Wednesday, March 8, 2017

သင့် အိမ်ထောင်ရေး ကံကြမ္မာ ဟောကိန်းများ




တနင်္ဂနွေ (၆) ၊ 
တနင်္လာ (၁၅) ၊ 
အင်္ဂါ (၈) ၊ 
ဗုဒ္ဓဟူး (၁၇) ၊ 
ကြာသပတေး (၁၉) ၊
သောကြာ (၂၁) ၊ 
စနေ (၁၀)
ဥပမာ ဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ် ဆိုရင် ဘယ်လို မိန်းမမျိုး ကို ရမှာလဲ ဆိုတာ တွက်ကြည့်ကြည့်ရအောင်။ 

သူ့ရဲ့ အသက် (၃၅)နှစ် နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက် (၁၇) နဲ့ပေါင်းလိုက် 
(၃၅+၁၇=၅၂) 
အဲဒီ (၅၂) ကို (၇) နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။ အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ 

လွယ်ပါတယ် ။ မခက်ပါဘူး။ ဒီဟောကိန်းကိုတော့ အနာထပိဏ် သူဌေးကြီး ၏ ချွေးမဖြစ်သူ “ သုဇာတာ” ကို အကြောင်းပြု ၍ ဘုရားရှင်မြတ်ဗုဒ္ဓ ဟောတော် မူသော ဇနီးမယား ခုနှစ်မျိုးကို အကြောင်းပြု အခြေခံ ၍ ရှေး ကျမ်းများတွင် “သုဇာတာဟောကိန်း” လို့ အမည်ပေးထားတာဗျ  ဟု ပြောလိုက်လေ တော့၏။
တစ်ကြွင်းဟောကိန်း
အိမ်ထောင်ဖက် ဇနီးသည် မူလက မည်မျှ စရိုက်ကောင်း၊ စိတ်သဘောထား ကောင်းသည်ဖြစ်စေ၊ အိမ်ထောင် ကျပြီးနောက် ဆိုးသွမ်းသော စရိုက် သို့ ပြောင်းသွားမည်။ မူလ စရိုက် ဆိုးလျှင်ကား ဆိုဖွယ်ရာ မရှိ အညံ့ကြုံမည်။ အလွန် ဒုက္ခပေးသော ဇနီမယားဖြစ်မည်။ ဆိုးယုတ်မည်။ စရိုက်ကြမ်းမည်။ မြည်တွန်တောက် တီးမှု အမြဲပြုမည်။ အကြင်နာမဲ့မည်။ ပြဿ       နာ အမြဲရှာနေမည်။ ကလေးနှစ်ဦးရပြီးမှ အညံ့ကင်းမည်။
နှစ်ကြွင်းဟောကိန်း
ရရှိသော ဇနီးမယားသည် ခိုးသူနှင့် တူသော မယားတည်း။ မူလ အခြေအနေ စရိုက် မည်မျှ ကောင်းစေ၊ အိမ်ထောင် ကျပြီးနောက် စရိုက်ပြောင်းမည်။ လင်သားငွေကို ခိုးယူ၍ သူတစ်ပါးကို ပေးမည်။ မာယာ များသော စကားကို ဆိုမည်။ ငွေသုံးဖြုန်းမည်။ လင်သား မသိအောင် အရာရာ လျှို့ဝှက် လုပ်တတ်သည်။ အိမ်ထောင်သက် သုံးလ တွင် စရိုက်ပြင်လျှင်ပြင် ၊ မပြင်လျှင် (၁၅) လ ကြာမှပြင်မည်။ (၁၅) လကြာမှ မပြင် က (၃) နှစ်ကြာမှ ပြင်မည်။ သုံးနှစ်ကြာမှ မပြင်ပါက ရာသက်ပန် အမြဲစရိုက်ဆိုး လွှမ်းမိုးမည်။



Tuesday, March 7, 2017

ကျုပ်က စာမကျက်နိုင်တော့ဘူး ဒီတော့ အားထုတ်မှုမှာ ပိုပြီးလုပ်ရတာ




ဒေါ်နယ်လ်ထရန့် ပဲဖြစ်ဖြစ် ကလင်တန် ပဲဖြစ်ဖြစ်
အာရုံ ၆ ပါး နဲ့ လူပ်ရှားနေကြတာ ဒိ့ထက် မပိုဘူး..
တစ်ကယ့် အသိဉာဏ် ရင့်သန်လာတဲ့ ဆရာတော်ကြီးတွေကျတော့
အဲဒါကိုသာ ရှုတယ်..

ဦးဇင်း အသံက တစ်ကယ်တော့ ကောင်းတာ မဟုတ်ဘူး..
ဘယ်သူမှ ငြင်းမရတဲ့ စကားလုံးတွေကို
သံစဉ် ထည့်ဆိုတာ ဘုရား စကားတွေလေ..

ဒီမင်းသမီး ကိုပဲ တော်ကြာ အမေဖြစ်လိုက်
တော်ကြာ ဇနီးဖြစ်လိုက် တော်ကြာ သမီးဖြစ်လိုက်နဲ့
ကာယကံ ဝစီကံ မနောကံ အကြိမ်ပေါင်းများစွာ ဖောက်ပြန်..
ဘယ်လောက် ငရဲကြီးနေပြီလဲ ဒီတော့
တစ်ခုခုတော့ ပြန် အကြွေးဆပ်ရမယ် ဆိုတာ သိလိုက်တယ်..

အသိဉာဏ်ရောင်းတဲ့ဆိုင် ဆိုတာ ရှိလား?..
မရှိဘူးနော် မရှိရင် ကိုယ့်ဟာကိုယ် လုပ်ကြ..



သိပ် မအိပ်ကြနဲ့..
သေရင် အကြာကြီးအိပ်ရမှာ..



မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြစရာ အသုံးပြုနိုင်တဲ့ အချက် (၈) ချက်ရှိ



အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿ       နာတစ်ခု တက်နေပါတယ်ရှင့်။ ကျမ က အခု အသက်၂၃ နှစ် ရှိပါပြီရှင့်။ ကျမ တို့ မိန်းကလေး သဘာဝ အရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရ မယ် လို့ ကျမ အမျိုးသားက ပြောပါတယ်။ 

ကျမ အဲဒီလို သွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။  ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲ ဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿ        နာလုပ်နေပါတယ်။ အမှန်တစ်ကယ်ကို ကျမသူနဲ့ မရခင် ဘယ် သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ 

သူ့ကို ပြောပြတော့လဲ သူက ကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေ ရသလဲ ဆိုတာကို ကျမ အမျိုးသား ယုံအောင် ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့ အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။  

အဖြေ – “Medico-legal cases ဆေးပညာ နဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျို စစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့ အချက် (၈) ချက်ရှိတယ်။  

1. Breasts of virgin  အပျိုစစ် တစ်ယာက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတစ်ခု ကို ထက်ခြမ်း ခြမ်းထားလို ရှိတယ်။ နို့သီး ထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ် အရောင်ရင့် အဝိုင်း အရောင်က အသားဖြူ သူတွေမှာ ပန်းရောင်၊ အသားရောင် သိပ် မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက် ရင် မဲနေမယ်။  

2. Labia majora  မ- အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်း ရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝ ကို လုံးဝ ဖုံးထားနေမယ်။  

3. Labia minora  မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင် ရင် အာရုံခံ အသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးက ဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)  

4. Clitoris  မ-အစိ ဟာ သေးငယ်ပြီး ပန်းရောင် ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံး အုပ်နေမယ်။ (အရောင်က တစ်သမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူ ရှိသလို သေးငယ်သူလဲ ရှိတယ်။ တစ်ယောက်တည်းမှာ ဆက်ဆံမှု အကြိမ် များရင် များသလို၊ အသက်ရရင် ရသလို ပိုကြီး လာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျား အင်္ဂါလို ဖြစ်နေမယ်။)  


5. Vaginal opening  ဗဂျိုင်းနား အပေါက်ဝ အကျယ်ဟာ ၁ဝ နှစ်သမီး အရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီး ဆိုရင် လက် တစ်ချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ် ကိုသာ တာဝန် ထမ်းရဘူးသေးတယ်။  

6. Vagina   ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝ နဲ့ သားအိမ် အဝကြား အကွာအဝေး က တိုတိုလေးဘဲ ရှိမယ်။ ကြွက်သား နဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ 

ဒါပေမဲ့ ဒီလို တစ်ခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင် အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)  


လူမမြင်ရပေမဲ့ အတွင်းသားက အသား အရေ ဖြူဝင်းနေစေဖို့


လူမြင်နေရတဲ့နေရာက အသား အရေ ဖြူဝင်းနေရုံသာမက လူမမြင်ရတဲ့ ချိုင်းကြား ပေါင်ကြား နားက အသား အရေတွေလည်း ဖြူဝင်းနေစေဖို့ လိုပါတယ်။

 နွေရာသီလည်းရောက်လာပြီ ခရီးသွားရာသီလည်း ရောက်လာပြီဆိုတော့ (မြန်မာပြည်မှာ ၀တ်တာ ရှားပေမဲ့) ဘစ်ကနီ ၀တ်ပြီး ကမ်းခြေမှာ အပန်းဖြေချင်သူတွေ အတွက် အသားအရေ ညီညာချောမွတ် နေစေဖို့ ဒီနည်း လမ်းလေးကို တင်ပြပေးလိုက်ပါတယ်။
ပါဝင် ပစ္စည်းတွေကတော့....



