Thursday, October 13, 2016

GMO အသီးအနှံတွေထက် သဘာဝ ကို အားပေးစေချင်ပါတယ်




အားလို့ ဗိုလ်ချုပ်ဈေး သွားရင်း  Parkson ကုန်တိုက်ရှေ့က သစ်သီးတန်းမှာ  တွေ့ရတဲ့ သရက်သီးကြီးတွေ ပထမဦးဆုံး အကြိမ် မြင်ဘူးတာပါဘဲ ။  အရွယ်ကြီးတဲ့ မချစ်စု သရက်သီး ထက် သုံးဆလောက် ကြီးပြီး အပြစ် အနာအဆာကင်း အရောင်အဆင်းလှပြီး ဆွဲဆောင်မှူ ရှိတော့ ဈေးမေးကြည့် လိုက်တာ OMG တရတဲ့ အထိ ဖြစ်သွားတယ် တစ်လုံး 5000 ks ဆိုဘဲ။

GMOs ဆိုတာ Genetically Modified Organisms (Plants n Animals ) ပါ  နည်းပညာမြင့်မား လာခြင်း နဲ့ လူတွေရဲ့ စားနပ်ရိက္ခာ လိုအပ်မှူ အရ ထွက်ပေါ်လာခြင်းပါဘဲ ။


GMOs တွေကို WHO ကနေ အဓိပ္ပါယ် ဖွင့်ထားတာ ကတော့ ....................
DNA has been altered in a way that does not occur naturally by mating and / or natural recombination  မျိုးရိုး ဗီဇအရ သဘာဝအတိုင်း မဟုတ်ဘဲပေါင်းစပ်ထားခြင်း လို့ဆိုပါတယ်။


2016 GMOs စာရင်းမှာတော့ ကောက်ပဲသီးနှံသာ များပြီး FDA ခွင့်ပြုချက်ပါ ယှဉ်တွဲဖေါ်ပြတာတွေ့ရပါ တယ် ။ သရက်သီး လုံးဝပါဝင်ခြင်းမရှိပါဘူး ။


GMOs အပင်တွေကို 1983 ခုနှစ်က စတင်ခဲ့တာလို့ US GMOs web မှာဖေါ်ပြထားပါတယ်။
မနှစ် က Singapore NUS က Biotech Dep က Emeritus Prof ကြီး ဖတ်သွားတဲ့ Salmon ကို GMO အကြောင်း Seminor တက်ခဲ့တာလည်း သတိရပါတယ်။ 


Discovery Channel ကြည့်ရသလို Polar region မှာ Research ပြုထားတာ အံ့သြဘနမ်း ကြည့်ဘူးပါတယ် ။ သူကိုယ်တိုင် ဈေးနှူံး အရ  အရသာ အရ ကွာခြားကြောင်း ဝန်ခံသွားပြီး  Side effect အကြောင်းဆွေးနွေးတော့ FDA ခွငိ့ပြုချက် နဲ့ပညာရှင် ပီသစွာ ပါးပါးလေး ပုတ်သွားတာ အမှတ်ရပါတယ်။


အခု သရက်သီးကတော့ ထိုင်း က လား တရုပ် ကလား မသိပါ အရသာလည်း စားကြည့်ဘူးခြင်းမရှိတော့ မပြောနိင်ပေမဲ့ ထူးခြားတာ အမှန်ပါ ။



Wednesday, October 12, 2016

မေးရဲ ရမယ်




ကျွန်တော်တို့  လူမျိုး က တစ်ကယ်ဆို လူကြောက်တွေလို့ ပြောရမယ်ဗျ။ ဘာလို့ လည်း ဆိုတော့ မေးရမှာ ကြောက်ကြလို့ ပါ။

သူများကို မေးရမှာလည်း သိပ်ကြောက်ကြပါတယ်။ ဒီ့ထက် ဆိုးတာက ကိုယ့်ကို ကိုယ် မမေးရဲတာပဲ။

ကိုယ် ဘာတွေ တတ်ထားပြီးလဲ ၊ ဘာတွေ သိထားပြီလဲ ဆိုတဲ့ မေးခွန်းမျိုး လူတော်တော်များများ မမေးရဲကြဘူး။


ဒီတော့ မိမိ ကိုယ်တိုင်တောင် မယုံကြည်နိုင်ဘူး ဖြစ်နေတာပေါ့ ။ သူများကို မေးဖို့  ကြတော့လည်း ရှက်  တတ်နေကြတယ်။

ကိုယ် မသိဘူးဆိုတာကို သူများကို ပေးသိရမှာ ကြောက်တတ်ကြတယ်။ မမေးရဲတော့ ဘာဖြစ်လာလဲ ဆိုတော့ ဘယ်အရာ ကိုမှ သင်ခွင့် မရတော့ဘူးပေါ့။ တစ်ခါ တပည့် ခံပြီး ဆယ်ခါ ဆရာပြန်လုပ်ရမှာကိုတောင် မလုပ်နိုင်ကြဘူး။

ပြီးတော့ မိမိကိုယ်ကို ငယ်တုန်းမေးထားနိုင်ဖို့ လိုပါတယ်။ ဒါမှ မိမိ ရဲ့ အားနည်းချက်ကို ပြန်လည် ဆန်းစစ်နိုင်မှာ ဖြစ်ပါ တယ်။ အရွယ်လွန်မှ မေးမိတဲ့အခါ အဖြေတော့ ရှိပါလိမ့်မယ်၊ သို့ သော် ပြင်ဆင်ဖို့ အချိန်လွန်သွားပါပြီ။


ဓနု ရာသီဖွားများ



ဓနု ရာသီဖွားများ
(နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) နတ်တော်လ)

ဓနုရာသီ သည် ရာသီ (၁၂) ပါးတွင် န၀မမြောက် ရာသီခွင်ဖြစ်၏။
ကောင်းကင်ပြင်ရှိ ကြယ်ပွင့်များ ၏ ပုံသဏ္ဍာန်တွင် လေးနှင့်မြားကို ကိုင်ထားသော လေးသည်တော်သည် အပေါ်ပိုင်းတွင် လူ၏ ခန္ဓာကိုယ် ရှိပြီး ခါးအောက်ပိုင်းတွင် ခြေလေးချောင်းနှင့် မြင်း ၏ ကိုယ်သဏ္ဍာန် ရှိသော လူမြင်းလေးသည်တော်၏ ပုံ ပေါ်ထွန်းနေသော ရာသီခွင်ဖြစ်၏။ 


ဓာတ်သဘာဝ အားဖြင့် တေဇောဓာတ် (မီးဓာတ်) သဘာဝ ရှိ၏။ ဓာတ်ဖို သဘာဝ ကိုဆောင်၏။ (၅) ဂဏန်း ၏ စွမ်းအားတို့ သက်ရောက်မှု ရှိ၏။ နှစ်စဉ် နိုဝင်ဘာလ (၂၃) ရက်မှ ဒီဇင်ဘာလ (၂၁) ရက် အကြားတွင် မွေး ဖွားသူများသည် ဓနု ရာသီဖွားများဖြစ်သည်။ 

ထိုသို့ ရက်အတိအကျ မသိဘဲ မြန်မာလ နတ်တော်လ အတွင်း မွေးဖွားသူများ သည်လည်း ဓနု ရာသီဖွား
မှတ်ယူရမည်ဖြစ်၏။



