အို---သခင်
ငါ့ နို့ရည် ကိုသောက်ပြီး
ငါ့ကို မိခင် အဖြစ်
သဘော မထားနိုင်ဘူးလား ?
အို---သခင်
ငါ ပင်ပင် ပန်းပန်း ရှာကျွေးတာကိုစား
ငါ့ကို ဖခင် အဖြစ်ရော
သဘော မထားနိုင်ဘူးလား ?
အို---သခင်
ဒိုးတူဘောင်ဘက် ငါတို့ လုပ်ကိုင် ခဲ့ကြတာ
ငါ့ကို လုပ်ဖော် ကိုင်ဖက် လို့ရော
သဘော မထားနိုင်ဘူးလား ?
အို---သခင်
ဘီးတွေကို တပ်
ငါတို့ ခရီးအတူ ထွက်ခဲ့ကြတာ
ငါ့ကို ခရီးသွားဖော် အဖြစ်ရော
သဘော မထားနိုင်ဘူးလား ?