သံပုယိုသီး (သို့) သံပုရာသီး ၁ လုံး
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှင်းဆီကို ရေနွေးနဲ့ပြုတ်ပြီး အအေးခံကာ ရလာတဲ့ရေ (သို့) ရိုးရိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘယ်လိုသုံးမလဲ.........





သံလွင်ဆီ ကို ပေါင်ကြား (သို့) ချိုင်းကြား နဲ့ တစ်ခြားညိုမဲနေတဲ့ နေရာတွေမှာ လိမ်းပေးပါ။
နာရီဝက် ၁ နာရီလောက်ထားပါ။



Thursday, March 2, 2017

ကြွက်နို့ အကြောင်း သိကောင်းစရာ



ကြွက်နို့ ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ် တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထ ရှိ တဲ့ ရောဂါ ပါ။ သေးငယ် တဲ့ အဖု ထွက်ပေါ် တာ ဒါမှ မဟုတ် အဖုကြီး ထွက်တာ၊ မိမိ ကို စိတ် အနှောင့် အယှက်ဖြစ်စေ တာနဲ့ နာကျင်တာတွေ ဖြစ်တတ် ပါတယ်။ ကြွက်နို့ နဲ့ ပတ်သက်ပြီး သိသင့် တာတွေ ကို ဖော်ပြပေး လိုက်ပါတယ်။ 
ဘာကြောင့် ကြွက်နို့ ပေါ်ပေါက် ရပါ သလဲ။ 

ကြွက်နို့ ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ် ရတာပါ။ HPV အမျိုး အစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုး အစားပေါင်း မျိုးစုံ ကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါ နဲ့ လည်ချောင်း အစရှိတာလို မျိုး နေရာ အနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။
သင့်ထံ ကို ဗိုင်းရပ်စ် ပိုး တစ်ခါ ဝင်ရောက် ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီ  ဗိုင်းရပ်စ် က တစ်သက်လုံး သင့် ခန္ဓာကိုယ် ထဲမှာ ရှိနေတတ် ပါတယ်။
ကြွက်နို့ က ဘယ်လို ကူးစက်နိုင် ပါ သလဲ။
တစ်ခြား လူတစ်ယောက်မှာ ရှိတဲ့ ကြွက်နို့ မှ တစ်ဆင့် တိုက်ရိုက် ကူးစက်နိုင် ပါတယ်။ အထူးသဖြင့် သင့် အရေပြား မှာ ပြတ်ရှ ရာ၊ ခြစ်ရာ ဒါမှမဟုတ် အဖု အပိမ့်တွေ ပေါက်နေခဲ့ ရင်ပါ။ အများသုံး ရေကူးကန် ဒါမှ မဟုတ် အများသုံး အဝတ်လဲခန်း မှာ ဖိနပ် မပါဘဲ လမ်းလျှောက်ရင် လည်း ကြွက်နို့ ဖြစ်တတ်ပါတယ်။
အထူးသဖြင့် သင့်ခြေဖဝါး မှာ ဒဏ်ရာ ရှိနေရင်ပါ။ သင့် ခန္ဓာကိုယ် တစ်နေရာ မှာ ရှိနေတဲ့ ကြွက်နို့ ကနေ အခြား တစ်နေရာ ကိုလည်း ပြန့်ပွား တတ်ပါတယ်။ မုတ်ဆိတ် ရိတ်တာ၊ ခြစ် မိတာ ဒါမှ မဟုတ် လက်    သည်း ကိုက်တတ် တဲ့ အကျင့်တွေကြောင့်ပါ။
ဥပမာ အားဖြင့် သင့် လက်ချောင်းမှာ ကြွက်နို့ ရှိနေပြီး အဲဒီကြွက်နို့ ကို သင့် ပါးစပ် နဲ့ ကိုက်ဆွနေမယ် ဆိုရင် သင့်နှုတ်ခမ်း မှာ ကြွက်နို့ ဖြစ်ပေါ်တတ် ပါတယ်။ လိင် အင်္ဂါကြွက်နို့တွေ ဟာ လိင် ဆက်ဆံရာမှ တစ်ဆင့် ကူးစက် တတ်ပါတယ်။
ကြွက်နို့ ကို ကုသမှု ခံယူ စရာ လိုပါသလား။ 

ကြွက်နို့ တိုင်းဟာ သူ့ဘာသာ သူ ပျောက်ကွယ် တတ်တာကြောင့် ကုသမှု ဟာ အမြဲတမ်း မလိုအပ်ပါ ဘူး။ ကုသမှု မခံယူ လည်း ကလေးတွေ မှာဖြစ် တဲ့ ကြွက်နို့တွေ ရဲ့ ၅၀ ရာခိုင်နှုန်း ဟာ ခြောက်လ အတွင်း ပျောက် ကွယ် တတ်ပြီး ၉၀ ရာခိုင်နှုန်း ဟာ နှစ်နှစ် အတွင်း ပျောက်ကွယ် တတ်ပါတယ်။
အသက်ကြီး သူတွေမှာ ကျန်းမာရေး ကောင်းမွန် သူဖြစ်ရင် ကြွက်နို့ ဟာ နှစ်နှစ် မှ သုံးနှစ် အတွင်း သူ့ ဘာသာ သူ ပျောက်ကင်း သွားတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ ကို ကုသမှု မခံယူ ခင်မှာ သေချာ ဆုံးဖြတ်သင့် ပါ တယ် ။ ကုသမှုကြောင့် အမာရွတ် ထင်ပေါ်နိုင် တာကြောင့်ပါ။ 

ဘယ်လို ကြွက်နို့ အမျိုးအစား ဟာ ကုသဖို့ လိုပါသလဲ။ 

လိင် အင်္ဂါကြွက်နို့ နဲ့ သာမန်ကြွက်နို့တွေ ဟာ ကုသဖို့ ပိုလွယ်ကူ ပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ Plantar အမျိုး အစား ဟာ ပိုမို ထူ ထပ်တာကြောင့် ကုသရတာ ခက်ခဲပါတယ်။
ကြွက်နို့တွေ အုပ်စု လိုက် ရှိနေ တဲ့ Cluster အမျိုးအစား ဟာလည်း ကုသရ တာ ခက်ခဲ တတ်ပါတယ်။ သင့် ခန္ဓာကိုယ် ထဲမှာ ဗိုင်းရပ်စ်ပိုး အမြဲတမ်း ရှိနေတတ် တာကြောင့် သင်နေမကောင်း ဖြစ်နေချိန် ဒါမှ မဟုတ် ခုခံအား ကျဆင်းနေချိန်မှာ ရောဂါ ပြန်လည်ဖြစ်တတ် ပါတယ်။


Saturday, February 25, 2017

ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့ လက္ခဏာ (၉) ရပ်



ကိုယ့်မှာ နာတာရှည်ရောဂါ ရှိနေတာမျိုး၊ ဒါမှမဟုတ် အသက်အန္တရာယ်ကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ ရောဂါကြီးကြီးမားမား ရှိနေတာမျိုး မဟုတ်ဘူးဆိုရင် လူ့သက်တမ်းစေ့ နေရဖို့ ဆန္ဒရှိမှာပဲ မဟုတ်လား။ 

ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အကျင့်တွေ အပြုအမူတွေကို မလုပ်ဘူးဆိုရင်လည်း အသက်ရှည်ရှည်နေရဦးမှာပါ။ ဒါပေမဲ့ အောက်ဖော်ပြပါ လက္ခဏာတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်ဟာ အသက်ရှည်ရှည်နေဖို့ အခွင့်အလမ်း နည်းပါးနေပါပြီ။