ဓနု ရာသီဖွားများ၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ


ဓနု ရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။ စိတ်ဓာတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ ဘယ်အလုပ်ကို မဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။
တည်ကြည် ၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကို အလွန်ယုံကြည်လေးစား၏။ သမားရိုးကျ ဆန်ဆန် အရိုးခံ ပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။


စိတ်ဓာတ် အလွန် ခိုင်မာထက်သန်၏။ သို့သော် တစ်ခါ တစ်ရံ 
အငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။ ပင်ကိုယ် ဗီဇ ထက်သလောက် တစ်ချို့ ကိစ္စတို့တွင် ဝေခွဲရ ခက်ကာ စိတ် ဒွိဟဖြစ်နေတတ်ပြန် ၏။ မေတ္တာ၊ ဂရုဏာ တရားနှင့်ပြည့်စုံသလောက် စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။ 


စိတ်ရင်းစေတနာကောင်းစွာ တစ်ဖက်သားတို့ အား အမြဲကူညီနေတတ်၏။ သို့သော် နှုတ်စ လျှာစ ကြမ်း တမ်းသောကြောင့် အချို့သူများနှင့် ရန်သူ သဖွယ် ဖြစ်သွားရတတ်၏။ မည်သူ့ကို မဆို စိတ်ရိုး သဘောရိုးနှင့် ခင်မင်စွာ ဆက်ဆံလို၏။ မည်သူ့ကို မဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရော ကိုယ်ပါ ပေါင်းတတ်၏။ ကြီးပွား ချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။

အရာရာ ကို အလေးအနက် ထားပြီး အရှိန်အဟုန်ပြင်းစွာ 
လုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိ အလွန်ကောင်းပြီး ဗြောင်လုပ်၊ ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည် ထင်က မည်သည့် ကိစ္စမဆို လုပ်ရဲ ကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှု ကို အလွန်မုန်း၏။ လိမ်ညာမှု ကို အလွန်မုန်း၏။ စိတ်ထိခိုက် လွယ် ၏။ 


တစ်ခါတစ်ရံ အငမ်းမရဖြစ်တတ်၏။ တစ်ဇွတ်ထိုး လုပ်ချင်၏။ ငွေ ကို ပြင်းထန်စွာ ရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာ လုပ်တတ်၏။ ဘယ် အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူ ဘယ်တော့မှ မလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ 

သူဋ္ဌေးဖြစ် ခွေးဖြစ် ကြံတတ်၏။ ရွှေ တစ်နေ့ ငွေ တစ်နေ့ သမားများ ဖြစ်၏။ စီးပွား ရှာရာတွင် လောဘကြီး ၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက် စိတ်ထဲထင်က လောင်းကစား ဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။ ကုန်သွားလျှင်လည်း မနှမြောတတ်။ 

လွပ်လပ်စွာနေထိုင်ရခြင်း၊ လုပ်ကိုင်ရခြင်းကို အလွန် မက်မော၏။ ငွေကြေးဥစ္စာ များစွာ ပိုင်ဆိုင် ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။

အထူး သတိထားရန်မှာ..................

ဤရာသီဖွား တို့သည် စိတ်ဓာတ်ပြင်းထန် သလောက် စိတ်ဓာတ် ခက်ထန်ကြမ်းတမ်း သဖြင့် ဒေါသကြီးသော အခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင် လုပ်ဖို့၊ ဒုက္ခရောက်အောင် လုပ်ဖို့ ၀န် မလေးတတ်ကြချေ။

 ဒေါသ ကို အထူးထိန်းဖို့လို၏။ ထက်မြက် သလောက် လိမ္မာပါးနပ်မှု ရှိ၏။ သူတစ်ပါးမတွေးသော ရှုထောင့်မှ တွေးတတ်မြင်တတ်၏။ သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံ မိတ်သင်္ဂဟ ပေါများနေတတ် ၏။ 

အထူးမှာ ဤ ရာသီဖွားတို့သည် အနာဂါတ် ကို ကြိုတင် သိနိုင်စွမ်းသော ပါရမီ ဓာတ်ခံ ရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူး နိမိတ်ထူး တို့ဖြင့် အနာဂတ် ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိ ထူထောင်ပေးပါက အထူး ထက်မြက်တတ်ကြ၏။ 


ဦးနှောက် ကို သော့ခတ် မထားပါနဲ့






နှလုံးသား က တောင်းဆိုတယ်။
ဦးနှောက် က ပယ်ချတယ်။

ဦးနှောက် က တောင်းဆိုတယ်။
နှလုံးသား က ပယ်ချတယ်။

တစ်ဇွတ်ထိုး စိက် က လုပ်ချင်တယ်။
အသိဉာဏ် က တားထားတယ်။

အသိဉာဏ် က လုပ်ချင်တယ်။
ပျင်းတဲ့ စိတ် က တားထားတယ်။

မိမိ က ကြိုးစားချင်တယ်။
မိတ်ဆွေတွေ က ပိတ်ပင်တယ်။

မိတ်ဆွေတွေ က ကြိုးစားစေချင်တယ်။
မိမိကိုယ်တိုင် က ပိတ်ပင်တယ်။

ကိုယ့်ကို ချစ်တဲ့ သူ က လမ်းမှန်ကို ပြတယ်။
ကိုယ့်ကိုယ် မချစ်တဲ့ သူ က လမ်းမှားကိုပြတယ်။

ရွေးချယ်မှု မှန်ကန်ရင် မိမိပဲ စိတ်ချမ်းသာစွာနဲ့ ဘဝ ကို ရပ်တည်နိုင်မယ်။

ရွေးချယ်မှု မှားယွင်းမယ် ဆိုရင် မိမိပဲ စိတ်ဆင်းရဲစွာနဲ့ ဘဝ ကို လျှောက်လှမ်း ရလိမ့်မယ်။

အစာ အဆိပ်မသင့်စေဖို့




(၁) ဘေးကင်း တဲ့ အသား ကိုရွေးပါ
စူပါ မားကက်မှာ အသား ၀ယ်လျှင် ရေခဲသေတ္တာ အောက်ဆင့် က အသား ကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့် သလောက် မအေးဘဲ ဖြစ်တတ်သည်။


(၂) ကျကျနန သိမ်းပါ
လတ်လတ် ဆတ်ဆတ် အသားများကို ရေခဲသေတ္တာ အအေးခန်း (refrigerator)တွင် နှစ်ရက်အထိ ထားနိုင် သည်။ အခဲခန်း (freezer) တွင် လပေါင်း များစွာ အထားခံ သည်။ အအေးခန်း (refrigerator) တွင် ၄၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်ပြီး အခဲခန်း (freezer) တွင် သုညဒီဂရီ ဖာရင်ဟိုက် ရှိသင့်သည်။


(၃) ကျကျနန ရေခဲဖျော်ပါ 
အေးခဲ ထားသည့် အသား ကို ရေထဲ ထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင် တွင် အတိုင်းသား တင်၍ ရေခဲပျော်အောင် ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။


(၄) ဆေးကြော သန့်စင်ပါ
အသားကိုင်မည့် လက်ကို ဆေးကြော သန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုး မှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink) ကို ဆေးကြောပါ။




