renata Dessallien မစ္စ ရီနာတာ ဒက်စ်ဆယ်လီအန် တို့ မေလ ၂၂ ရက်က ရခိုင်ပြည်နယ်ကို သွားရောက်ကာ ကယ်တင်ထား သူတွေကို သွားရောက်တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်တာပါ။

မေလ ၂၁ ရက်နေ့က မြန်မာ့ရေပြင်ထဲ ရွှေ့ပြောင်း  ၀င်လာသူ ၂၀၀ ကျော် ကို အရေးပါတဲ့ ကယ်တင်မှုတွေ လုပ်ခဲ့တဲ့ အတွက် ကုလသမဂ္ဂ အနေနဲ့ ပြည်ထောင်စု အစိုးရကိုရော ရခိုင်ပြည်နယ် အစိုးရကိုပါ ချီးကျူးပါတယ်။

ကယ်ဆယ်ခဲ့သူ ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှ် လူငယ် အမျိုးသားတွေ လို့ ယုံကြည်ပြီး ဒီထဲက ၁၉ ယောက် ဟာ အသက် ၁၇ ကနေ ၁၅ နှစ် အကြား ရှိကြတယ်လို့ ထုတ်ပြန်ချက် မှာရေး ထားပါတယ်။


မလေးရှားရောက်မြန်မာ များ အသွားအလာ ဆင်ခြင်ရန် မြန်မာသံရုံး သတိပေး

မေ ၂၁ ရက်က မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသော မလေးရှားနိုင်ငံသား များ (ဓာတ်ပုံ- EPA)




လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ မလေးရှားနိုင်ငံ ၏ လက်ရှိ အခြေအနေများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ သတိထား သွားလာ နေထိုင်ကြရန် မလေးရှားနိုင်ငံ  ဆိုင်ရာ မြန်မာသံရုံး က ယနေ့ မေလ ၂၅ ရက် ညနေပိုင်း၌ သတိပေးချက် ထုတ်ပြန်လိုက်သည်။
 
ယခု ကာအတွင်း ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံ၏ အခြေအနေနှင့် နိုင်ငံတကာ ၌ လှုံ့ဆော် ချဲ့ကား ပြောကြားချက်များကြောင့် မလိုလားအပ်သော ကိစ္စများ မဖြစ်ပေါ်ရန်အတွက် နေထိုင်
သွားလာမှု ဆင်ခြင်ကြရန်နှင့် တစ်ဦးထဲ မသွားလာဘဲ အုပ်စုဖွဲ့နေထိုင်သွားလာကြရန် တိုက် တွန်းထားသည်ဟု ဖော်ပြထားသည်။



Sunday, May 24, 2015

မျက်နှာ ကို ရေခဲနှင့် ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်

 YoYarLay's photo.

 မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့် အနက် မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့်
ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်။ 


ဒီနည်းလေး ဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေ လည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်။ လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်။

(၁) အသားအရည် ကို ကြည်လင်စေနိုင်ပါတယ်
ရေခဲတုံးဖြင့် မျက်နှာ ကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူ ကို အထောက် အကူပြုစေ မှာ ဖြစ်ပြီး မျက်နှာကို သိသိ သာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။

(၂) မျက်နှာပေါ်မှ အရာများ ကို ဖယ်ရှားနိုင်ခြင်း
မျက်နှာပေါ် မှာ ရှိတဲ့ အမည်းစက် များ၊ ဝက်ခြံ များ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။

(၃) မျက်လုံးအောက်က အရေး အကြောင်းများ ကို ကုသပေးနိုင်ပါတယ်
ညဘက် မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ် ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