  ၁။ မျိုးရိုး 
 ကိုယ့်ရဲ့ ဘိုးဘေးတွေ၊ မိဘတွေ အစဉ်အဆက် က အသက်ရှည်ရှည် မနေသွားခဲ့ကြရဘူး ဆိုရင် သင့်မှာလည်း အသက် ရှည်ဖို့ အခွင့် အလမ်း နည်းပါးပါတယ်။ အသက် ရှည်ဖို့ ဆိုတာက မျိုးရိုး ဗီဇကလည်း အရေးကြီး ပါတယ်။ ဒါပေမဲ့ ၂၅ ရာခိုင်နှုန်းသာ သင့်ရဲ့လူ့သက်တမ်းနဲ့ ဆက်နွှယ်နေတာပါ။



  ၂။ အလုပ်ကို ဦးစားပေးလွန်းတာ 

 အလုပ် လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက်လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့ သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။



၃။ တစ်နေကုန် ထိုင်တာ 

ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာ ဂျာနယ်တစ်စောင်မှာ ဖော်ပြချက် အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်းလွယ်သွားပါသတဲ့။



  ၄။ သူများနဲ့ တန်းတူ လမ်းမလျှောက်နိုင်တာ 

 ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ် လွဲထားတာမျိုး မဟုတ်ဘဲ သူများနဲ့ တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူးဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တစ်ကယ် အကျိုးရှိစေ ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။



  ၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့မလွယ်တာ 

  ကိုယ့် ခန္ဓာကိုယ် အလေးချိန်လောက်ရှိတဲ့ အလေးအပင်တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကိုတောင်မှ မသယ်နိုင် မမနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ် ရွယ်ရွယ်နဲ့ အိုမင်း ရင့်ရော်ကာ အားနည်းနေတဲ့ သဘောပါပဲ။ ကြွက်သားတွေမှာ အဆီတွေများနေတဲ့ လက္ခဏာ လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက် မခိုင်တာ၊ ကြွက်သားတွေ တင်း ရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ်လိမ့်မယ်လေ။



တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် အကြောဆန့်လေ့ကျင့်ခန်း



ရုံးတက်ချိန်ကနေ ရုံးဆင်းချိန်အထိ စားပွဲမှာထိုင်ပြီး အလုပ်လုပ်ခြင်းဟာ အသက်တိုစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့် အကြောတက်တာ၊ ကျီးပေါင်းတက်တာ၊ ခါးနာတာမျိုး မကြာခဏ ကြုံရတယ်မဟုတ်လား။ အကြောဆန့်လေ့ကျင့်ခန်းလေးကို လုပ်ပေးမယ်ဆို အညောင်းမိတာတွေကို ပြေလျော့သွားစေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့လက္ခဏာ (၉) ရပ်ထဲမှာ အညောင်းထိုင်ခြင်းလည်း ပါဝင်တာမို့ တစ်နေကုန်ထိုင်ရသူတွေ ဒီလေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။


၁... ကြယ်တွေကို ဖမ်းယူလိုက်
ပုခုံး၊ ရင်ဘတ်၊ ကျော၊ တင်ပါးနဲ့ လက်ကောက်ဝတ်တို့အတွက် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်းကို တင်ပါးအကျယ်ထက် အနည်းငယ်ပိုကားပြီးရပ်နေပါ။ လက်နှစ်ဖက်ကို အပေါ်ကိုဆန့်တန်းပြီး မြှောက်လိုက်၊ ချလိုက် လုပ်ပေးရပါမယ်။ လက်မြှောက်ချိန်မှာ ခြေဖဝါးကိုထောက်လိုက်ပါ။ လက်ကိုပြန်ချချိန် ခြေဖဝါးလည်း တစ်ပါတည်းလိုက်ချပေးရပါမယ်။

၂.. ပုခုံးတွေကိုဖွင့်

ထိုင်ရတာ များတော့ ပုခုံးတွေက အရှေ့ဘက်ကို ကိုင်းသွားတယ်လေ။ ဒီတော့ ရင်ဖွင့်ပြီး အကြောလျှော့ပေးဖို့လိုပါတယ်။ ခြေထောက်ကို ပုခုံးအကျယ် အတိုင်းကားပြီး ရပ်နေပါ။ လက်က ကြိုး/ခါးပတ် တစ်ခုခုကို နောက်ဘက်မှာ ခပ်တင်းတင်းဆွဲဆန့်ကိုင်ထားရပါမယ်။ ဒီအနေအထားအတိုင်း လက်ကို မြှောက်နိုင်သလောက်မြှောက်ပါ။ ပြီးရင်ပြန်ချပါ။

နောက်ကျော နာတာကို ပေါ့ပေါ့ဆဆ မနေပါနဲ့



အသက်ကြီးသူတွေမှာ ကျောရိုး နာကျင်မှုနဲ့ ဆက်နွှယ်နေသူတွေဟာ လူ့ သက်တမ်းလျော့ကျသွားနိုင်ခြေရှိတဲ့အပေါ် လေ့လာမှု အနောက်ကျောနဲ့ ခါး နာနေတာကို လစ်လျူရှုထားခြင်းဟာ အန္တရာယ် များပြားတယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးလိုက်ပါတယ်။ နောက်ကျောနာခြင်းကို ခံစားနေရသူဟာ စောလျှင်စွာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများကြောင်း သုတေသန တစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ 

နည်းငယ်ပြုလုပ်ခဲ့ကြဖူးပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနေ တက္ကသိုလ် က သုတေ သီတွေကတော့ သေဆုံးနိုင်ခြေမြင့်တက်မှုနဲ့ ကျောရိုး နာကျင်မှုတို့ ဆက်နွှယ်မှုအပေါ် လေ့လာခဲ့ကြတာပါ။ ဒီလေ့လာမှုမှာ အသက် ၇၀ ကျော် လူ ၄၃၉၀ ဦး ပါဝင်ခဲ့ပါတယ်။




Wednesday, February 22, 2017

မိဘ



" ပိုက်ဆံ တစ်ခါ ရရင် တစ်ခဏတာ ဖြုန်းလို့ရမယ်"

"ပညာ ရရင် တစ်သက်လုံး သုံးစားလို့ ရတယ်"

"ပညာဟာ အမှား အမှန်ကို ဆုံးဖြတ်ပေးနိင်တယ် အကောင်းအဆိုး ဆိုလဲ သူကခွဲခြားပေးနိင်တယ် ။ ကိုယ့်ဘဝ တွက်ကိုယ် Plan ချထားတဲ့သူတိုင်းဟာ သူ့ရဲ့လမ်းပန်းတိုင်ဆီကိုလျောက်ကျတယ်။ 

ဘဝ ပန်းတိုင်မရှိတဲ့သူက ဟိုမရောက် ဒီမရောက်။ အခက်အခဲ ဆိုတာ လူတိုင်း ရှိပါတယ်။ လောကကြီးကမတရားဘူးလို့ ထိုင်အော်နေလဲ သူက တရားလာမှာမဟုတ်ပါဘူး။ လောကကြီးက တန်းတူ အခွင့်အရေးပေး ခဲ့ဖူးတယ် ကိုယ်မသိလိုက်တာတွေပဲဖြစ်မယ်။ "

"သူများတွေကောင်းစားလို့ ကြည့်ပြီး မနာလို ဝန်တို တတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ် ကို ယုံကြည်ချက်မရှိတဲ့သူတွေပါပဲ။"

"လူတိုင်းမှာ တာဝန် ရှိပါတယ်။ ကျွန်တော့် ဘဝမှာ အရေးအကြိးဆုံး တာဝန်က " မိဘ " ကိုကောင်းကောင်းပြုစုနိုင်ဖို့ ပါပဲ ။ ကျေးဇူးဆပ်ဖို့။ 



သင် ဘာကြောင့် မအောင်မြင်သေးတာလဲ


ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။ 

သင် ဘာလို့ မအောင်မြင်သေးတာလဲ။ 

သင်ရေစုန်မျောနေတယ်။ 
အနူတ် လက္ခဏာ ဆောင်တဲ့လူတွေ နဲ့ ပေါင်း သင်းနေပါတယ်။ 
တိုးတက်မူ အတွက် ဦးနောက် အချောက်မခံဘူး။ 
လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ 

မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ 
ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး။ 
ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ 
ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
အရင်း မစိုက်ထုတ်ပဲ အမြတ် များများရတဲ့ အလုပ်ပဲ လုပ်ချင်တယ်။ 


အိမ်မှာအေးအေးဆေးဆေးနေပြီး လဒ်လာဘ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ 
ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။ 
အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ 
တစ်ကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ 

ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ ဒါတွေကြောင့် သင် ဆင်းရဲနေပါတယ်။ 
ဆင်းရဲတော့ စိတ်အားငယ်တယ်။ 
စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ 
ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး။ 
အဆိုးဘ၀ သံသရာကြီးထဲမှာ ဒီလိုပဲ တစ်ဝဲလည်လည် ဖြစ်နေတယ်။ 

လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင် နဲ့ ဆုတ်လမ်း ရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများ ကတော့...