ခါးတောင်းကျိုက် နဲ့ ပြေးတဲ့ ဦးပေါ်ဦး






တစ်ခါက ဘိုးတော်ဘုရား နဲ့ မိဖုရားကြီး တို့ဟာ ဧရာဝတီမြစ်ကမ်း ထိပ်က ရွှေကြက်ကျ နဲ့ ရွှေကြက်ယက် ဘုရားတွေ ကို ဘုရားဖူး ထွက်တော်မူပါတယ်။ ဘုရားဖူးပြီးတော့ ဘိုးတော်ဘုရား ဟာ စိတ်ရွှင်လန်းနေပါတယ်။ ပြီးတော့ မြစ်ဘက် ကို ကြည့်တယ်။ မြစ်ကိုကြည့်ပြီး အတွေးတစ်ခုပေါ်လာတာကြောင့် ဦးပေါ်ဦး ကို လှမ်းမေးလိုက်တယ်။

"ဟဲ့ ပေါ်ဦး ၊ ဒီမြစ်ကို ဟိုဘက်ကမ်းရောက်အောင် ကူးနိုင်ပါ့မလား" မြစ်ရေ ကို လက်ညိုး ထိုးပြီး ပြတော် မူတော့ ဦးပေါ်ဦး က ရေပြင်ကို လှမ်းကြည့်ပြီး ဖြေတယ်။

" ဒီမြစ်ကို မပြောနဲ့ ဒီမြစ်ထက် အဆပေါင်းများစွာ ကျယ်တဲ့ မြစ်ကိုတောင် ဖြတ်ကူးနိုင်ကြောင်းပါဘုရား"
ဘိုးတော်ဘုရား လည်း ဒီတစ်ခါတော့ ပေါ်ဦး ကို နိုင်ကွက်တွေ့ပြီ ၊ အပြော နဲ့ အလုပ် မညီလို့ ကတော့ တွေ့ပြီပေါ့ ပေါ်ဦးရယ် လို့ တေးပြီး ...

"ကဲ..ဒါဖြင့် ပေါ်ဦး မင်းကူးပြစမ်းကွယ်"

ဦးပေါ်ဦး ကလည်း ချက်ချင်းပါပဲ။ ၀တ်ထားတဲ့ စလွယ်တွေ ခေါင်းဆောင်းတွေ ကို ချွတ်တယ်။ ပုဆိုး ကို သေသေ ချာချာ ခါးတောင်းကျိုက် လိုက်တယ်။ အဲဒီနောက်တော့ မြစ်ဘက် ကို ပြေးသွားပါတယ်။ မြစ်ထိပ်ကိုရောက်တော့ မြစ်ထဲကို မဆင်းပဲ ဟိုဘက်ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် ၊ ရပ်မျှော်ကြည့်လိုက် အဲဒီ အတိုင်းလုပ်နေတယ် ။ 

ကြာလာတော့ ဘိုးတော်ဘုရား က စိတ် မရှည်တော့ဘူး ။ ဦးပေါ်ဦး ကို အခေါ် လွှတ်လိုက်တယ်။ ဦးပေါ်ဦးဘုရင် ရဲ့ ရှေ့ကိုပြန်ရောက်လာတယ်။

"ဟဲ့ ပေါ်ဦး ဟိုဘက်ကမ်းကို ကူးမယ်ဆို ၊ ဘယ်နှယ် မကူးပဲ ဟိုပြေး ဒီပြေး လုပ်နေတာလဲ"
" ဟိုဘက်ကမ်းကို ကူးဖို့ လှေ ရှာနေတာပါဘုရား "


DPC ထည့်တာ ဘာအတွက်လဲ




တစ်ချို့ ပန်းရံတွေဟာ အဆောက်အဦ ထဲမှာ DPC ဘာကြောင့် ထည့်တယ် ဆိုတာ မသိကြပါဘူး။ အတွေ့ အကြုံ  များတဲ့ ပန်းရံ စီနီယာကြီးများသာ သိကြတယ်။ အရင်ခေတ် RC ပေါ်ကာစ က အဆောက်အဦ များမှာ ground beam (မြေအောက်ရက္မ) များသာ ထည့်ပြီplinth beam (ကြမ်းခင်း ရက္မ) များကို ထည့်လေ့မရှိကြဘူး။ 

အဲဒီ အဆောက်အဦ မျိုးတွေ ပတ်ပတ်လည် မှာ ၉" အုတ်ရိုး မြေထိမ်း နံရံနဲ့ အဆောက်အဦ ခန်းဆီး (partition) ရှိတဲ့ နံရံအောက်တွေ မှာလည်း ၉" မြေထိန်းနံရံတွေ တည်ဆောက်ကြတယ်။မြေထိန်း နံရံများ level (သတ်မှတ် အမြင့်) ရပြီဆိုရင် မြေကြီး အပေါ် အနည်းဆုံး ၆"ကနေ ၉" ထိ ၉" အုတ်ရိုး အပေါ်မှာ damp proof course (DPC) ဆိုတာကို ထည့်ပေးရတယ်။ 

ဒီအလွှာ ဘာကြောင့်ထည့်ရသလဲ ဆိုရင် မြေကြီးအောက်မှာ ရှိတဲ့ရေကို မြေထိန်း နံရံ အုတ်များက စုပ်ယူ တယ်။ အဲဒီ စုပ်ယူတဲ့ရေများကို အဆောက်အဦ ရဲ့ အုတ်နံရံ များက စုပ်မယူနိုင်အောင် အဲဒီ အလွှာက တားထားပေးတယ်။ ဒါကြောင့် ဒါကို `စိုထိုင်းမှု တားလွှာ´လို့ခေါ်တယ်။

အဲဒီခေတ်က အဆောက်အဦ တွေမှာ DPC မပါဘဲ နံရံ တက်ရင် မိုးအခါမှာ နံရံအောက်ခြေများ အမြဲ စိုစွတ်နေတာတွေ့ရလိမ့်မယ်။ သုတ်ထားတဲ့ဆေးများ မကြာခဏ ကွာကျတယ်။ အဆောက်အဦထဲ ခြဝင်တယ်။ အတွင်းပစ္စည်းများ အမြဲ စိုထိုင်းနေပြီး မှိုတက်တယ်။

အထူးသဖြင့် အုတ်ညှပ် အဆောက်အဦ (bricked knogged wall) တွေမှာ ပိုဖြစ်လေ့ ရှိတယ်။ အခုခေတ်မှာတော့ အဆောက်အဦတိုင်း လိုလိုမှာ plinth beam များ ပါရှိနေလို့ သီးသန့် DPC ထည့်ဖို့ မလိုတော့ပါဘူး။


ဒါပေမယ့် အဆောက်အဦ ရဲ့မြေညီထပ်ကြမ်းခင်း ကို လောင်းတဲ့ အခါ ၁း၃း၆ ဘိလပ်မြေ အချိုး နဲ့ ၄.၅" အောက်ခံကို အရင်လောင်းပြီးမှ အပေါ်က ၁း၂း၎ ဘိလပ်မြေ အချိုးနဲ့ ၁.၅"ထု လောင်းခြင်းဟာ DPC လောင်ြး ခင်းပဲဖြစ်တယ်။ ဒါကို ပန်းရံများရဲ့အခေါ် `တော်ပင်´လောင်းတယ်လို့ လည်းခေါ်တယ်။



ဗြိစ္ဆာ ရာသီဖွားများ




(အောက်တိုဘာ လ ၂၄ မှ နိုဝင်ဘာလ ၂၂ ရက် အတွင်း) (တန်ဆောင်မုန်းလ)

ဗြိစ္ဆာ ရာသီသည် ရာသီစက်ဝန်း ၏ ရှစ်ခုမြောက် ရာသီခွင်ဖြစ်၏။
အနောက်တိုင်း နက္ခတ်တွင် (ှခသမစငသ) ဟုခေါ်တွင်၏။ ဤရာသီခွင်ရှိ ကောင်းကင် ကြယ်စုတို့သည် ကင်းမြီးကောက် တစ်ကောင်၏ အသွင်သဏ္ဍာန် တည်ရှိကြ၏။ 

အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသော ရာသီခွင်ဖြစ်၏။ အင်္ဂါဂြိုလ် မှ ပိုင်စိုး၏။ (၉) ဂဏန်းတို့ စွမ်းအား သက်ရောက်မှု ရှိ၏။ (သတွဂုဏ်) (သစ္စာကြီးမား၍ ဖြောင့်မတ်မှုဂုဏ်) သက်ရောက်၏။ 

နှစ်စဉ် အောက်တိုဘာလ (၂၄) ရက် မှ နိုဝင်ဘာလ (၂၂) ရက် အတွင်း မွေးဖွားသူများသည် ဗြိစ္ဆာရာသီဖွားများ ဖြစ်၏။ ထိုသို့ ရက်အတိအကျ မသိဘဲ တန်ဆောင်မုန်းလ အတွင်းမွေးဖွားသူများသည် လည်း ဗြိစ္ဆာ ရာသီဖွား များ ဟု တစ်ထစ်ချ မှတ်ယူရမည်ဖြစ်၏။  (မ) ရာသီ၊ (သောမ) ရာသီလည်းဖြစ်ပေ၏။ 



ဗြိစ္ဆာ ရာသီဖွား တို့၏ ပင်ကိုယ် သဘာဝနှင့် အကျင့် စရိုက် လက္ခဏာ များ

ဗြိစ္ဆာ ရာသီဖွားတို့သည် သစ္စာတရား ဦးထိပ် ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထား ရှိ၏။ သို့သော် စိတ်ထဲ၌ အငြိုးအတေး ထားတတ်ကြ၏။ ကိုယ့် အပေါ် ထိပါးစော်ကား သူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန် ကလဲ့စားချေတတ်ကြ၏။ 

ဗြိစ္ဆာ ရာသီဖွားတို့၏ စိတ်၌ ခံစားချက် ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင် အပင်ပန်းခံ ရုန်းကန် ရခြင်းများလည်း များစွာရှိ၏။ ဘ၀ အစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည် ဆိုရာတွင် မောင်နှမသားချင်း အတူတူ မှာပင် ကိုယ်က ပိုပြီး ခက်ခဲ ပင်ပန်း၏။အနစ်နာခံ ကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲ များကို ဇွဲနှင့် စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန် ထက်ပိုအောင်မြင်သွားတတ်၏။

ဗြိစ္ဆာ ရာသီဖွား တို့၏ ဘ၀ တွင် မိမိ အပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်း ကျိတ် ပြီး ခံစားရသော ဒဏ်ချက်များ တို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေး စိတ်များ ထွက်ပေါ်လာရ တတ်၏။ 


ဗြိစ္ဆာ ရာသီဖွား တို့သည် မိမိ အပေါ် လွှမ်းမိုးခြင်းကို လုံးဝ လက်မခံနိုင်ကြချေ။ အထူး လွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင် ရှင်သန်လိုကြ၏။ သို့သော် သူတို့ ဘ၀တွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီး တို့၏ သြဇာ လွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသော သဘောဖြင့်ဖြစ်စေ)
သက်ရောက်မှု ရှိနေတတ်၏။ 



ဗြိစ္ဆာ ရာသီဖွားတို့သည် စိတ် အား၊

လူအားကောင်း၏။ ဘ၀တွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘ၀ ၏ အောင်မြင်မှုကို တိုက်ပွဲ ပမာ တိုက်ယူ လိုကြ၏။ အပင်ပန်း ခံပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားယူကြ၏။ ဘ၀ အစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။

အချိန် ကိုလည်း စောင့်ဆိုင်း လုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာ ထိပ်ဆုံးသို့ ရည်မှန်း ၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။ သို့သော် အချို့ ကိစ္စတို့တွင် ငါသိငါတတ် သဘောဖြင့် တစ်ဇွတ်ထိုး လုပ်မိ တတ်ကြ၏။ အငြင်းလည်း သန်၏။ ကိုယ် ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲ ထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ၀န်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။ 

အထူးသဖြင့်..........ဗြိစ္ဆာ ရာသီဖွား အမျိုးသားများ အမျိုးသမီးနှင့် ပတ်သက်ပြီး ပျက်စီး နစ်နာ တတ်၏။ ဗြိစ္ဆာရာသီဖွား တို့သည် အပြောချို  ၏။ တစ်ခါ တစ်ရံ မာနကြီး တတ်၏။ စိတ်ထဲ မထင်လျှင် ဘယ်လူကြီး လူကောင်း ကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။

ဘယ်သူ့ကို မှ ဂရုမစိုက်။ စိတ် အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက် ရှည်တတ်၏။ စီးပွား ဥစ္စာ ချမ်းသာ တတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါ လက်ပါ ပြောဆို လာပါက ပြင်းထန်လာ၏။ လူ့ သဘာဝကို သဘောပေါက်ကာ ပရိယာယ် သဘောများလည်း တတ်ကျွမ်း၏။ အခြွေအရံ များ၏။

အ၀တ်ကောင်း၊ အစားကောင်း များ ၀တ်ရ တတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ ပညာရပ် တို့တွင် တစ်ပိုင်း တစ်စ ဖြင့် ရပ်ထားရတတ်၏။ ဗြိစ္ဆာ ရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက် တတ်၏။ တစ်ခါ တစ်ရံကြမ်းတမ်း ခက်ထန် ပြုမူ မိတတ်၏။ တစ်ခါ တစ်ရံ မိဘ၊ ဆရာသမား
အကြီးအကဲတို့ စကားကို နားမထောင်ဘဲ နေတတ်၏။ 

အထက်လူကြီး၊ မင်း အစိုးရ တို့၏ ချီးမြှင့်မှုကို ခံရကာ ဘ၀တွင် ကြီးပွားအောင်မြင် တတ်ကြလေ၏။ ထို့ အပြင် ဗြိစ္ဆာ ရာသီဖွား တို့သည် မမြင်အပ်သော မြင့်မြတ် သည့် နာမ်လောက မှ ပုဂ္ဂိုလ်ထူး တို့၏ ပါရမီ ပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှု ကိုလည်း သိသာစွာ ခံရတတ်၏။


မြင်းလေးမျိုး၊ လူလေးမျိုး





★ ဤလောက၌ မြင်းလေးမျိုးရှိလေ၏။  လူလည်းလေးမျိုး ရှိလေ၏။ 

" ပထမ မြင်းကား "


နှင်တံရိပ်ကို မြင်ကာမျှဖြင်. မြင်းထိန်း၏ သဘောကို ကောင်းစွာသိ၏။ ယနေ. ငါ၏ သခင် သည် အဘယ် ကိစ္စမျိုးကို ခိုင်းစေမည်နည်း။ ငါသည် သခင်. အတွက် ဘယ်သို.လုပ်ဆောင်ရမည်နည်း  ဟူ၍ ဆင်ခြင် တတ်၏။ ထိတ်လန်.တတ်၏။

" ဒုတိယ မြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်. ကောင်းစွာ မသိတတ်။ မဆင်ခြင်တတ်။ ထိတ်လန်. တုန်လှုပ်ခြင်း မရှိ။ နှင်တံဖြင်. အမွေးကိုတို.ထိမှ သာလျှင် ကောင်းစွာ သိတတ်၏။ ဆင်ခြင်တတ်၊ တုန်လှုပ် ထိတ်လန်.တတ်၏။