တရားထိုင်ခြင်း ဟာ သင့်ရဲ့နေ့စဉ် ဘ၀ ကို ဘယ်လို အကျိုးပြုနိုင်ပါသလဲ




How Meditation Adds Value to Your Life | Yangon Life


တရားထိုင်ခြင်း ဟာ အကျိုးကျေးဇူး များတယ် ဆိုတာ လူတိုင်း လိုလို သိကြပေမဲ့ ခက်ခဲနက် နဲ တဲ့ ကိစ္စလို့ ထင်မြင် ကြပြီး တစိုက် မတ်မတ် လုပ်ကြတဲ့သူ ရှားပါတယ်။ အထူးသဖြင့် လူငယ် အများစု က တရားထိုင် တာဟာ ဘာသာရေး အလုပ်ဖြစ်ပြီး ငယ်ရွယ်စဉ် မှာ မလိုအပ်သေးဘူး လို့ထင်ကြပါတယ်။ 

ဒါပေမဲ့ တရားထိုင်ခြင်း ကို တပတ်လောက် လုပ်ကြည့်လိုက်ရင် ပဲ ခံစားရတဲ့ကောင်းကျိုးတွေ ကို သိရှိ လာနိုင်ပြီး အကျိုးကျေးဇူးတွေ ကိုလည်း လက်တွေ့ကြုံလာ ရမှာဖြစ်ပါတယ်။ ဘ၀ မှာ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်း ကို ပိုင်ဆိုင် လာတဲ့ အခါ ပျော်ရွှင်ချမ်းမြေ့ပြီး လူမှုရေး ဆိုင်ရာပြဿ        နာများ၊ ကျန်းမာရေး ဆိုင်ရာပြဿ          နာများလည်း လျော့ပါး လာမှာ အသေ အချာပါပဲ။

တရားထိုင်ခြင်း ဟာ ကိုယ်စိတ်နှစ်ပါးလုံး မှာ ငြိမ်းချမ်းမှု အပြည့် တည်ဆောက်ခြင်း ဖြစ် ပါ တယ် ။ နေ့စဉ် ဘ၀ မှာ လူတွေ ဟာ အမျှင် မပြတ်တွေးတောကြံဆနေကြပြီး ခန္ဓာကိုယ် က အိပ်စက် အနားယူနေရင်တောင် စိတ်နှလုံး က အလုပ် လုပ်နေဆဲ ပါပဲ။ 
 
ဦးနှောက် ဟာ ခန္ဓာကိုယ် က အိပ်နေစဉ် မှာတောင် အလုပ် လုပ်နေဆဲဖြစ်တဲ့ အတွက် အနား ယူ ဖို့အချိန် တစ်ချိန် မဖြစ်မနေ လိုအပ် ပါတယ်။ အမြဲ လည်ပတ်နေတဲ့ စက်တစ်လုံး ဟာ ပြုပြင် ထိန်းသိမ်းရေး ကို မကြာ မကြာ လုပ်ပေးဖို့ လို သလိုပဲ ကျွနိုပ် တို့ရဲ့ ဦးနှောက် ဟာလည်း မကြာခဏ သန့်စင် ရှင်းလင်းပေးဖို့ လိုအပ် ပါတယ်။ 


Tuesday, May 19, 2015

မိဘကျေးဇူး ကန်းတယ် တဲ့လား


ကျွန်တော့်အတွေး မွေးစားပေးကြပါ

 


နန္ဒ၀င်း (ဆေး-၁)

ကျွန်တော် တာဝန် ကျတဲ့ အင်္ဂပူ  မြို့ကလေးမှာ ဆင်းရဲနွမ်းပါးပြည်သူ များ အတွက် အဓိက ရည်စူးပြီး တန်ဖိုး သင့် ညစာ ဆိုတဲ့ အစီအစဉ် ကလေးကို ၁၃၇၇ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့နောက်ပိုင်း က စတင်ခဲ့ပါတယ်။ 