၁။ ပိုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။




၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကို မှ မလေ့ကျင့် ဘူး ဆိုရင် ဘယ်သူက မွေးကတဲ က အ  ရည်အချင်း ရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ ရရချင်း အရည်အချင်း မရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။ 

လူတစ်ယောက်အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံး ခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံ နဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက် နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ

Tuesday, February 14, 2017

နေ အဖွဲ.အစည်း (solar system)



နေအဖွဲ့အစည်း ” ဆိုသည်မှာ နက္ခတဗေဒအခေါ်အဝေါ်ဖြစ်ပြီး နေအပါအဝင် ဂြိုဟ်များ၊ ဂြိုဟ်ရံလများ၊ အဲ ရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား) များ နှင့် အခြားသောရွှေ့လျားနေသည့် အရာဝတ္တုများ ၏ အစု အဝေးကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်ုတို့နေထိုင်ရာ ကမ္ဘာမြေကြီး အပါအဝင် နေ အဖွဲ့အစည်း အတွင်း ရှိ အားလုံးသော ဂြိုဟ် များသည် နေကို ဗဟိုပြု၍ ဘဲဥပုံ လမ်းကြောင်း အတိုင်းလှည့်ပတ်သွားလာလျက်ရှိသည်။

အရွယ်အစားကြီးမားသည့် ဂြိုဟ် များကို လူတို့  ၏နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်း မှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရှာဖွေရာတွင် နက္ခတာရာကြည့် မှန်ပြောင်းတီထွင်နိုင်မှုသည် အရေးပါသည့် သိပ္ပံဆိုင်ရာ တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ 


ထိုသို့ အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို ထပ်မံတွေ့ရှာဖွေတွေ့ရှိခြင်း မရှိတော့သည့်တိုင် နေ အဖွဲ့အစည်း အတွင်းတွင် အခြားသောသေးငယ်သည့် အရာဝတ္တုများအား နှစ်စဉ်နှင့် အမျှ ရှာဖွေတွေ့ရှိလျက်ပင်ရှိပါသည်။ ထိုသို့သောတွေ့ရှိမှုများ အနက် သက်ဆိုင်ရာ ဂြိုဟ်များ၏ ဂြိုဟ်ရံ လများလည်း အပါအဝင်ဖြစ်ပေသည်။ လက်ရှိအချိန်အထိ တွေ့ရှိရသည့် ဂြိုဟ်ရံလ မှာ အရေအတွက် အားဖြင့် ၁၆၆ စင်း ထိပင်ရှိနေပြီဖြစ်သည်။

ဂြိုဟ် တို့၏ အစီအစဉ်

နေ အဖွဲ့အစည်းအတွင်း ရှိ ဂြိုဟ်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား များကို နေ မှ အကွာအဝေးကို လိုက်၍ ရေတွက်လျှင်....................

(1) ဗုဒ္ဓဟူးဂြိုဟ်
(2) သောကြာဂြိုဟ်
(3) ကမ္ဘာဂြိုဟ်
(4) အင်္ဂါဂြိုဟ် 

စီးရက်စ် 
အက်စတာရော့ဒ်ဂြိုဟ်သိမ် အစုအဝေး
(5) ကြာသပတေးဂြိုဟ်
(6) စနေဂြိုဟ်
(7) ယူရေးနပ်စ်ဂြိုဟ်
(8) နက်ပကျွန်းဂြိုဟ်
ပလူတို
အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
ကွီးပါးဂြိုဟ်သိမ် အစုအဝေး
Oort Cloud
ကြယ်တံခွန် များ

ဖွဲ့စည်းပုံ

နေ အဖွဲ့အစည်း၏ အဓိက ကျသည့် အစိတ်အပိုင်း များကို အပိုင်း နှစ်ပိုင်းခွဲခြား သတ်မှတ်ကြသည်။ နေနှင့် နီးသော လမ်းကြောင်းများတွင် လှည့်ပတ်နေသည့် ဗုဒ္ဓဟူးဂြိုဟ် ၊သောကြာဂြိုဟ် ၊ကမ္ဘာဂြိုဟ် နှင့် အင်္ဂါဂြိုဟ် တို့ကို အတွင်းပိုင်းဂြိုဟ်များ ဟု ခေါ်ဆို သတ်မှတ်သည်။ ထိုဂြိုဟ် များ၏ မျက်နှာပြင် များမှာ ကျစ်လစ်သည့် ကျောက်သားများဖြင့် ဖွဲ့စည်းထားကြသည်။

အင်္ဂါဂြိုဟ်နှင့် ကြာသာပတေးဂြိုဟ် အကြားတွင် အက်စတာရော့ဒ်ဂြိုဟ်သိမ် အစုအဝေး က လှည့်ပတ်လျက်ရှိသည်။ ကြာသာပတေးဂြိုဟ်၊ စနေဂြိုဟ်၊ ယူရေးနတ်စ်ဂြိုဟ် နှင့် နပ်ပကျွန်းဂြိုဟ်တို့မှာ အပြင်ပိုင်းဂြိုဟ် များဖြစ် သည်။ ထိုဂြိုဟ်များသည် အရွယ်အစား အားဖြင့် ကမ္ဘာထက်ကြီးမားကာ နေ အဖွဲ့အစည်းအတွင်း အကြီးဆုံးဂြိုဟ်များလည်းဖြစ်သည်။ ထို့ပြင် အဆိုပါဂြိုဟ် တို့၏ မျက်နှာပြင်များသည် ဓါတ်ငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

ထိုဂြိုဟ်များ၏ နောက်ဖက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ဥက္ကာပျံများ ၊ကြယ်တံခွန်များ အမြောက်အများပါဝင်သည့် ကွီးပါးဂြိုဟ်သိမ် အစုအဝေး တည်ရှိသည်။ ထို အုပ်စုအတွင်းတွင် ပလူတို၊ အီရစ်(စ်) စသည်တို့ပါဝင်သည်။ ထို အစုအဝေး၏ အပြင်ဖက်တွင် ပိုမိုကြီးမားသော ၊မြင်တွေ့နိုင်ရန် ခက်ခဲသော အစုအဝေးကြီးဖြစ်သည့် Oort cloud တည်ရှိသည်။



ပလူတို အား ဂြိုဟ် အဖြစ်မှ လျော့ချခြင်း

ပလူတိုဂြိုဟ် အား ၁၉၃၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ၂၀ဝ၆ ခုနှစ်တွင် နက္ခတဗေဒ ပညာရှင်များက ဂြိုဟ် စာရင်းမှ ပယ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ အရွယ်အစားသေးငယ်လွန်းခြင်း နှင့် ၄င်းနှင့် အနီးဆုံးတွင် တည်ရှိသည့် နံပါတ် (၈) ခုမြောက် နပ်ပကျွန်းဂြိုဟ် နှင့် လှည့်ပတ် သွားလာသည့် လမ်းကြောင်း အနေအထားခြင်း မတူညီလှသောကြောင့် ဖြစ်သည်။ ယခုအခါ ပလူတိုသည် စီးရပ်စ် နှင့် အီ ရစ်(စ်) တို့ကဲ့သို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခု အဖြစ်သာ စာရင်းဝင်တော့သည်။



ကံကောင်းအောင် လုပ်နည်း



ရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာေ လျှာက်ထားအပ်ပါသည်။ တပည့်တော်သည် မိဘကို ပြုစု လုပ်ကျွေးလိုပါ၍ စင်ကြယ်သော နည်းဖြင့် ဝင်ငွေ ရှာဖွေပါသည်။

