နိုင်ငံတစ်ကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်။ ။
၁၉၄၂ ခုနှစ် ရခိုင် သမိုင်းမှာ ဒီလို ပုံရိပ်တွေ ရှိခဲ့တယ် ။

(1942 ) ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။
အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်သားများက ရခိုင် အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလား အရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။
ယင်းပြဿနာသည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော် (ဘုံပေါက်) တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။
သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင် ၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ် ကုလားခေါင်းဆောင် အချို့ ဦးဆောင်ကာ နယ်ခံ ကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများနှင့် ကျေးရွာများကို အမြစ်မကျန် ချေမှုန်း သုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော် စည်းရုံးကြလေသည်။
ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင် (အိုင်စီအက်) သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့  မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသော သူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် ) ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တွင် ကုလား များ၏ ပစ်ခတ် လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။
(၁၉၄၂) ခုနှစ် မေလ တွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်။ ရခိုင်ကျေးရွာ များကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက် ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြ သည်။
မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီ အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည်။ မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြ သည်။
မောင်တောမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်း ထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။ ဒါး ဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ။
မောင်တောမြို့အလယ်ရွာက ဟု ထင်ပါသည်။ အိမ်ထောင်စု တစ်စု မနက် (၄နာရီ) လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော
ပစ္စည်း များအားလုံးလည်း လုယူ ခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။
ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာ ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ် အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွှားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်။