ထမင်းတွေ သီးစုံ ပဲကုလားဟင်းတွေ ၀က်သားတွေ ကြက်သားတွေ ချက် ဆိုက်ကား တစ်စီးပေါ် တင် စေ တနာ့ ၀န်ထမ်းများ က နွမ်းပါးတဲ့ ရပ်ကွက်တွေကို တွန်းသွားပြီး ထမင်းနှင့် သီး စုံ ကုလားဟင်း ဆို နှစ်ရာ ကျပ်၊ ထမင်းနှင့် ၀က်သားဟင်း ဆို သုံးရာကျပ်၊ ထမင်းနှင့်ကြက်သားဟင်း ဆို ငါးရာကျပ် အသီးသီး ရောင်း ချပေးခဲ့ ပါတော့တယ်။ 

အဓိက ကျွန်တော် ရည်ရွယ်တာ က တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေကြ တဲ့ တစ်နေ့ လုပ် တစ်နေ့စား ဆင်းရဲနွမ်းပါး သူ မိသားစုများ ဟာ သူတို့ရဲ့ ညနေစာ ကို အာဟာရ တန်ဖိုး ပြည့်ပြည့်နှင့် စားသောက်နိုင်စေရေး ပဲ ဖြစ်ပါတယ်။

ယခင့် ယခင် ကျွန်တော်တို့ သွားရောက် မရောင်းခင် ကဆို အာဟာရ စံညွှန်း အနည်းငယ်သာ ပါတဲ့ ငါးပိ ချက် (ခုနောက်ပိုင်း ငါးပိ ပါ ဈေးတက်ကုန် လို့ ငါးပိ နည်းနည်း ကို အရည်ဖျော်) နှင့် မိသားစု တစ်စု လုံး ဖြစ် သလိုစားခဲ့ ရပါတယ်။ 


ခုတော့ ငါးပိချက် ငါးပိဖျော်သာ မက အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တွေ အကုန် ပါတဲ့ သီးစုံ ပဲကုလားဟင်း ကိုတော့ ငွေနှစ်ရာကျပ် (သူတို့ အဆို  ဆို ထင်းဖိုး သာသာနှင့်) စားသောက်နိုင်ခဲ့ ပါပြီ။ 

 ရောင်းချပေးနေ တဲ့နောက် ကို တစ်ရက်လောက် လိုက် ကြည့်သူတိုင်း ပီတိဖြစ်ကြ ရပါတယ်။ နွမ်းနွမ်း ပါးပါး သူတို့ဟာ ဆိုက်ကားနား ကပ်လာတယ်။ ပြီးရင် ဟဲ့ကြက်သားအိုးပြ ပါဦး၊ ၀က်သားအိုးပြ ပါဦး၊ ဒီနေ့ အသားကောင်း သားဟဲ့၊ ကဲကဲ သီးစုံ ကုလားဟင်းပဲ ထည့် ဆိုတာမျိုးလေးတွေ။ 

သင့် ကား Dashboard မှာ ယခုလို မီးလေး လင်းနေသည် ဆိုပါက ….

Motors.com.mm's photo.



အင်ဂျင်ဝိုင် နဲ့ ပတ်သက် လို့ တခုခု ချို့ယွင်းနေပြီ ဆိုတာ သတိပေးတဲ့ အနေနဲ့ အချက်ပေးတာဖြစ်ပါတယ်၊ ဒါပေမဲ့ စက်နှိုးနှိုးချင်း မှာ လင်းနေပြီး သိပ်မကြာခင်ပြန်မှိတ် သွားပါတယ်၊

အင်ဂျင်ဝိုင် ဖိအား(Prssure ) မပြည့် ရင်လည်း လင်းတက် ပါတယ်၊ အင်ဂျင်ဝိုင် ဖိအားနည်းနေပါက အင်ဂျင်ကို အများကြီး ထိခိုက်စေပါတယ်၊

မီးလင်းနေတာ ကို ဆက်လက်မောင်းနှင် ပါက မကြာခင် စက်ထိုးရပ် သွားမှာဖြစ်လို့ လုံးဝရှောင် ရှား သင့် ပါတယ်၊


ကြီးမား လာတဲ့ လူမှောင်ခို ကုန်ကူးမှု များ၊ ရင်းမြစ် နဲ့ အန္တရာယ်

Shwe Myanmar's photo.