" တတိယ မြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်. လည်းကောင်း ၊ အမွေးကို ထိတို.ကာမျှဖြင်. လည်းကောင်းမသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန်.တုန်လှုပ်ခြင်း မရှိ ။ နှင်တံဖြင်. အရေ ကို တို.ထိမှ သာလျှင် သိတတ်၏၊ ။ ဆင်ခြင်တတ် ၊ တုန်လှုပ် ထိတ်လန်.တတ်၏။

" စတုတ္ထမြင်းကား "

နှင်တံရိပ်ကို မြင်ကာမျှဖြင်.လည်းကောင်း၊ အမွေးကို ထိတို.ကာ မျှဖြင်.လည်းကောင်း၊ အရေကို ထိတို. ကာ မျှဖြင်.လည်းကောင်း မသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန်.တုန်လှုပ်ခြင်း မရှိ၊ နှင်တံဖြင်.အရိုး ကို တို.ထိမှသာလျှင် ကောင်းစွာသိ၏။ ဆင်ခြင်တတ်၊ တုန်လှုပ် ထိတ်လန်.တတ်၏။

ဤကား ဥပမာစကားတည်း။


★ အချို.သော ပုဂ္ဂိုလ်သည်
အရပ်တစ်ပါးမှ တစ်စုံ တစ်ယောက်သော မိန်းမယောကျာ်း တို. မှားယွင်းသော မကောင်းမှုကြောင်. 
အပြစ် ဒဏ်ခံရသည်ကိုလည်းကောင်း၊
အနာရောဂါနှိပ်စက် သဖြင်. ဆင်းရဲ ပင်ပန်းသည်ကိုလည်းကောင်း၊
သေကျေ ပျက်စီးသည်ဟုလည်းကောင်း သတင်းစကား ကြားရုံမျှဖြင်.မိမိ အတွက် ဆင်ခြင်မိ၏ ။ တုန်လှုပ် ထိတ်လန်.မိ၏။

ထိုပုဂ္ဂိုလ်မျိုး သည် ပထမမြင်းနှင်. တူပေ၏။

ပျူ ဘုရင့်မွေးနေ့




သမိုင်း ဟာ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်ဘူး ။ သို့သော်လည်း စကြာမင်းတောင် သေခြင်းတရားနဲ့ မကင်းဘူး ။ သီရိဓမ္မာသောက မင်းတောင် ဇမ္ဗူဒိတ် တစ်ကျွန်းလုံး သူပိုင်တယ်လို့ ယူဆပေမယ့် သူသေခါနီးမှာ သူ့ပိုင်နက်တွေကို သူ့သားက ပိုင်တယ် ။ သေခါနီး သူပိုင်တာ ဓာတ်စာစားဖို့ ရှိတဲ့ သစ်သီး တစ်လုံး သာဖြစ်တော့တယ် ။ ဒီအကြောင်း အချက်တွေကို နမူနာယူပါ ။ သမိုင်းကို ဖတ်ရင် ဖြစ်ခြင်း ပျက်ခြင်းနဲ့ ဆင်ခြင်ပြီး နိဗ္ဗာန်ရောက်ကြောင်း ရှာပါ ။ ကမ္မဋ္ဌာန်း သဘောနဲ့ ဖတ်ပါ . . . ။

( စဥ့်ကိုင် သူဌေးသား မောင်ကုလား - ၁၇၂၀ ပြည့် / ခန့်မှန်း . . . )
1912 ခုနှစ်မှာ ကျောက်စာဝန် တော်စိန်ခို က ပြည်မြို့ သရေခေတ္တရာမြို့ဟောင်း တည်ရှိရာ မှော်ဇာမှာ ပျူအရိုးအိုးကြီး ၂ လုံး ကို တူးဖော် ရရှိခဲ့ပါတယ် ။ ကမ္ပည်းစာများ အရ သီဟဝိကြမဘုရင် နဲ့ ဟရိဝိကြမ ဘုရင်တို့ရဲ့ အရိုးအိုးတွေ ဖြစ်ကြပါတယ် ။ ပညာရှင်တွေ ကြိုးစား ဖတ်ရှုကြည့်ကြတော့ ပျူ  စာ က အဓိပ္ပာယ်ပေါ်လာခဲ့တယ် ။

"တိုင်းပြည် ၏ အဆင်တန်ဆာ သီဟဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၈၀ နှစ် ၂ လ ၄ ရက်တွင် သက်တော် ၄၄ နှစ် ၉ လ ရက် ၂၀ မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."

"မေးရိုး သုံးဆင့်ရှိသော ဟရိဝိကြမ မင်းမြတ်သည် သက္ကရာဇ် ၅၇ နှစ် ၂ လ ၂၄ ရက် တွင် သက်တော် ၄၁ နှစ် ၇ လ ၉ ရက်မှာ နတ်ရွာစံသည် ။ မင်းမြတ် ၏ ရုပ်ကလာပ် . . ."  စသဖြင့် ဖြစ်ပါတယ် ။

ပျူ  အရိုးအိုးတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ အယူအဆ မတူညီကြတာက သက္ကရာဇ် ကိစ္စ ဖြစ်ပါတယ် ။ အများစုက ပျူ   အရိုးအိုးပါ အက္ခရာတွေဟာ ခရစ်နှစ် ၄ ရာစုသုံး ဂုပ္တ အက္ခရာမျိုးဖြစ်တယ် ဆိုပြီး ပျူနှစ် ကို ၃၁၉ ပေါင်းပြီး ခရစ်နှစ် ပြောင်းယူကြပါတယ် ။

တရုတ်ဘာသာ စာပေ ပညာရှင် သုတေသနမှူး ဦးရည်စိန် ( ပြည်ပ ၌ ကွယ်လွန် ) က ပျူ  သက္ကရာဇ် မှာ ၂၁ မတ် ၈၃၈ အေဒီမှာ စတင်ခဲ့တဲ့ သက္ကရာဇ်ဖြစ်ပြီး အခု မြန်မာ သက္ကရာဇ်ပင်ဖြစ်ကြောင်း ဆိုပါတယ် ။ 

ခရစ်နှစ် ၈၃၂ ခုနှစ် ပျူ   သက္ကရာဇ် ၁၉၄ မှာ ယီမိုးရွှန်း ရဲ့ မြေးဖြစ်သူ ချွန်ဖန်ယု  ရဲ့တပ်များ လာရောက်တိုက်ခိုက်ကြလို့ သရေခေတ္တရာ ပျက်သုဉ်းခဲ့ရတယ်လို့ ဆိုပါတယ် ။

ပျူ   အရိုးအိုးတွေက သက္ကရာဇ်တွေ ကို သိရတော့ အတွေးတစ်ခု ပေါက်လာပါတယ် ။ အရိုးအိုးတွေမှာ ပျူ  ဘုရင် နတ်ရွာ စံခဲ့တဲ့ ရက်စွဲ နဲ့ နတ်ရွာစံစဉ် အသက် ( နှစ် လ ရက် ) အတိအကျ ပါပါတယ် ။ သို့ ဆိုရင် နတ်ရွာ စံ ရက်စွဲမှ နတ်ရွာစံ စဉ် အသက်ကို နုတ်လိုက်ရင် ပျူ   ဘုရင့်မွေးနေ့ကို သိလာနိုင်ပါတယ် ။