တပည့်တော် ကြံစည်တိုင်း မအောင်မြင်တာ များပါသည်။ သာသနာ့ဘောင်မှာ နေ၍ တရား ဓမ္မနှင့် လည်း ကျေးဇူး မဆပ်နိုင်သေးပါ ဘုရား။ မိဘများ ၏ ကျန်းမာရေးနှင့် သူတို့၏ တမလွန် အတွက် အလှူဒါနများ ပြုနိုင်အောင် တပည့်တော်ဝင်ငွေရှာခြင်း ဖြစ်ပါသည်။

တပည့်တော် ကြိုးစားလုပ်သမျှ မအောင်မြင်ခဲ့လျှင် တပည့်တော်၏ ရှေးဘဝ အကုသိုလ် ကံကြောင့်လို့ပဲ မှတ်ယူလိုက်ပါသည်ဘုရား။ တပည့်တော်၏ ဆိုးနေသော ကံများ ကောင်းလာအောင် ပြုလုပ်နိုင်သော နည်းလမ်းများ ပေးသနားစေ ချင်ပါသည်ဘုရား။
(ချစ်လွန်းသူ)

“ကံ ရဲ့ သဘာဝ”
•••••••••••••••
“ကံ” ဆိုတဲ့ စကားလုံးက “လုပ်ခြင်း”လို့ အဓိပ္ပာယ် ရတယ်။ အရင်က လုပ်ခဲ့ပြီးသား အလုပ် (အတိတ်ကံ)နဲ့ ယခု လုပ်တဲ့ အလုပ် (ပစ္စုပ္ပန်ကံ)လို့ နှစ်မျိုးရှိတယ်။


ဒါကြောင့် အလုပ် တစ်ခုခု အဆင်မပြေရင် အရင်ဘဝ အကုသိုလ်ကံကြောင့်လို့ပဲ လွှဲချပြီး ကံကြမ္မာ ကိုချည်း ယိုးစွဲရင် မမှန်ဘူး။ 

ပစ္စုပ္ပန် ကံဟာ မိမိ အစွမ်းနဲ့ဖြစ်စေ၊ အတိတ်ကံ ရဲ့ အထောက်အပံ့ကြောင့်ဖြစ်စေ ဒီဘဝမှာရော၊နောင် ဘဝမှာပါ အကျိုးအပြစ်ကို ဖြစ်စေပါတယ်။ အဆောက်အအုံတွေကို လူတွေ စုပေါင်းပြီး တည်ဆောက်သလို ကံ က လောကဓာတ် ကို ဖန်ဆင်းပါတယ်။


Saturday, February 11, 2017

အဘိဓမ္မာမသင်ဘဲ သောတာပန် ဖြစ်နိုင်သလား



"သမိုင်း နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ထင်ရှားတဲ့ သမိုင်းဆရာကြီး တစ်ယောက်က ပြောတယ် သမိုင်းကို ဘာလို့ သင်သင့်တာတုန်း ဆိုတော့ မအအောင်လို့ တဲ့၊ သမိုင်း မသိရင် အတယ်ပေါ့နော့် သမိုင်းသင်တာ မအအောင်။ အဲဒီတော့ အဘိဓမ္မာ သင်တာဟာ အလိမ် မခံရအောင် သင်တာ၊ ဒီလိုပြောရမှာပဲ အဘိဓမ္မာ မ တတ်လို့  ရှိရင် အလိမ်ခံရလိမ့်မယ်။ အလိမ်ခံရတယ် ဆိုတာ တရားထူး တရားမြတ် မဟုတ်ဘဲနဲ့ တရားလို့၊ သောတာပန် မဖြစ်ဘဲနဲ့ သောတာပန် ဖြစ်ပြီလို့ အလိမ်ခံလိုက်ရတယ်"

Sayadaw Dr Nandamalabhivamsa
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ M.A; Ph.D
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
(၁၄-၁၀-၂၀၁၂- မန္တလေး)


အဘိဓမ္မာကို သင်ယူခြင်းအားဖြင့် နောက်ဆုံးမှာ သမ္မာဓိဋ္ဌိဉာဏ် ရင့်သန် အမှန်မြင်လာတယ်။ ကိုယ့်ဘ၀ကိုယ် သိလာတယ်။ ကိုယ့်ရဲ့ ဘ၀အခြေအနေတွေကို ကောင်းကောင်းသိလာတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုလည်းပဲ ရှင်းရှင်းကြီး မြင်လာစေတယ်။ အဲတော့ အဘိဓမ္မာ သင်ခြင်းကျိုးကျေးဇူးက အင်မတန်မှ ကြီးမှားပါတယ်။

တစ်ချို့ က စောတက တက်တာ ရှိသေးတယ်။ အဘိဓမ္မာ မသင်ဘဲနဲ့ရော သောတာပန် မဖြစ်နိုင်ဘူးလားဆိုတဲ့မေးခွန်းတွေ မေးသေးတယ်။ အဲဒီမေးခွန်းကျတော့ ဘယ်လိုဖြေသင့်သလဲဆိုရင် အဘိဓမ္မာ ဆိုတာ ဘာပြောတာလဲ၊ အဘိဓမ္မာ ခုနှစ်ကျမ်း ကိုပြောတာလား၊ အဘိဓမ္မာ ခုနှစ်ကျမ်း မသင်ဘဲနဲ့တော့ သောတာ ပန်ဖြစ်နိုင်တယ်။ သို့သော် အဘိဓမ္မာ ဆိုတဲ့ ရုပ်တရား နာမ်တရား မသိဘဲနဲ့တော့ သောတာပန် မဖြစ်နိုင်ဘူးလို့ပဲ ဖြေရမယ်။ 


ရုပ်နာမ် အကြောင်းမှ မသိရင် သောတာပန် မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ သောတာပန် ဖြစ်တယ် ဆိုတာက နာမရူပ ပရိစ္ဆေဒဉာဏ် က စတာ၊ နာမရူပ ပရိစ္ဆေဒဉာဏ် ရုပ် နဲ့ နာမ် ကွဲသွားမယ်။ ဒါဖြင့် ခုနှစ်နှစ် သမီးလေး ၀ိသာခါ သောတာပန်ဖြစ်တာ ရုပ်နာမ် ကွဲရဲ့လား ဆိုရင် ကွဲတာပေါ့။ မြတ်စွာဘုရားဟောနေတဲ့ သစ္စာလေးပါး ကို နာလိုက်တာ နဲ့ သူဟာသိတယ်။ 

အဘိဓမ္မာ မှာ သင်ထားတဲ့ ရုပ်တွေ နာမ်တွေ အကုန်လုံး ဥပမာ စိတ် က ၈၉ ရှိတယ်၊ စေသိက်က ၅၂ ရှိ တယ်၊ ရုပ်က ၂၈ ရှိတယ် လို့ ဒီလို သိတာကို ပြောတာ မဟုတ်ဘူး။ အဘိဓမ္မာ လို့ ပြောလိုက်ကတည်းက သိသင့် သိထိုက်တာလေးကို သူသိသွားပြီ။ ဆိုပါစို့ ခန္ဓာငါးပါး သိတယ် ဆိုလို့ ရှိရင် ကိုယ့်ခန္ဓာထဲမှာကြည့် ဝေဒနာ ကိုသိတယ်။ သညာဖြစ်တာကို သိတယ်၊ သင်္ခါရတွေဖြစ်တာသိတယ်၊ ၀ိညာဏဖြစ်တာသိတယ်၊ နာမ် ကို သိတာပဲလေ ဝေဒနာတစ်ခု သိတာနဲ့လည်း နိဗ္ဗာန်ရတာပဲ ။


 ဝေဒနာ နဲ့ ဆက်စပ်ပြီး ရုပ် ကိုလည်းသိတယ်၊ ဟုတ်လား။ ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ခန္ဓာငါးပါး ခေါ်လိုက်တာနဲ့ ရုပ် နဲ့ နာမ်ကွဲပြီးတော့ ထူးခြားတဲ့ အမြင်တစ်ခု ရတာပဲ။ အဲဒီတော့ သောတာပန်ဖြစ်ဖို့ အဘိဓမ္မာသင်သင့်သလား အဘိဓမ္မာ မသင်ဘဲနဲ့ သောတာပန် မဖြစ်ဘူးလား၊ အဘိဓမ္မာ ဆိုတာ ဘာပြောတာလဲ၊ အဘိဓမ္မာ ခုနှစ်ကျမ်းပြောတာလား၊ လေးနက်တဲ့ ရုပ်နဲ့နာမ် ကို ပြောတာလား၊ လေးနက်တဲ့ ရုပ်အကြောင်း နာမ် အကြောင်း မသိဘဲနဲ့တော့ သောတာပန် မဖြစ်ဘူး။ အဘိဓမ္မာ ခုနှစ်ကျမ်း မသင်ဖူးဘဲနဲ့ ရဟန္တာ၊ သောတာပန် မဖြစ်နိုင်ဘူးလားဆို ဖြစ်နိုင်တယ် ဒါကတော့  ဥပမာ...... တစ်ခုပြောပြမယ် 