မေ ၁ ရက်နေ့ ကမ္ဘာ့ အလုပ်သမားနေ့ မှာမှ တိုက်တိုက် ဆိုင်ဆိုင် ဒေသတွင်း နဲ့ နိုင်ငံတကာ က ပြည်သူ လူထုတွေ ထိတ်လန့် တုန်လှုပ် သွားခဲ့ရတဲ့ အရုပ်ဆိုးတဲ့ဖြစ်ရပ် တခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါ ကတော့ ထိုင်းနိုင်ငံ ဆွန်ခလာ ခရိုင် ထဲက မလေးရှား နယ်စပ်မှာ ရှိတဲ့ ဖဒန်းဘာဆာ မှာ ထိုင်းရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ ၀င်တွေက ပုပ်သိုး ယိုယွင်းနေပြီဖြစ်တဲ့ လူသေ အလောင်း ၃၃ လောင်းကို တူးဖော်တွေ့ရှိ ခဲ့တဲ့ ဖြစ်ရပ်ပါ။

ထိုင်း ရဲတပ်ဖွဲ့ ကတော့ အဲဒီလူသေ အလောင်းတွေ ဟာ မြန်မာနိုင်ငံ က ရွှေ့ပြောင်း လာကြတဲ့ ရိုဟင် ဂျာ တွေ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ အဲဒီ လို တွေ့ရှိ ခဲ့တာ ဟာ မလေးရှားနိုင်ငံသား တစ်ဦး က မလေးရှား မြို့တစ်မြို့ဖြစ်တဲ့ ဖဒန်ဘာဆာ နားက ထိုင်း နယ်မြေ ထဲမှာ ကြီးမားတဲ့ သင်္ချိုင်း တခုကို တွေ့ရှိခဲ့တယ် ဆိုတဲ့ သတင်းပေးမှုကြောင့် ထိုင်း နယ်စပ် အာဏာပိုင် တွေက သွားရောက် စစ်ဆေးကြည့်ရှု ခဲ့လို့ မြေမြှုပ်ထားတဲ့ အလောင်းတွေ ကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။


 Shwe Myanmar's photo.


အဲဒီနေရာ အနား မှာ မြေ မမြှုပ်ရသေးတဲ့ အလောင်း တလောင်း ကိုလည်း တွေ့ရှိ ခဲ့ရပါတယ်။ နောက် အဲဒီ လို တောတွင်း စခန်းနောက်တစ်ခု မှာလည်း နောက်ထပ် သင်္ချိုင်း ၅ ခု ကို ထပ်ပြီး တွေ့ရှိ ခဲ့ရတဲ့အတွက် လက် ရှိ အာဏာသိမ်း ထိုင်း ၀န်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က လူကုန်ကူးမှု နဲ့ ဆက်စပ်နေတဲ့ ထိုင်း အစိုးရ အရာရှိတွေ ကို ပြင်းပြင်း ထန်ထန် အရေးယူမယ် လို့ သတိပေးခဲ့ ရပါတယ်။


Saturday, May 16, 2015

ဂျပန် သို့ ပို့ဆောင်ပေးမည် ဟု ဆိုကာ ငွေကြေး လိမ်လည် သူ ညီ အစ်ကို ၂ ဦး အသတ် ခံရ

 News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.

