" အဖေ "
"သား ဆယ်တန်း ကျတယ် "
နွားစာ ကျွေးနေသော အဖေ ရုတ်တစ်ရတ် တုံ့သွားသည် ။

မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေ က
ကြားလိမ့်မည် မထင်။
အဖေ စကားတစ်လုံးမှ မပြောပဲ ကျွန်တော့်ကို စူးစိုက် ကြည့်နေသည်။

" ဟိုးမှာတွေ့လား ငါ့သား !!! "
ဓား ၂ ချောင်းဆီ ကျတော့် ကိုညွှန်ပြသည် ။
(စကား လမ်းလွှဲလိုက်သည်ဟု ကျွန်တော် ထင်သည်)
" လှည်းပေါ်တင်ကွာ အဖေနဲ့ လယ်တော ခဏလိုက်ခဲ့ အင်္ကျီ ထူထူ ယူခဲ့ "

နွားညိုသိုးကြီး ၂ကောင်ကို ဆွဲသွားပြီး အဖေ နွားလှည်း တပ်နေပြီ ။ ကျွန်တော် အဖေ့နောက်မှ
ဝင်ထိုင်လိုက်သည်။ (အတွေးထဲ ကျောင်းများ ထုတ်လိုက်မည်လား ဟု ထင်ခဲ့)

လယ်တောရောက်တော့ အဖေ ကျွန်တော့်ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်းသည် ။ ကျွန်တော်
အူကြောင်ကြောင်ဖြစ်သွားတယ်။ အဖေ ငါ့ကို တစ်ကယ်များ ကျောင်းထုတ်လိုက်ပြီလား.... ?

ကျွန်တော့်ကို တစ်ခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေ က ဒီလို လုပ်တော့ အံ့သြသွားမိတာပေါ့......
ကျတော် နွားကို ရိုက်လိုက်သည်။ လယ်ထဲကို သုံးပတ်လောက် ပတ်မိတဲ့ အချိန် ခြေဖဝါးတွေက
သွေးခြည် ဥ လာတယ်။
နေပူတဲ့ ဒဏ်ကြောင့် ချွေးတစ်လုံးလုံး နဲ့ ပန်ပင်းတဲ့ဒဏ် ကို မခံစားနိုင် တော့ဘဲ ကျွန်တော်
ယိုင်ကျသွားသည်။

"ငါ့သား ......
အဖေတို့ မင်းလို ပညာ မသင်ခဲ့ရဘူး ။ ပညာ ဆိုလို့ ၄ တန်းပဲ အောင်ခဲ့တာ ။
မင်းကို ကျောင်းထားတယ် ဆိုတာ အဖေတို့လို ပန်းပင်းမှာစိုးလို့......
ငါ့သားသမီးတွေ ငါ့လို မဖြစ်ရလေအောင် ဆိုပြီး အဖေတို့ မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်းထား
ပြီး စာသင်ခိုင်းခဲ့တာ.....အဖေတို့ မင်းဆီက ဘာမှ မျော်လင့်ချက် မရှိဘူး ငါ့သားသမီး ငါ့လို ပင်ပင် ပန်းပန်း
နဲ့ မလုပ်စားစေချင်လို့...... နောင်တစ်ချိန်မှာ မင်းဘ၀လေး သာယာလှပဖို့.............
(ပြေားရင်းနဲ့ အဖေ့ အသံက ငိုသံ ပါသလိုလို ခံစားရတယ် )

ကျွန်တော့် နောင်တနဲ့ အတူ မျက်ရည်တွေ ကျလာခဲ့သည် ။ (စာမကျက်မိသည်များကို) ...
ဟိုးအဝေး က အမေ တစ်လူပ်လူပ်နဲ့ ထမင်းထောင်းကို ရွက်လာတာ မြင်နေမိသည်။
အဖေ့ကို ထာဝစဉ် လေးစားလျက်.....
# Yatu Zay
No comments:
Post a Comment