ကျနော်တို့အဖေတို့ ၊ ဦးကြီး ဦးလေးတို့ခေတ်က ရွှေသွားစိုက်တာ ခေတ်စားပါတယ် ။ ခုခေတ် ကိုယ်ပေါ်မှာ ဆေးမင်ကြောင် ထိုးတာ ခေတ်စားသလိုမျိုးနဲ့ တူပါတယ် ။
အသက် ၃၀ တန်း လူငယ်တွေတော့ ရွှေသွားနဲ့ ရှေးအဖိုးကြီးတွေကို မြင်ဖူးတော့မှာ မဟုတ်ဘူး ။ ရွှေသွား စိန်ကြီးတွေ ခုရှိသေးရင် အသက် ၉၀ တန်းလောက် ဖြစ်လိမ့်မယ် ထင်တယ် ။
မန္တလေးမှာလည်း ရွှေသွား တစ်ခေတ် ရှိခဲ့ပါတယ် ။ ဒါပေမယ့် အကြောင်းတစ်စုံတစ်ခုကြောင့် မန်းသားကြီးတွေ ရွှေသွားနဲ့ စတိုင်ထုတ်ဖို့ စတွန့်သွားကာ ရွှေသွား ဓလေ့တောင် မှေးမှိန်သွားခဲ့ပါတယ် ။
မန္တလေးမှာ ကိုလိုနီခေတ်က ရတနာပုံ ဆီစက် သူဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ် ။ သူက ဒါးတန်း ဦးသန့် ဦးလေးတော်စပ်တာကြောင့် သင်္ကြန်မိုး ရုပ်ရှင်ထုတ်လုပ်တဲ့ ကိုဇော်မြင့်ရဲ့ ဘကြီးလည်း ဖြစ်ပါတယ် ။
ဦးသိန်းဟာ မန္တလေးရဲ့ ဆီဘုရင်ပါ ။ ဒါ့ကြောင့် တစ်မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ် ) ဆီသိန်း လို့ လုပ်ငန်းနဲ့တွဲကာ ချ စ်စနိုး ခေါ်ကြပါတယ် ။
သူက ဒိတ်ဒိတ်ကြဲ လူချ မ်းသာပေမယ့် မာန်မာန မရှိဘူး ။ပျော်ပျော်ပါးပါး နေတတ်တယ် ။ အကူအညီတောင်းလာရင်လည်း လူတန်းစားမရွေး ကူညီတတ်သူ ။
ဦးသိန်း က မြင်းမွေး ဝါသနာပါတယ် ။ ခွေးမွေး ဖို့လည်း ဝါသနာပါတယ် ။ နိုင်ငံခြား ခွေးမျိုးတွေလည်း တစ်ကူး တစ်က မှာပြီး မွေးတတ်တယ် ။
သူ့ခေတ်က ရှားရှားပါးပါး bull dog ဆိုတဲ့ ရုပ်ဆိုးဆိုး ခွေးဘီလူး မျိုးကိုလည်း သူမွေးတာပဲ ။ ခွေးဘီလူးဆိုတဲ့အတိုင်း အလွန် အရုပ်ဆိုး ၊ အကျ ည်းတန်တဲ့ ခွေးတွေပေါ့ ။
သူ့ခေတ်က ရှားရှားပါးပါး bull dog ဆိုတဲ့ ရုပ်ဆိုးဆိုး ခွေးဘီလူး မျိုးကိုလည်း သူမွေးတာပဲ ။ ခွေးဘီလူးဆိုတဲ့အတိုင်း အလွန် အရုပ်ဆိုး ၊ အကျ ည်းတန်တဲ့ ခွေးတွေပေါ့ ။
တစ်နေ့မှာ အဲသည်ခွေးဘီလူး သွားမကောင်းတာနဲ့ သွားကို ရွှေကွပ်ပေးလိုက်တယ် ။ သူအပြင်သွားရင် ကားပေါ် ခွေးဘီလူး တင်သွားတယ် ။ ရွှေသွား တစ်ဝင်းဝင်းနဲ့ ရုပ်ဆိုးဆိုး ခွေးကြီးကို မန်းသူ မန်းသားတွေ တစ်အံ့ တစ်သြ မြင်တွေ့ရတယ် ။
အဲသည်နောက် ရွှေသွားနဲ့ လူကို ဆီသိန်းခွေး လို့ အလွယ်ခေါ်လိုက်ကြတယ် ။ ရွှေသွားပိုင်ရှင်တွေ ရှက်ပြီး ရွှေသွားစိုက် ဓလေ့လည်း ဒါနဲ့ပဲ ကွယ်ပျောက်သွားတော့တာပဲတဲ့ ။
ref : မန္တလေးသူ မန္တလေးသားများ ( လူထုဒေါ်အမာ )
8.12.2017
No comments:
Post a Comment