“တစ်မိသားစုလုံး ရှိသမျှ  စုပေးလိုက်  ရတဲ့ ငွေပေါ့ဗျာ။ အမေ က ဒီငွေ အလိမ် ခံရလို့ ဆိုပြီး စိတ်ဖိစီး မှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်း မှာ သေခဲ့ ရတယ်။ အဖေ လည်း နောက် တလ မှာ သေရပြန်တယ်။”
 


ဂျပန် သို့ ပို့ဆောင်ပေးမည် ဟု ဆိုကာ ငွေကြေး လိမ်လည် သူ ညီ အစ်ကို ၂ ဦး အသတ် ခံရ မှုနှင့်ပတ်သက် ၍ ထွက်ပြေး တိမ်းရှောင် ခဲ့သူ ကျော်သူရ  (ခ)ပြည်ကျော် သည် ၂၀၁၅ ခုနှစ် မေလ ၁၃ ရက် ည ၆း၀၀ နာရီ အချိန် ဘားအံမြို့မ ရဲစခန်း သို့ ကိုယ်တိုင် လာ ရောက် အဖမ်းခံ ခဲ့ကြောင်း သိရသည်။

လက်ပြန်ကြိုး တုပ်လျက်ဖြင့် အသတ် ခံထားရသည့် အမျိုးသား အလောင်းနှစ်လောင်း ကို ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ ရွှေပြည် ၃ ရေလှော င်တမံ သွားရာ လမ်းဘေး တွင် ၂၀၁၅ ခုနှစ် မေ ၅ ရက်တွင် ကား တစီး မှ လာရောက် စွန့်ပစ်မှု ဖြစ်ပွား ခဲ့ရာ အဆိုပါဖြစ်ရပ်မှာ အင်းတကော်မြို့တွင် နာမည်ကြီး လူသတ် မှု ဖြစ် လာခဲ့သည်။


လူသတ်မှု တစ်ခု ဟု ယူဆနိုင်သော်လည်း ယင်းနောက်ကွယ် တွင် ဖြစ်ပွားနေသော ကိစ္စ တချို့မှာ စိတ်ဝင် စားစရာ ကောင်းလှ သလို ထိုသို့ လာရောက်စွန့်ပစ် မှုကို ၁၅ နှစ်ခန့် အရွယ်ရှိ ကလေး မလေးမှ စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။




ပုံစံဟောင်း ခွက်ထဲ က ဖောက်ထွက်သူ


လုပ်သားပြည်သူ The Working People's photo.
 


စည်ပင် က ဇောတိက ဦးခင်လှိုင် ကို ရွှေတိဂုံ စေတီတော်ကြီး အနီး က ဆောက်လုပ် မယ့် Dagon City စီမံကိန်း တားမြစ်ရာ ကနေ စပြီး သူ့ အကြောင်း ကို သတိပြုခဲ့မိတယ်။ အဲ့ဒါ ကြောင့် သူလုပ် ခဲ့တဲ့ လုပ် ငန်းတွေ ကို ပြန်ကြည့်လိုက်တော့ အားပါးပါး တကယ့် ကို နိုင်ငံတွက် မရှိ မဖြစ် ပုဂ္ဂိုလ် တစ်ယောက် ဆိုရင် မှားမယ် မထင်ပါဘူး။

တကယ့် ကို လူတော် လူကောင်း တစ်ယောက်ဖြစ်သလို လုပ်ရဲ ကိုင်ရဲ ပြောရဲ ဆိုရဲ တဲ့ သူတစ်ဦးပါ။ သူ့  ကိုယ်ပိုင် လုပ်ငန်း ဇောတိက သင်္ကန်းတိုက် ကို သားသမီးတွေ နဲ့ လွဲအပ်ပြီး နိုင်ငံ အကျိုးတွက် ကျရာနေရာ ကနေ တိုင်းပြည် ကို အမှောင်လမ်း ကနေ အလင်းထဲ တွန်းတင်နေတဲ့သူပါ။

  ငွေကြေး ဥစ္စာကို ရိုးသားစွာ ရှာပြီး ချမ်းသာ လာတဲ့ သူတစ်ဦး ရဲ့ အရေး ၊ အပြော၊ သူ့   လုပ်ရပ်တွေက တကယ့် ကို ပြတ်သား တည်ကြည်လွန်းတယ်။

