ခရုသင်း သည် အရေပြားပေါ်တွင် အရောင်ကင်းမဲ့သော အကွက် (သို့မဟုတ် ) အဖြူကွက်များ ဖြစ်သော အနည်းငယ် အဖြစ်များသည့် နာတာရှည် အရေပြားရောဂါ တစ်မျိုး ဖြစ်ပါသည်။ အရေပြား ၏ အရောင်ကို ဖြစ်စေသည့် မယ်လနိုဆိုက်ဆဲလ် (melanocytes) များ သေသွားသောအခါ သို့မဟုတ် အလုပ် မလုပ်သောအခါ ဤရောဂါ ဖြစ်ပွားပါသည်။
ရောဂါလက္ခဏာများ
**************
အတွေ့ရ အများဆုံးမှာ ခြေလက် တို့တွင် အရောင်မရှိသော အကွက်၊ အဖြူကွက်များ ဖြစ်ပေါ်ခြင်း ဖြစ်ပါ
သည်။ နေရောင်နှင့် ထိတွေ့သော ကိုယ်ခန္ဓာ အရေပြားတွင် အဖြစ် များပါသည်။ သေးငယ်သော အဖြူ
ကွက်များ အဖြစ် စတင်ပြီး အဖြူကွက်များ ကြီးလာခြင်းနှင့် ပုံသဏ္ဍာန်ပြောင်းလာ ခြင်းများ မကြာခဏ တွေ့ ရတတ်ပါသည်။
မျက်နှာ၊ လက်များ နှင့် လက်ကောက်ဝတ်များ တွင်ဖြစ်သော
အချို့ အဖြူကွက်များ၏ အနားသတ်တွင် အသားရောင် ပိုရင့်နေတတ်ပါသည်။ mucous membranes များ (ပါးစပ်နှင့် နှာခေါင်း အတွင်း) တွင်လည်း ဖြစ်နိုင်ပါသည် ။ ခရုသင်း အကွက်များ ပေါ်တွင် ပေါက်သော အမွေး များသည်လည်း တစ်ခါ တစ်ရံ ဖြူနေတတ်ပါသည်။
အချိန် မတိုင်မီ ဆံပင်များ၊ မျက်တောင်များ မျက်ခုံးမွေးများနှင့် မုတ်ဆိတ်မွေးများ ဖြူခြင်းလည်း ဖြစ်နိုင်ပါ
သည်
လျှင် အချို့ ခရုသင်းကွက်များသည် အနာကြီး အကွက်များနှင့် ဆင်တူတတ်ပြီး အနာကြီးရောဂါဟု အထင် ခံရတတ်ပါသည်။ ထို့ကြောင့် ခရုသင်း လူနာများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရမှုမှာ သိသိသာသာ ထိ
ခိုက် ခံစားရမှုဖြစ်ပါသည်။
ထို စိတ်ထိခိုက်မှုသည် ခရုသင်းရောဂါကို ပိုဆိုးစေနု