ကားမောင်းတာပဲ ကြည့်ပေါ့၊ ကားရဲ့ အင်္ဂါ အစိတ်အပိုင်း အင်ဂျင်က ဘာတွေ လုပ်တယ်၊ ဓာတ်ဆီက ဘာတွေ လုပ်တယ်၊ ကားရဲ့ အကြောင်းကို အသေးစိတ် မသိဘဲနှင့် ကိုယ် ကိုယ်တိုင် ကားမောင်းပြီး သွားလို့ရ မရ ဆင်ခြင် စဉ်းစားကြည့်၊ ကားအကြောင်း မသိဘူး ဘာတွေနဲ့ လုပ်ထားတယ်ဆိုတာ မသိဘူး။ ကားရဲ့ အင် ဂျင်တွေက ဘယ်လို အလုပ်လုပ်တယ်၊ ဓာတ်ဆီ က ဘယ်လို လုပ်တယ်ဆိုတာ မသိချင်နေပါစေ၊ အနည်း ဆုံးတော့ ကားမောင်းပြီး သွားချင်တယ်ဆိုရင် ကား ဘယ်လိုမောင်းရမလဲဆိုတာတော့ သိရမယ်။ 

ကားကို ဘယ်လိုမောင်းရမယ် ဆိုတာ သိရင်ကားနဲ့ သွားလို့ရပြီ။ အခု ကားမောင်းနေသူတွေကို မေးကြည့်ပေါ့ ပျက်လို့ ရှိရင် ဘာဖြစ်မှန်း မသိဘူး၊ Workshop သွားပြီးတော့ ပြင်ရတယ်။ How to drive တော့သိ တယ်၊ အဲဒီ How to drive သိတာဟာ ရုပ်နာမ် သိတာပဲ။ အဲဒီသောတာပန် ဖြစ်ဖို့ အတွက် ရုပ်နဲ့နာမ် ကိုတော့ သိဖို့လိုတာပေါ့။ 

အဲတော့ အဘိဓမ္မာ သင်တယ် ဆိုတဲ့ နေရာမှာ အဘိဓမ္မာ ကျမ်းတွေ သင်တာဟာလည်း ပဲ ရုပ်နှင့်နာမ် ကို အသေးစိတ် သင်တာပဲ။ ရုပ် အကြောင်း၊ နာမ် အကြောင်းကို သင်တာလည်း အဘိဓမ္မာ သင်တာပဲလို့ ခွဲခွဲခြားခြား သိဖို့လိုတယ်။ 



ဝိပဿ နာ ရှုတဲ့အခါမှာ ပညတ်နဲ့ ပရမတ် မကွဲသူတွေ အတွက်



ဝိပဿ       နာ ရှုတဲ့ အခါမှာ ပညတ် နဲ့ ပရမတ် မကွဲသူတွေ အတွက် ဆရာတော်ဘုရားကြီး က ထိထိရောက်ရောက် ရှင်းပြထားလို့ တရား အားထုတ်နေသူတွေ အတွက်ရော လေ့လာနေသူ အတွက်ပါ တစ်ကယ် အကျိုးမျာြး့ပီး ဗဟုသုတရတဲ့ ပို့စ်ဖြစ်တယ်။ 

ပရမတ် ကို မြင်မှ အနတ္တလက္ခဏာ ပေါ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပရမတ် ကို ဘယ်လိုမြင်လို့ အနတ္တ လက္ခဏာ ဘယ်လိုပေါ်လာတယ်ဆိုတာ အခု ဒီအမေးအဖြေမှာ ဆရာတော်ဘုရားကြီးက မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်ယောင်မိအောင် ရှင်းပြထားပါတယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်ပေမဲ့ အခု ဒီမေးခွန်းကို ဖြေဆိုရာမှာ ဆရာတော် ဘုရား ရှင်းသလို အချက်အလက် မှန်ကန်ပြီး ကျမ်း အကိုးအကား တိတိကျကျ ရှင်းပြတာ  ကြားနာရခဲပါတယ်။ ဆရာတော်ဘုရားကြီရဲ့ ပညတ် နဲ့ ပရမတ် မရောအောင် ပရမတ် ရုပ်၊ ဈာန် နာမ်တရား၊ ၀ိပဿ         နာ၊ ခဏိက သမာဓိ ဆိုတာ ကို နားလည်အောင် ရှင်းရှင်း လင်းလင်း ပြောပြထားလို့ ပီတိသောမနဿ အပြည့် နဲ့ လေ့လာမှတ်သားနိုင်ပါတယ်။
ခဏိက သမာဓိ ဆိုတာကို ဆရာတော်ဘုရား ရှင်းပြထားတာ အသံ သိပ်မရှင်းတော့ ကျွန်မ ထပ်ခါ ထပ်ခါ ပြန် ရစ်ပြန်နားထောင်ယူရလို့ ဒီပို့စ် ဟာ အချိန် အများဆုံး ပေးရတဲ့ ပို့စ်ဖြစ်ပေမဲ့လည်း အချိန်ကုန်ရကျိုး နပ်ပါတယ်။
ဆရာတော်ဘုရားကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နဲ့ သက်တော်ရာကျော်တိုင်အောင် သာသနာပြုနိုင်ပါစေ။ Nge Naing)
အမေး အဖြေ
ယောဂီရဟန်း တစ်ဦးအမေး။ ။ လျှောက်ပါရစေဘုရား၊ တပည့်တော်တို့ မုံရွာ တရားစခန်း သွားစဉ် အခါ တုန်း က ဒကာ တစ်ယောက်နဲ့ တစ်ခြား ဒကာတစ်ယာက် စကားပြောနေတာကို တပည့်တော်တို့ တရား နာနေရာ ကနေ ကြားရပါတယ်ဘုရား။ အဲဒါက ဘာလဲဆိုရင် ၀ိပဿ       နာခေတ်ကြီးထဲ ရောက်နေပြီ ဘုန်းကြီးတွေက ဘာဖြစ်လို့ သမထတွေ လျှောက်လျှောက်ဟောနေတာလဲ မသိဘူးလို့ ပြောဆိုနေကြတယ်။ 

သို့သော် တပည့်တော်တို့ဆီက စကားဝိုင်းလည်း မဟုတ်တဲ့ အတွက် တပည့်တော်တို့ အနေနဲ့ ဘာမှ ပြန်ပြီးရှင်းပြခွင့် မရခဲ့ပါဘူး။ အဲဒီတော့ သမထ ကမ္မဋ္ဌာန်းက မြတ်စွာဘုရား ဟောခဲ့တဲ့ ကမ္မဋ္ဌာန်းလို့ နားလည်ပေမဲ့ အားလုံးရဲ့ သန္တာန်မှာ သမထ ကမ္မဋ္ဌာန်း အားထုတ်ရင် သာသနာပဲ ပျက်တော့ မလိုလို သာသနာပြင်ပရောက် မှာ လိုလို ဒီလို ပြောနေကြပါတယ်။ အဲဒီဟာ အတွက် ဆရာတော် ဘုရားမှ အဖြေပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။
ဖားအောက် ဆရာတော် ဘုရားအဖြေ။
သစ္စာလေးပါး ကို ဟုတ်တိုင်း မှန်စွာ သိရှိရေး အတွက် သမထ ကို ပွားများရခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ပွားများရသလဲ လို့ ဆိုရင်တော့ မဂ္ဂင် ရှစ်ပါး စုံညီပါမှ နိဗ္ဗာန်ရမယ် ဆိုတာကို သဘောပေါက် လက်ခံနိုင်ခဲ့ မယ် ဆိုရင် မဂ္ဂင်ရှစ်ပါး ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ သမ္မာသမာဓိ ကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုအဖြစ် လက်ခံဖို့ လိုအပ်ပါတယ်။ 