ယခု  ရွှေတိဂုံ စေတီတော်ကြီး ကိစ္စ မဖြစ်ခင် အေးရှားဝေါလ် က အာဏာပိုင်တွေ နဲ့ လက်ဝါးချင်း ရိုက်ပြီး ကျပ်သန်း ဘီလျံ  ချီမယ့် မြေနေရာ ကို ဆီတိုင်ကီကြီးတွေ ဆောက်ဖို့ ယူထား ရာက သူ့ တာဝန် ယူတဲ့ အချိန် မှ အချိန်မှီလေး ပြန် ရယူပေးခဲ့တယ်။

သူနေ့ ရာမှာ တခြားသူ တစ်ယောက်သာ ဆို ကုမ္ပဏီတွေက ဆွယ်တဲ့ လက်သိပ်ထိုး လဘ်ငွေကို ကိုယ်ကျိုး တွက်ပဲ ယူပြီး မသိချင်ယောင်ဆောင်နေကြ မှာကျိန်းသေ တယ်။ ခုလို အေးရှားဝေါလ် တို့ ရွှေတိဂုံစေတီတော် ကြီး တို့ လို ကျနော် တို့  မသိတဲ့ တစ်တိုင်းပြည်လုံး က လုပ်ကွက်တွေကို အာဏာရှင်တွေ နဲ့ ပေါင်းပြီး ခရိုနီ တစ်စု ဘယ်လောက်တောင် တိုင်းပြည် ဘဏ္ဍာ အဆီအနှစ်တွေ စားမြိုထားပြီးပြီလဲ။

ဒုတိယ ကမ္ဘာစစ် နဲ့ ပတ်သက်ပြီး လူတွေ သိပ် သတိမထား မိတဲ့ ဒီ အချက်တွေက စစ်ရဲ့ဆိုးကျိုးကို ဖော်ပြပေးနေတာ

ဒုတိယ ကမ္ဘာစစ် အကြောင်း လူတွေ ပြောတာ သင် ခဏခဏ ကြားဖူးမှာပါ။ သင် ကိုယ်တိုင်လည်း သိသင့် သလောက် သိပါ လိမ့်မယ်။ ဒါပေမယ့် ခုပြောပြမယ့် အချက်လေးတွေ ကိုတော့ သင် သိဖို့ ခဲယဉ်းပါတယ်။ 

မှတ်သားစရာ အချက်တွေ မို့ ဖတ်ကြည့် လိုက်ပါဦး။

၁။ ၁၉၃၈ ခုနှစ် ကမ္ဘာ့ လူဦးရေ ရဲ့ ၃%လောက် ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ အသတ် ခံခဲ့ကြရပါတယ်။

၂။ ၁၉၂၃ ခုနှစ် ဖွားတဲ့ ဆိုဗီယက် (ရုရှား) နိုင်ငံ ရှိ လူငယ် စစ်သား ၈၀%ဟာ ဒုတိယ ကမ္ဘာစစ် အတွင်း သေ ခဲ့ကြ ပါတယ်။ 

သူတို့တွေဟာ ငယ်သေးတဲ့ လူငယ်လေးတွေဖြစ်ပြီး တိုက်ခိုက်မှု အတွေ့အကြုံ မရှိကြပါဘူး။ နာဇီတို့ရဲ့ ညှင်းပန်း နှိပ်စက်မှုလည်း ခံရပါသေးတယ်။

 စစ်ပြီးနောက်မှာတော့ ၁၉၂၃ ခုနှစ်ဖွား စစ်သား ၃ ၄၀၀ အနက် မှာ ၁၁၀၀ပဲ အသက်ရှင် ကျန်ပါတယ်။

၃။ လန်ဒန် တိရစ္ဆာန် ရုံထဲရှိ အဆိပ်ပြင်းတဲ့ တိရိစ္ဆာန် မှန်သမျှ  အသတ် ခံကြရပါတယ်။

၎။ ၈လ အတွင်း မှာ တင် နာဇီ တို့ဟာ ဆိုဗီယက် အကျဉ်းသား ၂.၈ မီလီလျံ ကို သတ်ခဲ့ကြပါတယ်။