ဟရိဝိကြမ ဘုရင်ကို အရင် တွက်ကြည့်ရအောင်ပါ ။ ခက်တာ မဟုတ်ပါဘူး ။ နတ်ရွာစံ တဲ့ ပျူသက္ကရာဇ် ၅၇ ခု ၂ လ ၂၄ ရက် မှ နတ်ရွာစံစဉ် အသက် ၄၁ နှစ် ၇ လ ၉ ရက် ကို နုတ်ကြည့်တာ ဖြစ်ပါတယ် ။ ဟရိဝိကြမဘုရင် အတွက် မွေးသက္ကရာဇ်ရက်စွဲ က ၁၅ ခု ၇ လ ၁၅ ရက် ကို ရပါတယ် ။

ပြက္ခဒိန် တွက်ချက်မှု  မှတ်တမ်းအရ သက္ကရာဇ် ၁၅ ခုက ဝါကြီး ထပ်နှစ် ဖြစ်တယ် ။ ၇ လမြောက်လ က တော် သလင်းလ ဖြစ်လိမ့်မယ် ။ သက္ကရာဇ် ၁၅ ခုရဲ့ တော်သလင်း လဆန်း ၁၅ ရက် ကို ခရစ်နှစ် ရက်စွဲ ပြောင်းကြည့်တော့ ၆၅၃ ခု စက်တင်ဘာလ ၁၂ ရက် ကြာသပတေးနေ့ ဖြစ်ပါတယ် ။ 

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၅၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ပျူ  ဘုရင် ဟရိဝိကြမ ကို ဖွားမြင်ခဲ့တယ် ။ အဲဒီနေ့မှာ သရေခေတ္တရာ မှာ ဘုရင်မင်းမြတ် ရဲ့ မွေးနေ့ပွဲ ကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပကောင်း  ကျင်းပနေ   လိမ့်မယ် ။

သရေခေတ္တရာ နန်းရင်ပြင်ထက်မှာ ပျူ   ကချေသည်တွေ ၊ တူရိယာ အတီးအမှုတ် ပညာရှင်တွေ နဲ့ စည်ကားနေပါလိမ့်မည် ။ ပုရောဟိတ်တွေက အဲဒီနေ့မှာ ဖွားမြင်တဲ့ ဟရိဝိကြမ ဘုရင်ဟာ စွမ်းရည်ထက်မြက်သူ တန်ခိုး အာဏာ ကြီးမားသူဖြစ်ကြောင်း အမွှန်းတင် ပြောဆိုကြပါလိမ့်မယ် ။ 

အနီးဝန်းကျင် နိုင်ငံတွေဖြစ်ကြတဲ့  ဗိဿနိုး    ဟန်လင်း  နဲ့ ဝေသာလီ  တို့က ကိုယ်စားလှယ်တော် မင်းညီ မင်းသား များလည်း လာရောက်ကောင်း လာရောက်ကြပေလိမ့်မည် ။

အဲသလိုပဲ သီဟဝိကြမ မင်းရဲ့ မွေးနေ့ ရက်စွဲကိုလည်း တွက်ကြည့်မိတော့ သက္ကရာဇ် ၃၅ ခု ၄ လ ၁၄ ရက်မှာ ဖွားမြင်ကြောင်း တွေ့ရပါတယ် ။ ( ဝါဆို လဆန်း ၁၄ ရက် လို့ ဆိုနိုင်ပါတယ် ။ ခရစ်နှစ် ရက်စွဲကို တွက်   ကြည့်တော့ ခရစ်နှစ် ၆၇၃ ခု ဇူလိုင်လ ၂ ရက်နေ့ ရပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၃၉ နှစ် အကြာ ဇူလိုင်လ ၂ ရက်နေ့က ပျူဘုရင် သီဟဝိကြမ ကို ဖွားမြင်ခဲ့ပါတယ် ။ 

Sunday, October 9, 2016

တူ ရာသီဖွားများ




တူ ရာသီဖွားများ

(စက်တင်ဘာ ၂၃ ရက် မှ အောက်တိုဘာ ၂၃ ရက်) (သီတင်းကျွတ်လ)


တူ ရာသီသည် ရာသီ ၁၂ ပါး ၏ သတ္တမမြောက် ရာသီခွင်ဖြစ်သည်။ မိုးကောင်းကင် ရှိ ဤ ရာသီတွင် လင်းလက်နေသော ကြယ်ပွင့်များသည်  ချိန်ခွင် တစ်ခု၏ အသွင်သဏ္ဍာန် အနေအထားပုံ ပေါ်ထွန်းနေသော
နက္ခတ်ရုပ်ပုံဖြစ်၏။ 

ဓာတ် သဘာဝ အရ ၀ါယောဓာတ် (လေဓာတ်) စိုးမိုး၏။ ဓာတ်ဖို သဘာဝဖြစ်၏။ သောကြာဂြိုလ် ပိုင်ဆိုင်စိုးမိုးသော ရာသီခွင်ဖြစ်၏။ (၆) ဂဏန်း ၏ အကျိုးသက်ရောက်မှု ရှိသည်။ 

နှစ်စဉ် စက်တင်ဘာလ (၂၃) ရက် မှ အောက်တိုဘာလ (၂၃) ရက်တွင် မွေးဖွားသူများသည် တူ ရာသီဖွားများဖြစ်ကြလေသည်။ ထိုသို့ အတိ အကျ မသိဘဲ မြန်မာလ သီတင်းကျွတ် အတွင်း မွေးဖွားသူများသည် လည်း တူရာသီဖွားများ ဟု တစ်ထစ်ချမှတ်ယူနိုင်သည်။ 

တူ ရာသီဖွားတို့ ၏ ဘ၀ အနေအထားများ ကို အောက်ပါဖြစ်စဉ်များ အတိုင်း လေ့လာ သုံးစွဲနိုင် ကြပေတော့သည်။

တူ ရာသီဖွားတို့၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ


တူ ရာသီဖွားတို့သည် စိတ် ခံစားမှုကို အထူးဦးစားပေးသူများဖြစ်ကြ၏။ နှလုံးသားခံစားမှု အတိုင်း ဘ၀ ကိုလျှောက် လှမ်းကြ၏။ ခံစားချက်ပြင်းထန်သူများ ဖြစ်ကြ၏။ တူ ရာသီဖွား တို့၏ ဘ၀တွင် လွမ်းမောဖွယ်ရာ အဖြစ် အပျက်များဖြင့် ပြည့်နှက်နေတတ်၏။

အနုပညာ ခံစားမှု အင်အားပြင်းထန်၏။ အလှအပကြိုက်၏။ အသန့် အပြန့်၊ အကောင်းအမွန် ကိုလည်း သူများထက် ပိုမက်မောကြ၏။ အထူးသဖြင့် တူ ရာသီဖွားတို့သည် တစ်ခု မဟုတ် တစ်ခု ညှို့ဓာတ်အားကောင်းတတ်ကြ၏။ ဘေးလူတွေက ချစ်ခင်ကြည်ညိုတတ်ကြ၏။ 

တူ ရာသီဖွားတို့ ကိုယ်တိုင် ကလည်း လူပေါင်း ဆန့်၏။ ခင်မင်မှုနှင့် ချစ်မေတ္တာသံယောဇဉ်ကို အလေး အနက် ထား၏။ အလွန် သိမ်မွေ့သော နှလုံးသား ပိုင်ရှင်များဖြစ်ကြ၏။ သို့သော် ဒေါသဖြစ်က ဘာမျှ မမြင်တတ် ကြတော့ချေ။ ထို့အပြင် ငွေ အသုံးကြမ်းသူများလည်း ဖြစ်တတ်ကြ၏။ 

