Tuesday, August 21, 2018

လူမိုက်ကြီး (၁၀) ယောက်




တစ်ခါတုန်းက သူဌေးကြီး တစ်ယောက်သည် တပည့်ဖြစ်သူအား လူမိုက်ကြီး (၁၀) ယောက် အား
ရှာဖွေ၍ စာရင်းကောက်ခဲ့ရန် တာဝန်ပေးလိုက်သည် ။

တပည့်ဖြစ်သူကလည်း သူဌေးကြီး၏ တာဝန်ပေးချက်အရ စာရင်းကောက်ရန် ခရီးထွက်ခဲ့သည် ။ သူဌေးကြီး တပည့်သည် ခရီးထွက်လာရာ မြစ်တစ်ခုသို့ ရောက်လာ၏ ။

လူတစ်ယောက်သည် မြစ်ထဲမှရေများကို ခပ်ထုတ်နေသည်ကိုတွေ့ရ၏.
ဘာကြောင့် ခပ်ထုတ်နေသည်ကို သိချင်လာ၍အကြောင်းစုံကိုမေးမြန်းကြည့်သည် ။

ရွာထဲက ကျွန်တော်ကြိုက်နေတဲ့ ကွမ်းတောင်ကိုင် အလှအပလေးက မြစ်ထဲကရေတွေကုန်အောင်ခပ်ထုတ်နိုင်ရင် ကျွန်တော်ကို လက်ထပ်မယ်တဲ့..အဲဒါ သူအချစ်ကိုရအောင်ကြိုးပမ်းနေရတာဗျ ။

အင်းတော်တော် မိုက်မဲတဲ့လူပေပဲ. ....

ထိုသူနံမည် ကိုမေးမြန်း၍ လူမိုက်နံပါတ်(၁) အဖြစ် စာရင်းမှတ်လိုက်လေ၏ ။

ထိုမြစ်ကြောင်းအတိုင်း ဆက်လက် ထွက်ခွာလာရာ လူတစ်ယောက်သည် မြစ်ထဲသို့ လှေကို အခေါက်ခေါက်အခါခါ လှော်နေသည်ကို တွေ့ရပြန်သည်။ 
သူဌေးကြီး၏ တပည့်က အကြောင်းအရင်း ကိုမေးမြန်းလေ၏။

ကျုပ်သူငယ်ချင်းပေါ့ မနေ့က ကျုပ်နွားကိုငှားပြီး တစ်နေကုန် ခိုင်းလိုက်တာ နွားက ဖတ်ဖတ်ကိုမောလို့၊ 
ကျုပ်ကလဲဘယ်ရမလဲ သူလှေကို ငှားပြီး  တစ်နေလုံး အားရပါးရလှော်ပြီး လက်စားချေနေတာလေ ။


သူဌေးကြီးတပည်လည်း အံ့သြစွာဖြင့် ထိုသူ၏ နာမည်ကိုမေးပြီး လူမိုက်နံပါတ်(၂) အဖြစ် စာရင်းမှတ်လိုက်လေသည် ။

ထို့နောက် ဆက်လက်ထွက်ခွာလာခဲ့ရာ လူတစ်ယောက် သစ်ပင်ပေါ်၌ ရှိနေ၏.. သစ်ခုတ်သမားက ထိုသစ်ပင်ကို ခုတ်လှဲနေ၏ ။

ဟေ့လူ သစ်ပင်ပေါ်က ဆင်းလေဗျာ သစ်ပင် ခုတ်လှဲနေတယ်။
ကျွန်တော် သစ်ပင်ပေါ်တတ်တာ မဆင်းတတ်လို့ တွေ့တဲ့ သစ်ခုတ်သမားပြောပြီး သစ်ပင်
လှဲခိုင်းနေတာပါ ။

သစ်ပင်လဲမှ ကျွန်တော် လွယ်လွယ်ကူကူ အောက်ရောက်နိုင်မှာပါ ။

သူဌေးကြီးတပည့်လည်း အံ့သြသွားပြီး မထူးပါဘူး ဒီလူလဲ နာမည်မေးပြီး စာရင်းသွင်းလိုက်ရုံပေါ့ ။

သူဌေးကြီး တပည့်လည်း နံမည်မေးပြီး လူမိုက် နံပါတ်(၃) အဖြစ်စာရင်းမှတ်လိုက်လေသည်. ။

ဤသို့ဖြင့် ဆက်လက်ထွက်ခွာလာခဲ့ရာ တောစပ် တစ်နေရာအရောက်တွင် လူတစ်ယောက်သည် ဓားမကို ကိုင်လျှက် တွင်းဝ တစ်ခုတွင်ထိုင် နေလေသည် ။

"ဟေ့လူ ခင်ဗျား တွင်းဝထိုင်ပြီး ဘာလုပ်နေတာလဲ"

"ကျွန်တော် မြေကြွက်တစ်ကောင် လိုက်ဖမ်းနေတာပါ။ 

အခု တွင်းထဲဝင်သွားလို့ပါ. ကြွက်ထွက်လာအောင် စောင့်နေတာပါ. ထွက်လာလို့ကတော့ ဟောဒီဓားနဲ့ခုတ်သတ်ဖို့ပါပဲ.

"မထွက်လာရင်ကောဗျာ" 

"ထွက်လာမှာပါဗျာ၊ ကြွက်က တွင်းထဲမှာ ကြာကြာ ဘယ်နေနိုင်ပါမလဲ.
သူနေရ ထိုင်ရကြပ်လို့ ထွက်လာရင်တော့ အသိပဲ. ကျွန်တော်ကမြေကြွက်သား အရမ်းကြိုက်တယ်လေ..