ဘာဟာ သမ္မာဓိ ခေါ်ဆိုထိုက်သလဲ ဆိုတာ နဲ့ ပတ်သက်လို့ နာမည်ကျော်ဖြစ်တဲ့ ဒီ မဟာနိဒါန သုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က ပထမဈာန် ကနေ စတုတ္ထဈာန် အထိ သမာဓိ တစ်ခုစီကို သမ္မာသမာဓိ လို့ ခေါ် ဆိုကြောင်း အတိအကျ ရှင်းလင်းတင်ပြပြီး ဟောကြားတော်မူခဲ့ပါတယ်။
(သမာဓိမှာ) အဆင့်အတန်း နိမ့်တဲ့ ကာမာဝစရ သမာဓိ (သို့) ဥပဇာရသမာဓိက တစ်မျိုး၊ 
ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ခေါ်ဆိုရတဲ့ ရူပါဝစရသမာဓိက တစ်မျိုး၊ 
အာကာသာနဉ္စာယတန ဈာန်၊ ၀ိညာဏဉ္စယတန ဈာန်၊ အာကိစဉ္စာယတန ဈာန်၊ နေ၀သညာနာသညာယတန ဈာန်လို့ ခေါ်ဆိုရတဲ့ အရုပ ဈာန် သမာဓိက တစ်မျိုး သမာဓိ (၃) မျိုးရှိပါတယ်။ 

ထို သမာဓိ သုံးမျိုးထဲကနေပြီးတော့ ဘုရားရှင်က အလယ်ခေါင်မှာ တည်ရှိနေတဲ့ ရူပါဝစရ ဈာန်သမာဓိ ကို ကိုင်ပြီးတော့ မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ဥပစာရ သမာဓိခေါ်တဲ့ ကာမါဝစရ သမာဓိ၊ အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုလည်း သိမ်းကျုံးပြီး ယူငင်ရတဲ့ နည်းစနစ်အားဖြင့် ဘုရားရှင်က ဟောကြားသွားတာကို တွေ့ရှိရပါတယ်။


Wednesday, February 8, 2017

ပညာ တတ်ချင်တာလား ၊ အောင်လက်မှတ် လိုချင်တာလား...(အောင်သင်း)



“မင်းတို့ ဘာဖြစ်လို့ ပညာသင်ကြသလဲ။ ဘာဖြစ်လို့ ကျောင်းတက်ကြတာလဲ”
“ပညာတတ်ချင်လို့ပါ” ၊ “ပညာတတ်ချင်လို့ပါ”
“ဟုတ်ရဲ့လား၊ သေချာ ထပ်စဉ်းစားကြစမ်း”
“ဟုတ်ပါတယ်” ၊ “ဟုတ်ပါတယ်”


“သေချာ ထပ်စဉ်းစားကြစမ်း၊ ဘာဖြစ်လို့ ကျောင်းလာတတ်ကြတာလဲ။ ဘာဖြစ်လို့ ကျူရှင်တွေ တက်နေကြတာလဲ”
“စာမေးပွဲအောင်ချင်လို့ပါ”

“အေး-ဟုတ်ပြီ။ ဘာဖြစ်လို့ စာမေးပွဲအောင်ချင်ကြသလဲ”
“အလုပ် ရအောင်လို့ပါ” ၊ “အသက်မွေး ၀မ်းကျောင်းလုပ်နိုင်ဖို့ပါ ” ၊ “ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ပါ”

“ကောင်းပြီ။ မင်းတို့ စဉ်းစားနိုင်အောင် ငါ ပြောပြမယ်။ ငါလဲ ငါ့ကိုယ်ငါ ငယ်စဉ်ဘ၀ကို ပြန်စဉ်းစားကြည့်ခဲ့မိဖူးပါတယ်။ ကျောင်းသွားတာကိုက မိဘတွေက အသွားခိုင်းလို့ သွားလိုက်ရတာပဲ။ ဘာရယ်လို့ကို မတွေးခဲ့မိဘူး။ ကျောင်းရောက်ပြန်တော့လဲ ဆရာက ဒီစာကို ကျက်ဆိုလို့ ကျက်လိုက်ရတာပဲ။ ဘာရယ်လို့ မည်မည်ရရ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ အရေးကြီးတာက စာမေးပွဲအောင်ဖို့၊ ဆရာကျေနပ်ဖို့၊ အရိုက်ခံမထိဖို့လောက်ကိုသာ ဦးစားပေးပြီး စဉ်းစားခဲ့တာပါပဲ။

အခု ပြန်ပြီး စဉ်းစားကြည့်လိုက်တော့ လူလားမမြောက်သေးတဲ့ ကလေးပေါက်စ အတွေး သက်သက်ပဲ ဖြစ်နေတာကိုတွေ့နေရတယ်။ ဒီတော့ မင်းတို့ကိုလဲ ဘာမှ အပြစ်မပြောလိုပါဘူး။ မကြာသေမီက စာတစ်အုပ်ကို ဖတ်လိုက်ရပါတယ်။

ဒါထက် ပြောလိုက်ရဦးမယ်။ ဟွန်ဒါမော်တော်ကား၊ ဟွန်ဒါဆိုင်ကယ်၊ ဆူပါ ကတ် ဆိုင်ကယ် ဆိုတာတွေကို သိကြမှာပေါ့”
“သိပါတယ်” ၊ “သိပါတယ်”

“အေး-အဲဒါတွေကို တီထွင် တပ်ဆင်ခဲ့တဲ့သူက ဂျပန်လူမျိုး ဟွန်ဒါဆိုးအိချိရော တဲ့။ အခုတော့ဖြင့် ကွယ်လွန်သွားတာ ဆယ်နှစ်လောက် ရှိသွားပါပြီ။ သူ့ ဘ၀ ဇာတ်ကြောင်း ကြိုးပမ်းခဲ့ရပုံတွေ၊ အရေးမလှဖြစ်ခဲ့ရတာတွေ၊ အောင်မြင်မှုရခဲ့တာတွေကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးခဲ့တယ်။


တစ်ခြားလုပ်ဖေါ်ကိုင်ဖက်တွေကလဲ ဖြည့်စွက်ရေးသားတယ်။ အဲဒီ ဒီစာအုပ်ကို နန်းမြကေခိုင် ဆိုတဲ့ မြန်မာမကလေး တစ်ယောက်က ဂျပန် ဘာသာ ကနေပြီး မြန် မာ လို ပြန်ဆိုခဲ့ပါတယ်။ နန်းမြကေခိုင် ရဲ့ဖခင်က ဂျပန်ပြည်မှာပဲ ဧည့်ပါမောက္ခအဖြစ် အမှုထမ်းရလေတော့ ဒီကလေးမ ကလဲ ဂျပန်ပြည်မှာပဲ ပညာသင်ခဲ့ရတာပေါ့လေ။

ဒီတော့ကာ ဂျပန် ဘာသာစကား၊ ဂျပန် ယဉ်ကျေးမှု လူနေမှုတွေကို ဂျပန်မလေးတစ်ယောက်လို ကျွမ်းဝင် ရင်းနှီးနေတော့တာပေါ့။ ဒါကြောင့် ဒီလိုစာအုပ်မျိုးကို ပိုင်ပိုင်နိုင်နိုင် မြန်မာပြန်ဆိုနိုင်တာပေါ့။ စာအုပ်နာမည်က အိပ်မက်ခွန်အားဖြင့် ကမ္ဘာကျော်သူ တဲ့”

“ထားလိုက်ပါတော့ကွာ ၊ ငါပြောချင်တာက အဲဒီ မစ္စတာဟွန်ဒါ ရဲ့ စကား တစ် ခွန်း ကို မင်းတို့ သိကြစေချင်တာပါ။ သူက ကလေးဘ၀ ကတည်းက စက်ပစ္စည်းကို ၀ါသနာပါတယ်။ စွဲစွဲမက်မက် ၀ါသနာကြီးတယ်။ စက်ပစ္စည်းတွေကို ကိုယ်တိုင်လုပ်ချင်တယ်။ ကောင်းသည်ထက် ကောင်းအောင်၊ မြန်သည်ထက် မြန်အောင် ထုတ်လုပ်ချင်တယ်။