အထူး သတိပြုရန်မှာ တူ ရာသီဖွားတို့သည် စိတ်နုတတ်သည်။ စိတ် ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှ မဖြစ် သလို ဟန်ဆောင်ထားသော်လည်း စိတ်ထဲက ထိခိုက် ခံစားရတာ၊ စိတ်ကောက် မိတာမျိုး မသိမသာဖြစ်တတ်၏။ ၎င်း စရိုက်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားလိုတတ်၏ ။ပြင်သင့်၏။  
ထို့အပြင် အယုံလွယ် တတ်၏။ အပျော်အပါး တွင် ၀ါသနာ ထုံတတ်ခြင်းကိုလည်း ပြင်သင့်၏။


တူ ရာသီဖွားတို့၏ အချစ်ရေး၊ အိမ်ထောင်ရေး၊ ဘ၀ တည်ဆောက်မှု အနေအထားများ

တူ ရာသီဖွားတို့သည် ချစ်မေတ္တာစိတ် ကြီးမားတတ်ကြ၏။ နှလုံးသား ခံစားချက် ပြင်းထန် တတ်ကြ၏။ သို့သော် အေးတိအေးစက်နှင့် နှုတ်မှ ဖွင့်ပြောဖို့ ၀န်လေးတတ်ကြ၏။ မိမိ ကို ချစ်သူက အမြဲ အားမလိုအားမရနှင့် သံသယဖြစ်နေတတ်ကြ၏။ ကိုယ်တိုင် ကလည်း စိတ် ဒွိယဖြစ်စရာများနှင့် ချစ်နေတတ်ကြရ၏။ ရပ်ဝေးမှသူနှင့် ချစ်ကြိုး သွယ်မိတတ်ကြ၏။ ရွှေးချယ်ရ ခက်သော အနေအထားများ ကြုံရတတ်၏။ 

ချစ်ဦးသူနှင့် လမ်းခွဲရတတ်၏။ ကွဲကွာသွားသော ချစ်သူကို တစ်သက်လုံး တစ်သသ လွမ်းနေမိတတ်ကြ၏။ အချစ်ကြီးသူများ ဖြစ်တတ်ကြသည်။ မေတ္တာနှင့် သစ္စာ ကို အထူး ကိုးကွယ်သွားတတ်ကြ၏။ မည်သည့် ကိစ္စမဆို အစွဲအလမ်း ကြီးမားတတ်ကြ၏။

သို့သော် တူရာသီဖွား တို့သည် အိမ်ထောင်ပြုပြီးသော အခါတွင်လည်း ကိုယ့် အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာ အလိုလိုက်တတ်ကြ၏။ အိမ်ထောင်ပြုပြီးလျှင် ဘ၀အောင်မြင် တိုးတက်မှုကြုံတတ်၏။ ထို့ပြင် စိတ် ခံစားမှုကို ဦးစားမပေးပဲ အိမ်ထောင်ရေး ကို ရွေးချယ်သင့်သည်။

ရိုးရိုးအေးအေးနေထိုင်ကာ မိမိ ကို ပါရမီဖြည့်ပေးသော အိမ်ထောင်ဖက်နှင့် အိမ်ထောင်ပြုရတတ်၏။ ထိုကဲ့သို့ ရိုးရိုးအေးအေးနေခြင်း ကိုပင် မိမိ က စိတ်တိုင်းမကျ ဖြစ်နေတတ်သေးသည်။ မည်သို့ပင်ဖြစ်စေ တူရာသီဖွားတို့သည် အိမ်ထောင်ဖက် ၏ ကံကြောင့် ကြီးပွား ချမ်းသာတတ်၏။ အိမ်ထောင်ရေး သုခ ကို ရရှိတတ်ကြ ၏။ 

အိမ်ထောင်ပြုသောအခါ ကရကဋ် ရာသီဖွားများကို ရှောင်သင့်၏။ ကျန် ရာသီဖွားများနှင့် သင့်တင့် မျှတမှု ရှိ၍ လက်တွဲနိုင်သည် ။ အထူး သတိပြုရန်မှာ တူ ရာသီဖွားတို့သည် ဘာသာရေး ပါရမီ ဓာတ်ခံ အားကောင်း၏။ လောကီ ပညာနှင့် စာပေ တို့တွင် ပါရမီ ရင့်သန်၏။ ဂါထာမန္တန် အထူး စွမ်းတတ်ကြ၏။ သမာဓိ ရှိ၏။ ငြိမ်းချမ်း မှု ကို အထူး လိုလား၏။ 

ထို့ကြောင့် ထို စာပေ ဗဟုသုတ ကိစ္စ၊ ဘာသာရေး ခံယူချက် များနှင့် အချစ်ရေး အိမ်ထောင်ရေး တည်ဆောက်မှုတို့ အစွန်း မရောက်သေးဘဲ မျှတစွာ နေထိုင်လျှောက်လှမ်းသွားနိုင်ရန် အထူးလိုအပ်ပေသည်။



တူ ရာသီဖွား တို့၏ ကျန်းမာရေး အနေအထားများ


တူ ရာသီဖွားတို့သည် ကျန်းမာရေးနှင့် ပတ်သက်၍ ခါးနေရာ တစ်ဝိုက် အလွန်ပျော့သည်။ အမြဲတမ်း ခါးနှင့် ပတ်သက်၍ ဂရုစိုက်ရမည်။ ခါးကိုက်၊ ခါးနာ၊ ခါးညောင်း ဝေဒနာများ မကြာခဏဖြစ်တတ်၏။ အစာအိမ် အူလမ်းကြောင်းနှင့် ပတ်သက် ၍ အစာမကြေခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းဖြစ်တတ်၍ အစားအသောက်အမြဲသတိရှိပါ။

ဝမ်း ကို ဂရုစိုက်ပါ။ ၀မ်းချုပ်၊ ၀မ်းပျက်၊ ၀မ်းကိုက် တို့ဖြစ်တတ်၏။ ထို့ပြင် လည်ချောင်း၊ နှာစေး၊ အာသီးရောင်ြ ခင်း တို့လည်း ဖြစ်တတ်၍ အအေးမခံသင့်။ လေအေးစက် သိပ် မသုံးသင့်ပါ။ အထူးသဖြင့် တူရာသီဖွား အမျိုးသမီးများ ရင်သားတွင် အနာဖြစ်တတ်၏။


ကန် ရာသီဖွားများ အတွက်




ကန် ရာသီဖွားများ အတွက် ဘ၀ တစ်သက်စာ ဟောစာတမ်း

( သြဂုတ် ၂၄ ရက် မှ စက်တင်ဘာ ၂၂ ရက် အတွင်း မွေးဖွားသူများ ) (တော်သလင်းလ ဖွားများ)



ကန်ရာသီ သည် ရာသီ စက်ဝန်းတွင် ဆဋ္ဌမမြောက် ရာသီဖြစ်သည်။ ထို ရာသီခွင် အပိုင်း အခြား ကောင်း ကင်ရှိ ကြယ်များ၏ ပုံသဏ္ဍာန်မှာ စပါးနှံနှင့်လေးမြှားအစုံ ကို ကိုင်ဆောင် ထားသော အပျိုစင် တစ်ဦးပုံ
ပေါ်ထွန်းနေပေသည်။ ဓာတ်သဘာဝ အားဖြင့် ပထ၀ီဓါတ် (မြေဓါတ်) ကိုဆောင်ထားသည်။ ဗုဒ္ဓဟူးဂြိုလ် ပိုင်စိုးထားသော ရာသီခွင်ဖြစ်သည်။

