ပုံမှာပါတဲ့ ဝံပုလွေအုပ်ကို ကြည့်စမ်းပါ ။
အရှေ့ဆုံးမှာ သုံးကောင်
အဲဒီသုံးကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေဖြစ် တယ် ။ သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ် ။

သုံးကောင်အနောက်က ငါးကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည် ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ ။ သူတို့ရဲ့ တာဝန်က တစ်ကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ် ။
ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ ဖြစ်တယ် ။
အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့က ငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည် အကောင်းဆုံး ငါးကောင်ဖြစ်တယ် ။ သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ် ။