မက်ဇူကာဘတ် အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်းအလို



ကမ္ဘာကျော် Apple ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့ဘ် ဟာ သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ နှင်ထုတ် ခံရပြီးနောက် နှစ် ၃၀ အကြာမှာ ဒီကနေ့ လူမှုကွန်ယက် လောက မှာ နာမည် အကြီးဆုံး နဲ့ သုံးစွဲသူ အများဆုံး ဖြစ်တဲ့ ဖေ့စ်ဘုတ် ကုမ္ပဏီ ရဲ့ တည်ထောင်သူ ၊ ပိုင်ရှင် ဖြစ်တဲ့ မက်ဇူကာဘတ် ဟာလည်း သူ ရဲ့ အမှုဆောင် အရာရှိချုပ် အလုပ်ကနေ အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်း မျှသာ လိုတော့ တဲ့ အခြေအနေ ကို ရောက်ရှိလာခဲ့ရပြီ ဖြစ်တယ် လို့ Reddit က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဖေ့စ်ဘုတ် ရဲ့ အမှုဆောင် အရာရှိချုပ် မက်ဇူကာဘတ် ကို အလုပ် ထုတ်ပြီး သူ့နေ ရာမှာ Sum Of Us အဖွဲ့အစည်း ရဲ့ လွတ်လပ်တဲ့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ တွေ နဲ့ အစားထိုးပြီး ကုမ္ပဏီကို ထိန်းကြောင်း သွားပြီး ရှယ်ယာ အဖွဲ့ဝင်တွေ က ပရိုပိုဆယ် တစ်စောင် ကို ဒါရိုက်တာ အဖွဲ့ဝင်တိုင်း ကို တင်ပြခဲ့တယ် လို့ သိရပါ တယ်။

Sum of Us ဆိုတာ ဟာ အွန်လိုင်း အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရာသီဥတု အပြောင်း အလဲ၊ လူမှု အခွင့်အရေး ၊ အလုပ်သမား အခွင့်အရေး ၊ လူ့ အခွင့်အရေး စတဲ့ အခြေအနေတွေ အတွက် တိုက်ပွဲဝင်ပေးနေတဲ့ လွတ်လပ်တဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ အဲဒီ ပရိုပိုဆယ် နဲ့ ပတ်သက်ပြီး တစ်စုံ တရာ မှတ်ချက်ပေး ဖို့ ဖေ့စ်ဘုတ် ပြောရေးဆိုခွင့်ရှိသူ က ငြင်းဆန်ထားပါတယ်။ ဇူကာဘတ် နုတ် ထွက်ဖို့ လူပေါင်း ၃ သိန်းကျော် လက်မှတ်ရေးထိုးထားတဲ့ ထောက်ခံချက်တွေကို Sum Of Us က ရရှိထားပြီး SumOfUs ရဲ့ အကြံပေး အရာရှိဖြစ်တဲ့ Lisa Lindsley ကတော့ ” ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ကို တိုက်ခိုက်တာ မဟုတ်ဘဲ ကုမ္ပဏီကို ရေရှည် ရပ်တည်သွားနိုင်ဖို့ ဆောင်ရွက်တာသာ ဖြစ်တဲ့အတွက် အားလုံးက နားလည် ယုံကြည်ပေးဖို့လိုတယ် ” လို့ ခိုင်ခိုင် မာမာ ပြောကြား ခဲ့ပါတယ်။

ပရိုပိုဆယ် မှာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ Facebook က လုပ်ဆောင်ခဲ့တဲ့ အမှား အယွင်းတွေ ပါရှိခဲ့ပြီး VR ထုတ်ကုန်ပိုင်း မှာ ငွေကြေး နဲ့ သိက္ခာပိုင်း နစ်နာမှုတွေ ရှိခဲ့တာကို အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။ ရိုက်တာ သတင်းဌာန ရဲ့ ဖော်ပြချက် အရ တော့ ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ရဲ့ ဗျူးဟာ တစ်မျိုး ဖြစ်ပြီး သူရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ပြီးနောက် ရေးဆွဲ ခဲ့တဲ့ စီမံကိန်းတစ်ခု သာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဆိပ်ရှိသော သူငယ်ချင်းများ



“ရန်သူတစ်ယောက် တိုက်ခိုက်မှာထက် သူငယ်ချင်း အတုအယောင် တစ်ယောက် ပွေ့ဖက်မှာကို ကြောက်ပါ”တဲ့။ တစ်ကယ်တော့ သူငယ်ချင်းအတု ဆိုတာ သကြား အုပ်ထားတဲ့ အဆိပ် လိုပဲ။ သူငယ်ချင်းလို့ နာမည်ခံထားပေမယ့် ဘယ်သူ ငယ်ချင်းတွေက ကိုယ့်ကို အဆိပ်ဖြစ်စေသလဲဆိုတော့…

သူဌေးဂိုက် ဖမ်းသူ
********************
ကိုယ်နဲ့အတူ အပြင်သွားပြီ ဆိုပါစို့ ၊ သူကချည်း ပိုက်ဆံ သုံးနိုင်သလို အချိုးချိုးတာ မသိမသာ အိတ်ကိုင် ခိုင်းထားတာ သူပြောတာတွေချည်း နားထောင်နေရတာမျိုး ဆိုရင် သူ့ဘေးမှာနေရတာ ပင်ပန်းလာပါလိမ့်မယ်။ ကိုယ်အဆင်ပြေလားတစ်ခွန်းမမေး သူ့ပြဿ နာချည်း ပြောနေတာမျိုး ဆိုရင် တာရှည်သည်းမခံနိုင်ပါဘူး။ တစ်ကယ်တော့ သူငယ်ချင်းထားတယ် ဆိုတာ ပျော်ရွှင်ပေါ့ပါးမှုတွေ ဖန်တီးဖို့ပါ။ ကိုယ့်ကို အိမ်ဖော်စတိုင်လ် လာချိုးလို့ ကတော့ လုံးဝမပေါင်းပါနဲ့တော့။

သူပေါ်လွင်ဖို့ တွဲတဲ့သူ
*************************
တစ်ချို့ သူငယ်ချင်းတွေက မရိုးသားကြပါဘူး။ ကိုယ်နဲ့ သူဆို သူက နည်းနည်းပိုလှတယ် ဆိုပါစို့။ သူ့အလှပေါ်လွင်ဖို့ သူ့လောက် မလှသူကိုမှ တမင်ရွေးတွဲကြပါတယ်။ “ဟိုအုပ်စုထဲ သွားနေရင် ငါ့အလှက မှိန်သွားမယ်” လို့တွေးပြီး ကိုယ့်ကို အသုံးချပေါင်းသင်း တွဲသွားတွဲလာ လုပ်တတ်ကြပါတယ်။ ဒီလို သူငယ်ချင်းမျိုးကို ရင်ဘတ်ကြီးနဲ့ပေါင်းမိလို့ကတော့ ခံစားရဖို့သေချာတယ်။

လိုသုံး
*******
သူငယ်ချင်း တစ်ချို့က သူတို့ သာယာနေရင် ကိုယ့်ကိုမေ့ထားကြပါတယ်။ အဖော် မရှိ သွားချင် လာချင်ပြီ ဆိုမှ စကားချိုချိုလေးနဲ့ “သူငယ်ချင်းလေး မုန့်ကျွေးချင်လို့ပါ နင်လည်း ပျောက်နေတယ်နော်” ဘာညာ နဲ့ ။ ကိုယ်ကလည်း အပြောလေးမှာမျောပြီး အပြေးတစ်ပိုင်း သွားတွေ့။ တွေ့ပြီဆို အချိုးက အရင်အတိုင်း။ ကိုယ် အကူအညီလိုလို့ ကတော့ သူပြောတဲ့ အကြောင်းပြချက်တွေက ဇာတ်လမ်းတစ်ပုဒ်စာ ရနိုင်တယ်။ ဒါမျိုးကိုလည်း သတိထားနော်။

မနာလိုသူ
**********
“ ဟယ်…ချစ်လေး လှလိုက်တာ…မင်းသမီး လုပ်လို့တောင် ရမယ် သိလား ” ဆိုပြီး မျက်နှာလေးက ချိုပြုံးရွှင်နေသလောက် စိတ်ထဲက ကြိတ် မနာလိုသူတွေလည်းရှိတတ်သေးတယ်။ ကိုယ့်အောင်မြင်မှုကို ဝေမျှချိန် သူ့အပြုံး သူ့မျက်လုံးကို ဂရုစိုက်ကြည့်ပါ။ မနာလိုရိပ်တွေ ရှိနေရင်တော့ ဒီလို သူငယ်ချင်းမျိုးကို ထားပစ်ခဲ့လိုက်ပါတော့။ အချိန်ကြာလာရင် ဇာတိပြလာတတ်ပါတယ်။