ဓာတ်မ သဘာဝ ဆောင်သည်။ ဒွေးဒေဟ ရာသီခွင်ဖြစ်သည်။ (၅) ဂဏန်း သင်္ချာ စိုးမိုးသည်။ နှစ်စဉ် သြဂုတ် (၂၄) ရက်မှ စက်တင်ဘာလ (၂၂) ရက် ကြားတွင်မွေးဖွားသူများသည် ကန် ရာသီဖွားများပင်ဖြစ်သည်။

ထို့ပြင် မြန်မာလ တော်သလင်းလ တွင်မွေးဖွားသူများသည်လည်း ကန် ရာသီဖွားများ ဟု သတ်မှတ်ကာ အောက်ပါ ဘ၀ဖြစ်စဉ်၊ အကျင့်စရိုက်၊ အဆောင်၊ အရောင် တို့ကို လိုက်နာ သုံးစွဲသွားနိုင်ပေသည်။



ကန် ရာသီဖွား တို့၏ ပင်ကိုယ် သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ



ကန် ရာသီဖွားများ သည် ပင်ကိုယ် သဘာဝ အားဖြင့် အတွေးအခေါ် ဉာဏ်ပညာ ထက်မြက်သော်လည်း
စိတ်မငြိမ် စိတ်မြန်လွန်းတတ်၏။ ၎င်း အချက်ကို သတိပြုသင့်၏။

ကန် ရာသီဖွားများသည် အသိ ဉာဏ်ပညာ ထက်မြက်သူများဖြစ်ပေသည်။ စိတ် ခံစားချက် ပြင်းထန် သူမျာြး ဖစ်ပေသည်။ အစစ အရာရာ စဉ်းစားပြီးပြုမူ၊ နေထိုင် လုပ်ကိုင်တတ်ကြသည်။ ဘ၀တွင် လူချစ် လူခင် များသည်။ စန်းပွင့်သည်။ ဘ၀တွင် ရွှေမရှား ငွေမရှား နေရတတ်သည်။ အနုပညာ ၀ါသနာကြီးသည်။

မိတ်ဆွေ အပေါင်းအသင်း တို့ကို ခင်မင် တွယ်တာတတ်သည်။ လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်း ကမ်းဘောင်တွေကို အလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။

စိတ်ထိခိုက် လွယ်သည်။ တဇွတ်ထိုး လုပ်ချင်တတ်သည်။ ဘယ် အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သော နှလုံးသား ပိုင်ရှင်များဖြစ်သည်။ သို့သော်နှလုံးသား ခံစားချက်ကို ဦးစားပေးလွန်းသည်။


 ငွေကြေး မှ အစ အခွင့်အလမ်းကို မကြည့် စိတ်ခံစားချက်ကိုသာ အဓိက ထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။ ကိုယ် ယုံကြည်ရာကို ရဲရဲ ဆုံးဖြတ်လုပ်ကိုင်တတ်သည်။ သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ် ဆန္ဒစောသည်။

ကြာရှည်စောင့်ဆိုင်း လုပ်ကိုင်နေခြင်းမျိုး ကို စိတ်မရှည်ကြသူများဖြစ်သည် ။ ကန် ရာသီဖွားတို့သည် ဉာဏ် ပညာ အမြင့်မားဆုံး၊ အထူးချွန်ဆုံး သူများဖြစ်သည်။ (၁၂) ရာသီဖွား တို့တွင် ကန် ရာသီဖွားများ သည် ညာဏ် ပညာတွင်  ထိပ်ဆုံး  ကဖြစ်သည်။ 

ဖြတ်ထိုးဉာဏ် အလွန်ကောင်းသည်။ အပြင်ပန်း ဘာသိ ဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။
ထိုးထွင်းဉာဏ်ကောင်းသည်။ ဘာသာ စကားနှင့် စာပေ အသိပညာ တို့တွင် အတိတ်ဘ၀ ပါရမီ ထူးသူများဖြစ်သည်။

ကန် ရာသီဖွားများသည် ထက်မြက်သော ဉာဏ်ပညာ ကို စနစ်တစ်ကျ ကြိုးစား အသုံးချသွားပါက ဘ၀တွင်ထိပ်ဆုံးသို့ ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြ သူများဖြစ်သည်။

ကိုယ့်အစွမ်းအစကို သိဖို့၊ ကြိုးစားဖို့တော့ လိုသည် ။ ကန်ရာသီဖွားတို့သည် ရိုးရိုးနှင့် တည်တည်ကြည် ကြည်ပြောဆို လုပ်ကိုင်တတ်ကြသည်။ ထို အသွင်သဏ္ဍာန်ကပင် ထူးခြားနေတတ်သည်။ ကန် ရာသီဖွားတို့သည် ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ ထို့အပြင် ငွေအသုံးအစွဲ စည်းကမ်းကောင်းသည်။ လောင်းကစားကို ၀ါသနာ သိပ်မပါတတ်ကြပါ။ သို့သော် စွန့်စားဝံ့ စွန့်စားရဲ တတ်ကြသည်။

ဆုံးဖြတ်ပြီးက ပုံအောပြီး လုပ်ဝံ့ကြသည်။ ငွေကို အထူးချွေတာ သုံးစွဲ တတ်ကြသည်။ ထို့အတူ ကန်ရာသီဖွား တို့သည် အလုပ်တွင်လည်း စည်းစနစ် ကောင်းကြသည်။ သူတစ်ပါး စိတ်မ၀င်စားသော အလုပ်တို့ကို စိတ် ၀င်စားတတ်ကြသည်။ ရိုးသားသူများကို ကူညီတတ်ကြသည်။  သဒ္ဓါတရားကောင်းသည်။ စိတ်ဆိုးမိက
ခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကို အလွန်မုန်းသည်။


အထူးသဖြင့် ကန် ရာသီဖွားတို့သည် ဉာဏ်ပညာ ထက်မြက်ပြီး သိလွယ် 
တတ်လွယ် တတ်ကြသည်။ စာ ဖတ်၊ စာကျက် ရာတွင်မြန်သည်။ သဘောပေါက် လွယ်သည်။ မှတ်ဉာဏ်ကောင်းသည်။  စိတ်ဝင်စားရာကို စွတ်လုပ် တတ်ကြသည်။ ဘ၀ တွင် စနစ်တစ်ကျ ကြိုးစားသွားက ထိပ်ဆုံးသို့ ရောက်တတ်သည်။


ကန် ရာသီဖွားတို့သည် အချို့ ကိစ္စများတွင် စိတ်ထက်၊ စိတ်ကြီးပြီး၊ 
မာနကြီးတတ်ကြသည်။ မဟုတ်မခံ မာနြ ဖစ်သည်။ အပြောအဆို ချိုသာသည်။ ဘာမဆို ကိုယ်တိုင် လုပ်ရမှ ကျေနပ်ကြသည်။ အစွမ်းသတ္တိရှိသည်။ အသားအရေ လှပသည်။ စိတ်ကြီးသဖြင့် ခက်ထန်သလို ထင်ရသည်။ စည်းစနစ် ကြီးသဖြင့် အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။

ကိုယ် သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများ ရှိပြီး ကိုယ့်ကို ပြန်မကြည့်တတ်ပါ။ စေတနာ များများထားက စေတနာ စော်ကားခံရတတ်သည်။ စိတ်ငြိမ်စွာ ထားပြီး ကြိုးစားကာ ကိုယ်တိုင် ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်။