သူဌေးကြီးတပည့်လည်း ထိုသူအားနံမည်မေးပြီး လူမိုက်နံပါတ် (၄) အဖြစ် မှတ်လိုက်လေသည် ။

လူမိုက်စာရင်းကောက်ရန် ဆက်လက်ထွက်ခွာလာရာ သူဌေးကြီး တပည့်သည် ရွာတစ်ရွာသို့ရောက်လေသည် ။

ရွာအဝင်လမ်းတွင် လူတစ်ယောက် လက်နှစ်ဖက်မြောက်လျက် ဖင်ထိုင်လျက်လဲနေသည်ကို တွေ့ရ၏ ။

ဟေ့လူ ထလေဗျာ၊ ဘာဖြစ်လို့လဲ၊ ခြေထောက် နာသွားလို့ မထနိုင်ဘူးလား.. ကျွန်တော် ထူပေးမယ်ဟုပြောပြောဆိုဆိုနှင့် ထိုလူလက်နှစ်ဖက်ကို ကိုင်လိုက်ရာ ......

အား မကိုင်နဲ့ မကိုင်နဲ့ ကျွန်တော့်ကိုထူရင် ချိုင်းကမပြီး ထူပေး ဟုပြောလေ၏ ။

သူဌေးကြီးတပည့်လည်း ထိုလူပြောသည့်အတိုင်း ချိုင်းက မပြီးထူပေးလိုက်လေ၏.
သို့သော် လက်နှစ်ဖက်က မြှောက်မြဲ အတိုင်းမြှောက်နေ၏ ။

ခင်ဗျားလက်နှစ်ဖက်က ချလို့ မရဘူးလား အကြောကပ်နေတာလား..

မဟုတ်ဘူး၊ ကျွန်တော် သေတ္တာဝယ်မလို့ မြို့ပေါ်တတ်လာတာ၊ 
အဲဒါအိမ်က သေတ္တာအဟောင်းအတိုင်းကို လက်နှစ်ဖက်နဲ့ တိုင်းလာခဲ့တာ.. မတော်တဆချော်လဲပြီး မိတ်ဆွေရောက်လာပြီး ထူပေးတာ ကျေးဇူးတင်ပါတယ်.

သူဌေးကြီး တပည့်လဲ ထိုသူနံမည်မေး၍ လူမိုက်နံပါတ်(၅) အဖြစ်သတ်မှတ်လိုက်လေသည် ။

ပြီးတော့ သူဌေးကြီးတပည့်လည်း ရွာထဲသို့ဝင်လာလေ၏..

လမ်းခရီးတွင် လူနှစ်ယောက်ငြင်းခုန်နေသည်ကိုတွေ့ရ၍ အကြောင်းစုံကိုမေးကြည့်၏.

ကျွန်တော် ကပြောတယ်၊ ငွေထုပ်ကောက်ရရင် ခရီးက အတူတူ ထွက်လာတာမို့ တစ်ယောက်တစ်ဝက် ပိုင်သင့်တယ်လို့..

မဟုတ်ဘူး မဟုတ်ဘူး ငွေထုပ်ကို အရင်တွေ့တဲ့လူက ပိုပြီးရသင့်တာပေါ့. မဟုတ်ဘူးလားဗျာ..

နေပါဦး ခင်ဗျားတို့က အဲဒီငွေထုပ်ကို ကောက်ရထားလို့လား..

"မကောက်ရပါဘူးဗျာ၊ ကောက်ရခဲ့ရင် ဆိုပြီး ငြင်းခုန်နေကြတာပါ"

ချက်ချင်းပင် ထိုသူနှစ်ယောက်၏ နံမည်များမေးပြီး စာရင်းသွင်းလိုက်၏.. 

လူမိုက်နံပါတ် (၆) နှင့် လူမိုက် နံပါတ် (၇) ဟု စာရင်းမှတ်လိုက်၏ ။

ထိုနောက် သူဌေးကြီးတပည့်လည်း အကြောင်းအရာ အဖြစ်အပျက်များနှင့် တစ်ကွ လူမိုက် (၇) ဦး၏ နာမည်စာရင်းများ ကိုပေးအပ်လိုက်လေ၏ ။

သူဌေးကြီးလည်း သူတပည့်တင်ပြသော စာရင်းအားကြည့်၍ ..
ငါကောက်ခိုင်းတာက ဆယ်ဦးကွ.. မင်းကောက်ခဲ့တာ ခုနှစ်ဦးပဲ ရှိသေးတယ် သုံးဦးလိုသေးတာပဲ..

ဆယ်ဦးပြည့်ပါတယ် သူဌေးမင်း၊ 

ကျန်တဲ့ သုံးဦးက ဘာမှအရည်မရ အဖတ်မရ ..

လူမိုက်စာရင်း ကောက်ခိုင်းတဲ့ သူဌေးမင်း နဲ့
လူမိုက်စာရင်း လိုက်ကောက်တဲ့ကျွန်တော်ရယ်.
ဘာမှ အရည်မရ အဖတ်မရ ဘာ ဗဟုသုတမှ မရှိတဲ့ ဒီပိုစ့်ကို...ဖတ်တဲ့လူရယ်
ပေါင်းလိုက်ရင် ဆယ်ဦးပြည့်တာပေါ့ သူဌေးမင်းရယ်တဲ့  ။ 

Credit  to Original Writer
Leo Tun

No comments:

Post a Comment